|
အမည် |
ဦးမျိုးနိုင် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၉/မရမ(နိုင်)၀၂၁၃၁၇ |
|
မွေးသက္ကရာဇ်/အသက် |
၆-၆-၁၉၆၁/(၅၄)နှစ် |
|
မွေးဖွားရာဇာတိ |
မန္တလေး |
|
ပညာအရည်အချင်း |
B.Sc(Physics) |
|
လက်ရှိအလုပ်အကိုင် |
စာအုပ်ငှားရမ်းရေး |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးစံအေး၊ AE-၁၁၃၆၀၀၊ (ကွယ်လွန်)စံအေးဘရားသားဆံသ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သန်းတင်၊ AE-၁၁၃၆၀၁၊ (ကွယ်လွန်)မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဆန်းမြ၊ ၉/မရမ(နိုင်)၀၂၁၃၁၈၊“ဆည်းလည်းအိမ်” ကလေးအသုံးအဆောင်စတိုး |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဒေါက်တာသူရိန်နိုင် (၂) မထက်စုစံ၊ ကျောင်းသူ (၃) မရတီစံ၊ ကျောင်းသူ |
|
အမြဲတမ်းနေရပ်လိပ်စာ |
မ(၁၂၆)၊ ၇၃ လမ်း၊ ၂၉ x ၃၀ လမ်းကြား၊ အကွက်(၇၁၅)၊ စိတ္တမဟီရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ ရပ်ကွက်အလုပ်အမှုဆောင်အဖွဲ့၊ စိတ္တမဟီရပ်၊ မန္တလေးမြို့ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ချမ်းအေးသာဇံမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အခြေခံပညာကို မန္တလေးမြို့ အ.ထ.က(၉)တွင် သင်ယူခဲ့သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ မန္တလေးဒေသကောလိပ်နှင့် မန္တလေးဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တို့တွင် တက်ရောက်သင်ကြားခဲ့ပြီး B.Sc(Physics)ဘွဲ့ရရှိခဲ့သည်။ NLD ပါတီ စတင်တည်ထောင်ချိန် ၁၉၈၈ ခုနှစ်မှစ၍ ယနေ့အချိန်အထိ နိုင်ငံရေးတာဝန်အဆင့်ဆင့်ကို တာဝန်ယူ ထမ်းဆောင်နေဆဲဖြစ်သည်။ “စုရီနန္ဒာ” အခမဲ့ ဆေးခန်းနှင့် “အမေဒေါ်မြသန်း” အခမဲ့စာသင်ကျောင်းတို့ကို တည်ထောင်ခဲ့ သည်။ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလတွင် ပုဒ်မ ၅(ည)နှင့် ထောင်(၇)နှစ်ကျခံခဲ့ရပြီး ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည်။ မန္တလေးအကျဉ်းထောင်နှင့် ရမည်းသင်းအကျဉ်းထောင် တို့တွင် နေထိုင်ခဲ့ရသည်။ NLD ပါတီ မန္တလေးတိုင်းရုံး ပေါ်ပေါက်လာအောင် ဆောင်ရွက်ခဲ့သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး လူငယ်တာဝန်ခံ၊ တိုင်းအရံ ကော်မတီဝင်၊ တိုင်းစည်းရုံးရေးအဖွဲ့ဝင်နှင့် ဗဟိုဦးစီးအဖွဲ့ဝင်တာဝန်များကို တာဝန် ယူခဲ့ပြီး ၂၀၁၂ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မန္တလေးတိုင်းဒေသကြီး ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူးတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ ရွေးကောက်ပွဲကိုယ်စားလှယ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။ |
