မန္တလေးမြို့တွင် လူဦးရေပေါင်း ၁၃၀၉၄၁၈ ဦးရှိသည့်အပြင် မန္တလေးမြို့ပေါ်မှ မော်တော်ယာဉ်ပေါင်း ၂၂၈၄၅၇ စီးနှင့် ဆိုင်ကယ်ယာဉ်ပေါင်း ၁၁၆၂၄၁၃ စီး၊ သုံးဘီးယာဉ်ပေါင်း ၂၇၇၇၇ စီး ထော်လာဂျီ ယာဉ်ပေါင်း ၂၁၃၀၈ စီးရှိပါကြောင်း၊ မီးရထားလမ်းနှင့် မန္တလေးဘူတာကြီးသည် မြို့လယ်တွင် ကန့်လန့်ဖြတ် တည်ရှိနေသည့်အတွက် ၄၂ လမ်းနှင့် ၃၅ လမ်းများသည် ကုန်းကျော်တံတား ဖောက်လုပ်ပြီး လမ်းပိတ်ဆို့မှုကို ဖြေရှင်းခဲ့ပါကြောင်း၊ မြို့၏တောင်ဘက်ခြမ်းရှိ အရှေ့နောက် လမ်းများဖြစ်သည့် ၄၂ လမ်းမှ ၃၅ လမ်းအတွင်းရှိ လမ်းများသည် ရထားဖြတ်သန်းချိန်တွင် ဂိတ်တံခါး အဖွင့်/အပိတ်လုပ်ပြီး အရှေ့အနောက်ဖြတ်သန်း သွားလာခွင့်ရသော်လည်း ဘူတာမြောက်ဘက် ခြမ်းတွင် ကျုံးမြို့ရိုးကြီးရှိသည့်အတွက် တစ်ခုတည်းသော သွားလာနိုင်သည့်လမ်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်းလမ်းဟု အမည်တွင်သည့် ၂၆(B) လမ်း တစ်လမ်းကိုသာ အသုံးပြုကြပါကြောင်း၊
ထို့ကြောင့် ၂၆(B) လမ်းနှင့် လမ်း၈၀ကြား ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပါကြောင်း၊ ၃၅ လမ်း ကုန်းကျော်တွင် စက်ဘီးများ၊ ဆိုင်ကယ်များ၊ သုံးဘီးများ ဖြတ်သန်းခွင့်မရှိပါကြောင်း၊ ယခုလို ယာဉ်ကြောပိတ်ဆို့ခြင်း များသည့်အတွက် ဆိုင်ကယ်များဖြတ်သန်းသွားလာခြင်း ဖြစ်ပါကြောင်း၊ ၂၇ လမ်း တစ်ခုတည်း စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီး၊ ထော်လာဂျီ၊ ကားများ ဖြတ်သန်းခွင့်ရသည့်အတွက် နေ့စဉ်ကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေသည့်အခက်အခဲကို ပြေလည်ရန်အတွက် မန္တလေးစည်ပင်သာယာရေး ကော်မတီနှင့် မန္တလေးမီးရထားဌာနတို့ ပူးပေါင်းပြီး ၇၈ လမ်းမှ ၇၉ လမ်း အထိ ၂၇ လမ်းသစ်ကို တောက်လျောက်သွယ်တန်း ဖောက်လုပ်ရန် ညှိနှိုင်းဆောင်ရွက် နေသည့်သတင်းကို မန္တလေးမြို့သူ/မြို့သားများအတွက် ဝမ်းသာစရာသတင်းကောင်းဖြစ်သော်လည်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနဘက်မှ အသစ်သွယ်တန်းဖောက်လုပ်မည့် ၂၇ လမ်းကို Road အဖြစ် ဖောက်လုပ်ခွင့်မပြုဘဲ ကုန်းကျော်တံတား R.O.B အဖြစ်နှင့်သာ ခွင့်ပြုမည်ဆိုသည့် သတင်းကြောင့် ပြည်သူများ စိတ်မသက်သာဖြစ်ရပါကြောင်း၊ R.O.B ဖောက်ပါက စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီး၊ ထော်လာဂျီယာဉ်များ ဖြတ်သန်းခွင့်မရှိသည့်အတွက် ၂၆ (ဘီ) လမ်းတွင် လမ်းပိတ်ဆို့မှုသည် ယခုထက် ပိုမိုဆိုးရွားလာနိုင်ခြင်းဖြစ်ပါကြောင်း၊ R.O.B ဖြင့် အသုံးပြုမည်ဆိုပါက ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနဘက်ရော၊ မန္တလေးစည်ပင်သာယာရေး ကော်မတီဘက်မှရော၊ ဘဏ္ဍာငွေအကုန်အကျများမည် ဖြစ်သကဲ့သို့ ၂၆ (ဘီ) လမ်းနှင့် ကပ်နေသည့် ခုံးကျော်တံတား ဖောက်ပါကလည်း ပြည်သူအများ၏ ကဲ့ရဲ့ပစ်တင်မှုကို ခံရမည်ဖြစ်သည့်အပြင် ပြီးခဲ့သည့် အစိုးရလက်ထက်ကတည်းက ၂၇ လမ်းနှင့်ကပ်လျက်ရှိသည့် ၂၈ လမ်းကို ကုန်းကျော်တံတားအဖြစ် ဖောက်လုပ်ရန် စီမံချက်ချထားသည်ကို သိရှိရပါကြောင်း၊
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မီးရထားလမ်းများသည် ရှန်တိန်ပြုလုပ်ပါက ၂၇ လမ်းနှင့် မလွတ်ကင်းသည့်အတွက်ကြောင့် ယာဉ်အန္တရာယ် ထိခိုက်မည် စိုးရိမ်ခြင်းကြောင့် မန္တလေးဘူတာကြီးက မီးရထား ၁၇ စီးသာ နေ့စဉ်အဝင်/အထွက်ပြုလုပ်နေပါကြောင်း၊ ၎င်းမီးရထားထဲတွင် တွဲဆိုင်း (၁၂) တွဲ ရထားများ ရှန်တိန်လုပ်ပါ က ၂၇ လမ်းထိမရောက်ဘဲ (၁၂) တွဲ အထက်ပြုလုပ်ပါက ၂၇ လမ်းအထိရောက်မည် ဖြစ်ပါကြောင်း၊ ထိုအချက်ကို ရှန်တိန်လုပ်ချိန်တွင် ဂိတ်တံခါးပိတ်ထားပြီး မူလလမ်းဟောင်းအတိုင်း သွားလာအသုံးပြုမည် ဖြစ်သည့်အပြင် ၆၅ ပေရှိ ၂၇ လမ်းကို မီးရထားပါဆယ် (၂) ယာဒ်ဝင်းကို ဖြတ်ဖောက်ပါက ဝန်းအတွင်းရှိ အဆောက်အအုံအချို့ ဖြတ်သိမ်းရမည်ဖြစ်ပါကြောင်း၊ ၎င်းကိုလည်း ဆောက်လုပ်ရေးကုမ္ပဏီ၊ မီးရထားဌာနနှင့် စည်ပင်သာယာတို့က ညှိနှိုင်းထားရှိပြီး ပြေလည်လုနီးပါး ရရှိနေပါကြောင်း၊
သို့ဖြစ်ပါ၍ မန္တလေးမြို့ကြီး ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုပြေလည် စေရေးတို့အတွက် အကုန်အကျသက်သက်သာသာနှင့် ဖောက်လုပ်မည့် ၂၇ လမ်းသစ်ကို ၇၈ လမ်းမှ ၇၉ လမ်းထိ မီးရထားပါဆယ် (၂) ယာဒ်ဝင်းမှ ဖြတ်သန်းဖောက်လုပ်ခွင့် ပြုပါရန် မန္တလေးမြို့သူမြို့သားများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးဘူတာကြီး၏ အပေါ်ကနေ ဖြတ်သန်းသွားနိုင်သော လမ်း (၃၀) တွင်ရှိသည့် အသွားလမ်း၊ အပြန်လမ်းရှိသော ကုန်းကျော်ရှိပါကြောင်း၊ ကိုယ်စားလှယ်ကြီး တင်ပြသွားသော လွန်ခဲ့သည့် သုံးနှစ်လောက်က စဉ်းစားခဲ့သော ကုန်းကျော်ဖြစ်ပါကြောင်း၊ ထို ၂၈ လမ်းနှင့် ၃၂ လမ်းတွင် ဆောက်မည်ဆိုပြီး စဉ်းစားထားသည့် ကိစ္စဖြစ်ပါကြောင်း၊ တင်ပြသွားသည့်အတိုင်း ပါဆယ်ရုံကို ဖျက်ရမည်ဖြစ်သည့်အပြင် ဝန်ထမ်းအိမ်ရာနှင့် တချို့ရုံးလေးခုလည်းဖျက်ရမည် ဖြစ်ပါကြောင်း၊ လက်ရှိ ဖြတ်သန်းနေသည့် လမ်း ၂၅ ပေကျယ်ပါကြောင်း၊ ကားအစီးပေါင်း ၁၀၀၀ ကျော်ခန့် နေ့စဉ်ဖြတ်ပါကြောင်း၊ ၎င်းလမ်းအောက်မှ ၇၈ လမ်းဘက်ကနေ အပေါ် ၇၉ လမ်း ဘက်ကို သွားရန်အတွက် တည့်တည့်ဖြတ်သည့်အခါ ရထားလမ်းသုံးလမ်းကို ဖြတ်သန်းသွားမည် ဖြစ်ပါကြောင်း၊ ရထားလမ်းသုံးလမ်းကို ဖြတ်သန်းသွားသည့်အခါ ရထားလမ်းအဝင် ၁၆ စင်း၊ အထွက် ၁၆ စင်းနှင့် ပါဆယ်ရထား ရှိပါကြောင်း၊ ထို့နောက် လူစီးရထားများအတွက် စက်ခေါင်းချိန်တွင် အဝင်ရထားအတွက် စက်ခေါင်းပတ်ပြီး စက်ခေါင်းစက်ရုံကိုပြန်ရခြင်း၊ ပြန်ရသည့်အခါ လမ်းအားလပ်မှုအပေါ် မူတည်ပြီး ၎င်းလမ်းကို ဖြတ်သန်းခြင်း/မဖြတ်သန်းခြင်း ရှိပါကြောင်း၊ မော်တော်ကားလမ်းများကို Net Drive ကို ကောင်းအောင်လုပ်ခြင်း ချဲ့ခြင်းများလုပ်ခြင်းကြောင့် ကျေးရွာချင်းဆက်များ၊ မြို့နယ်ချင်းဆက်များ လုပ်ကြသည့်ခါ ရထားလမ်းကို ဂရုမစိုက်ဘဲ မထီမဲ့မြင်ပြုပါကြောင်း၊ ယခုလိုကိစ္စမျိုးများ ဖြစ်လာသည့်အတွက်ကြောင့် တရားမဝင်သော ကားလမ်းကူးများ မြေအညီကို Level ဖြတ်သော Level Crossing များကို ဖျက်သိမ်းရေးအတွက် ဆောင်ရွက်ခွင့်ပြုပါရန်ဆိုပြီး သမ္မတရုံးကနေပြီး ဆောင်ရွက်ခွင့်ပေးထားပါကြောင်း၊ ယခုလိုအချိန်တွင် မိမိတို့ဘက်မှ ၂၇ လမ်းကို ဖျက်လိုက်သည့်အခါ ကားတန်းကြီးများ၊ ယာဉ်တန်းကြီးများ မီးပွိုင့်တွင် ပိတ်နေခဲ့လျှင် ပိုမိုဆိုးသွားနိုင်ပါကြောင်း၊ ထို့ကြောင့် ဖြတ်သန်းခွင့် Level Crossing မပေးနိုင်ပါကြောင်း၊ ၂၈ လမ်းကို ခုံးကျော်လုပ်မည်ဆိုပါက မိမိတို့ထောက်ခံပါကြောင်း၊ ထို့နောက် မန္တလေး-မြစ်ကြီးနားတွင် ပါဆယ်ရထားရှိပါကြောင်း၊ ပါဆယ်မှာ ကုန်တွဲလုံးပြည့်များသည် ၎င်းတို့ထဲတွင်တင်ခြင်း ဖြစ်ပါကြောင်း၊ မည်သည့်နိုင်ငံမှလည်း ယာဒ်ဝင်းထဲကို Level Crossing ဖြတ်သည့် ဘူတာတစ်ဘူတာမှ မရှိပါကြောင်း၊
နောက်တစ်ချက်ဖြစ်သည့် မန္တလေးဘူတာအပေါ်မှ ဖြတ်သည့်ကိစ္စတွင် မိမိပိုက်ဆံမကောက်ဘဲ Threw သွားသည့်ကားများ၊ Threw သွားသည့်ယာဉ်များကို Threw အခမဲ့ပေးလိုက်လျှင် လမ်း ၃၀ ၂၇ နှင့် ၃၀ သည် ကွာဝေးသွားခြင်းမျိုး အရှိပါကြောင်း၊ သိန်း ၁၆၅၀ ခန့် မီးရထား၏ နှစ်စဉ် အခွန်တော် ဝင်ငွေလျော့သွား နိုင်ပါကြောင်း၊ ထို့ကြောင့် မိမိဘက်မှ အားလုံးတတ်နိုင်သမျှ မည်ကဲ့သို့ ကောင်းအောင်ပြုလုပ်ရမည်ကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည့်အကြောင်းနှင့် Level Crossing လုပ်ခြင်းကို လုံးဝသဘောမတူပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမျိုးနိုင် (ချမ်းအေးသာစံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မန္တလေးသူ မန္တလေးသားများသည် ၄၂ လမ်းမှ ၃၅ လမ်းအထိ ဧရိယာများတွင် ဂိတ်တံတားများဖြင့် ဖြတ်သန်းနေသည်မှာ ကြာမြင့်ပြီဖြစ်ပါကြောင်း၊ ၎င်းနေရာလေးမှ ဖြတ်သန်းရန် ဧရိယာတွင် ရထားများအတွက် အခက်အခဲဖြစ်လာနိုင်မည် ဆိုသည့်ကိစ္စသည် ပြဿနာရှိသည့်ကိစ္စဟု မထင်မိပါကြောင်း၊ ထို့ကြောင့် မိမိတို့ဘက်မှ သေချာလုပ်ပြီး ပြေလည်အောင် မန္တလေးစည်ပင်သာယာရေး ကော်မတီ၊ မန္တလေးမီးရထားဌာနများနှင့် စီစဉ်ဆောင်ရွက်ပြီးသား ဖြစ်ပါကြောင်း၊ သို့သော်လည်း တချို့အိမ်ယာဖျက်ရန် ကိစ္စများတွင် အနှောက်အယှက် ကန့်ကွက်ခြင်းများ ရှိနေသည့်အတွက် ယခုလို ဖြေကြားသည်ဟု ထင်မြင်မိပါကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးရန် ထပ်မံပြီးတိုက်တွန်းလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်
မိမိရှင်းပြချင်သည်မှာ ဘူတာများသည်များသောအားဖြင့် မြို့ထဲတွင် တည်ဆောက်ထားခြင်းမျိုးများ ဖြစ်နေကြပါကြောင်း၊ ထို့ကြောင့် Automatic ဂိတ်တံတားများ၊ အချက်ပြစနစ်များတပ်ဆင်ရန်လည်း မိမိတို့ လုပ်နေပါကြောင်း၊ ၄၂ လမ်းနှင့် ၃၅ လမ်း ကြားထဲက Threw ဖြတ်သည့်ရထားများ ဒါကယာဒ်ဝင်းကြီးပါ။ လုံးဝတွေးတာချင်းမတူသည့်အတွက် ဒါလေးကို သည်းခံပေးပါ။ ဘာလို့လဲဆိုတော့ မြို့ထဲကို တမ်းရောက်သော၊ အဲဒီမှာလည်းပဲ မန္တလေး၏ Urban Transport Plan။ ခုနတုန်းက Town Plan လုပ်သည့်အခါ Urban Transport Plan က တစ်ခါတည်းပါရမှာပါ။ ခုနတုန်းက ADP လည်း လုပ်ပြီးပါပြီ။ JACA လည်းလုပ်ပြီးပြီ။ အဲဒီအခါမှာ ဒီလိုလုပ်ရမည်ဆိုသည့် Record mentation များ မပါပါကြောင်း၊ ကျွန်တော် တို့ဟာ သေသေချာချာ ၁.၃ သန်းဆိုလျှင် နည်းနည်းစဉ်းစားသင့်ပါကြောင်း၊ လူဦးရေ နှစ်သန်းရှိသည့်မြို့ဆိုလျှင် Urban Transport Plan သည် သေသေချာချာ ကောင်းကောင်းရှိရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုရီးယား ကိုယေကာလာတော့ အဲဒီကိုယေကာ Team တစ်ခုကို မန္တလေးကို ရန်ကုန်မှာလုပ်သကဲ့သို့ မန္တလေးတွင်လည်း Transport Master Plan လုပ်ပေးပါ၊ အဲဒီမှာ Transport အတွက် မည်ကဲ့သို့ Way System လုပ်သင့်သနည်း၊ လေ့လာပေးရန်အတွက် Workshop လေးလုပ်ခဲ့ပါကြောင်း၊ အကြမ်းဖျင်း စေ့စပ် သေချာသည့် ဟာတစ်ခုလုပ်ရန် ဆောင်ရွက်နေပါသည်ဆိုသည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။
