မိမိအနေဖြင့် အာဆီယံနိုင်ငံများ၏ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်း ကိရိယာများ Electrical and Electronic
Equipment (E. E. E) စံချိန်စံညွှန်းများနှင့်ပတ်သက်ပြီး သဘောတူညီချက် Matual Recognition Agreement (MRA) အပေါ် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ပြီးစီးမှု အနေအထားနှင့် ၂၀၁၂-၁၃ ခုနှစ်တွင် အာဆီယံနိုင်ငံများအနေဖြင့် တစ်ခု တည်းသောစံချိန်စံညွှန်းအောက်တွင် ဆောင်ရွက်ရန် အကောင်အထည်ဖော်မှု Implement a single regulatory regime for EEE အခြေအနေ အား သိလိုသောကြောင့် မေးမြန်းရခြင်းဖြစ်ပါသည်။
မေးခွန်းနှင့် စပ်လျဉ်း၍လည်း အောက်တိုဘာလ ၇ ရက်နေ့ မိတ္ထီလာမြို့၌ အသက် ၁၆ နှစ်အရွယ် ဆိတ်ကျောင်းသားလေး တစ်ယောက် သည် ပြတ်ကျနေသော ဝါယာကြိုးကိုနင်းမိပြီး အသက်သေဆုံးသွား သည်ကို ဖတ်လိုက်ရပါသည်။ လျှပ်စစ်ဝါယာကြိုးတစ်ခုကို လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့် တပ်ဆင်ထားပါက ဝါယာကြိုး ပြုတ်ကျလာလျှင်လည်း Earth ကြိုးမှတစ်ဆင့် မြေကြီးထဲကိုလျှပ်စစ်များစီးဝင်သွားပြီး ဝါယာကြိုးမြေပြင်ကို မရောက်မီမှာပင် လျှပ်စစ်ကိုအားလုံး ဖယ်ရှားပြီးသားဖြစ်ရပါမည်။ လွန်ခဲ့သော အနှစ် ၅၀ က စံချိန်စံညွှန်များသတ်မှတ်ခဲ့သော စည်းမျဉ်း ရှိပါသော်လည်း အဆိုပါစံချိန်စံညွှန်းများကို အသေးအဖွဲကအစ မလိုက်နာခဲ့သည့်အတွက် ၂၀၁၀-၁၁ ခုနှစ်တွင် ဓာတ်လိုက်မှုကြောင့် လူ ၁၃၃ ဦးထိသေဆုံးရသည့်အပြင် ဒီနေ့ဝါယာကြိုးရှော့ဖြစ်ပြီး အဆောက်အဦကြီးများ မီးလောင်ပျက်စီးသွားရခြင်းများ ဖြစ်ပေါ်ခဲ့ရပါသည်။ ယနေ့မြန်မာနိုင်ငံ၏ လျှပ်စစ်ပျောက်ဆုံးမှုယူနစ်သည် ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိရှိသောကြောင့် သုံးစွဲသူများကို မဂ္ဂါဝပ် ၁၀၀၀ ရောက်ရန်အတွက် ၁၂၅၀ မဂ္ဂါဝပ်ထုတ်လုပ်ရပါမည်။ သတ်မှတ်တဲ့စံချိန်စံညွှန်းများမရှိခြင်း၊ မလိုက်နာခြင်းအချက်များကြောင့် မဂ္ဂါဝပ် ပျောက်ဆုံးယူနစ်များပြားရခြင်း သည် ဖြစ်ပါသည်။ စံချိန်စံညွှန်းနှင့်ပတ်သက်၍ ် International Electro Technical Committee (IEC) ဟုခေါ်သော NGO၊ Non Profit Organization ဟုခေါ်သော အကျိုးအမြတ်လုံးဝခံစားမှု မရှိသော ကော်မတီကြီး သည် ကမ္ဘာပေါ်တွင် မည်ကဲ့သို့သောလျှပ်စစ်ပစ္စည်းကိရိယာ မဆို စံချိန်စံညွှန်းများကို သတ်မှတ်ပေးသည့် အဖွဲ့ကြီးဖြစ်ပါသည်။ IEC ၏ သတ်မှတ်စံချိန်စံညွှန်းများသည်လည်း အလွန်မြင့်မားသည့်အတွက် အာဆီယံ ၁၀ နိုင်ငံတွင် စင်ကာပူတစ်နိုင်ငံတည်း တိုင်းတာနိုင်ပါသည်၊ ထို့ကြောင့် အာဆီယံနိုင်ငံများအနေဖြင့် IECကဲ့သို့ စံချိန်စံညွှန်းများကို မလိုက်နာလျှင်သော် အာဆီယံနိုင်ငံများအနေနှင့် စံချိန်စံညွှန်းတစ်ခုသတ်မှတ်ရန် MRA (Matual Recognition Agreement)ဟုခေါ်သော အာဆီယံနိုင်ငံအားလုံး လိုက်နာနိုင်သည့် Agreement ကို ၂၀၀၃ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ပါသော်လည်း E.E.E Standard တွေဟာရောက်ရှိလာခြင်း မတွေ့ရပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် မိမိတို့ အလုပ်ရုံဆွေးနွေးပွဲ တစ်ခု သွားတက်ပါသည့်အခါအတွင်လည်း အာဆီယံနိုင်ငံများအနေဖြင့် လျှပ်စစ် Standardများကို မည်သို့ဆောင်ရွက်ကြမည်ဆိုသည့် Road Map ကိုအသေးစိတ်ရေး ဆွဲထားပြီး အဆိုပါ ရုတ်မန့် အရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် Designtyကို ယူထားပါသည၊်၊ ထိုအတိုင်းသာဆိုပါက ၂၀၁၂-၁၃ ခုနှစ်မှာပင် မိမိတို့က အာဆီယံနိုင်ငံများအနေဖြင့် အာဆီယံ Visionအရ စံချိန်စံညွှန်းတစ်ခုအောက်တွင် ရောက်ရှိနေရမည်ဖြစ်ပါသည်။ Vision အရ အာဆီယံနိုင်ငံများသည် အာဆီယံ Power Grit (ခေါ်) လျှပ်စစ်ကွန်ယက်တစ်ခုကို ဆောင်ရွက်ထားရှိဖြစ်သည့်အတွက် ကျွန်တော်တို့ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားကို စင်ကာပူ၊ ကမ္ဗောဒီးယား စသည့်နိုင်ငံများအထိ 500 KV၊ 700 KV ဓာတ်အားလိုင်းများ ဆက်သွယ်ထားရမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ရေအားလျှပ်စစ် လက်တွေ့ဖြစ် ထွန်းနိုင်သော မဂ္ဂါဝပ်သည် ၄၅၀၀၀၊ ၅၀၀၀၀ ရှိသော်လည်း ၂၅၀၀ခန့်သာ ထုတ်နိုင်သည့်အတွက်ကြောင့် ၅ ရာခိုင်နှုန်းကသာ ထုတ်နိုင်သေးရာ မဂ္ဂါဝပ် ၄၅၀၀၀ ကနေ ၅၀၀၀၀ ထုတ်နိုင်သည့်အချိန်တွင် လည်း ရေနှင့်မောင်းသည့်အတွက်ကြောင့် ကုန်ကျစရိတ်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အလွန်နည်းပါသည်။ ထိုကြောင့် မိုးရာသီတွင် မဂ္ဂါဝပ် ၄၅၀၀၀၊ ၅၀၀၀၀ အပြည့်ထုတ်၍ ရေအားအရင်းအမြစ်မရှိပါသော ထိုင်း၊ စင်ကာပူ၊ မလေးရှား ထိရောင်းပြီး နွေရာသီတွင် မိမိ တို့ နိုင်ငံကမီးလိုသော အခါမှ စင်ကာပူတို့၊ မလေးရှားတို့ကပြန်ဝယ်မည်ဖြစ်ပါကြောင်း၊ ဂျာမဏီ၊ စပိန်၊ ပြင်သစ် စသည့် ဥရောပနိုင်ငံများသည် ထိုကဲ့သို့ EU Grid ကြီးနှင့် အချိန်နှင့်အမျှ လျှပ်စစ်ကို အပေးအယူလုပ်နေကြတာ ဖြစ်ပါကြောင်း၊ ဤကဲ့သို့အရေးကြီးသော E.E.E စံချိန်စံညွှန်းအား မြန်မာနိုင်ငံက ၂၀၀၃ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ယခုအခါ ၁၀ နှစ်နီး ပါးကြာပြီဖြစ်သည့်အတွက် ကြောင့် Disunity Authority အဖြစ် တာဝန်ယူထားရသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၏ ဆောင်ရွက်မှု အခြေအနေကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီး ဌာနသည် အပြည်ပြည် ဆိုင်ရာစံချိန်စံညွှန်း အဖွဲ့ကြီး
(ISO)၏ စာပေးစာယူအဖွဲ့ဝင်၊ အပြည်ပြည်ဆိုင်ရာ လျှပ်စစ်နည်းပညာကော်မရှင်(IEC) ၏ တွဲဖက်အဖွဲ့ဝင်နှင့် အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံကော်မတီ (ASEAN Consultative Committee for Standards and Quality – ACCSQ) ၏ Country Focal Point ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN Free Trade Area) တည်ထောင်ရန် စံချိန်စံညွှန်း၊ နည်းဥပဒေများကို ညှိနှိုင်းရာတွင် ACCSQ ၏ ဦးဆောင်မှုအောက်တွင် လုပ်ငန်းအဖွဲ့ ၃ ဖွဲ့နှင့် ထုတ်ကုန်လုပ်ငန်းအဖွဲ့ Product Working Group (၁၁) ဖွဲ့ရှိရာ လုပ်ငန်းအဖွဲ့ ၃ ဖွဲ့ကို မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနမှ တိုက်ရိုက်တာဝန်ခံ အဖြစ် ဆောင်ရွက်နေပြီးထုတ်ကုန်လုပ်ငန်းအဖွဲ့ (၁၁) ဖွဲ့နှင့် သက်ဆိုင်သော စံချိန်စံညွှန်း၊ နည်းဥပဒေများ ညှိနှိုင်းရေးကို လက်ရှိဥပဒေ၊ နည်းဥပဒေများဖြင့် စစ်ဆေးကွပ်ကဲပေးနေသည့် ထုတ်ကုန်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ခံအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။
Product Working Group (၁၁)ခုတွင် Electro Technical Product Working Group (EPWG) သည် အဖွဲ့တစ်ဖွဲ့ပါဝင်ပြီး တာဝန်ခံဆောင်ရွက်လျက်ရှိသည့် ဌာနမှာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ဖြစ်ပါသည်။ ယင်းအဖွဲ့ကို ယခုအခါ Joint Sectoral Committee for Electrical and Electronic Equipment (JSC EEE) အဖြစ် အမည်ပြောင်းလဲခဲ့ပြီး အဆိုပါအဖွဲ့တွင် အာဆီယံနိုင်ငံအသီးသီးမှ လျှပ်စစ်ထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်း၊ နည်းဥပဒေနှင့် စစ်ဆေးရေးနှင့်ဆိုင်သော ဥပဒေပြုအဖွဲ့များ စုပေါင်းပါဝင် ဆောင်ရွက်နေပါသည်။ ယင်းအဖွဲ့၏ ဆွေးနွေးသဘောတူညီချက်များအရ အာဆီယံနိုင်ငံများအတွင်း လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်း စစ်ဆေးလွှာများကို အပြန်အလှန်အသိအမှတ်ပြုရေး အစီအစဉ် (ASEAN Sectoral Mutual Recognition Arrangement for Electrical and Electronic Equipment) ကို ၂၀၀၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် အာဆီယံစီးပွားရေးဝန်ကြီးများ (ASEAN Economic Minister) အစည်းအဝေး၌ လက်မှတ်ရေးထိုးခဲ့ပြီး ဤ MRAသည် သဘောတူညီချက်မဟုတ်ဘဲ အစီအစဉ်သာဖြစ်ပါကြောင်းနှင့် ယင်းအစီအစဉ်တွင် AC ဗို့အား ၅၀ နှင့် ၁၀၀၀ အကြားနှင့် DC ဗို့အား ၇၅ နှင့် ၁၅၀၀ အကြားရှိ ဗို့အားနိမ့် Power Supply များနှင့် ချိတ်ဆက်အသုံးပြုရသော လျှပ်စစ်နှင့်အီလက်ထရောနစ် ပစ္စည်းကိရိယာများတွင် အဖွဲ့ဝင် တစ်နိုင်ငံ၏ အသိ အမှတ်ပြုဓာတ်ခွဲခန်းမှ စစ်ဆေးလွှာပါရှိပါက အခြားနိုင်ငံတွင် နောက်ထပ် စစ်ဆေးရခြင်းကို ရှောင်ရှားနိုင်ရန် စစ်ဆေးလွှာများကို အခြားအဖွဲ့ဝင်နိုင်ငံများက အသိအမှတ်ပြုလက်ခံမည့် အစီအစဉ်တစ်ရပ် ရေးဆွဲခြင်းဖြစ်ပါသည်။ ထိုသို့စစ်ဆေးရာတွင်လည်း ISO/IEC နိုင်ငံတကာစံချိန်စံညွှန်းများကို အာဆီယံစံချိန်စံညွှန်းများအဖြစ် ညှိနှိုင်းကျင့်သုံး၍ စစ်ဆေးရမည်ဖြစ်ပါကြောင်းနှင့် EEE MRA အရ လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အာဆီယံဒေသတွင်း လျှပ်စစ်နှင့်အီလက်ထရောနစ် ပစ္စည်းဆိုင်ရာ ဥပဒေပြုဒေသ တစ်ပြေးညီသတ်မှတ်ရေးစနစ် (ASEAN Harmonized Electrical and Electronic Equipment Regulatory Rigime- AHEEERR) ကို ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။
လျှပ်စစ်ဥပဒေနှင့် လျှပ်စစ်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ စစ်ဆေးမှုပြုလုပ်သည့်ဌာနမှ စက်မှုဝန်ကြီး ဌာနအောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာနဖြစ်သဖြင့် MRA ရေးထိုးစဉ်က အာဆီယံနှင့် ဆက်သွယ်ညှိနှိုင်းရေးအတွက် အဆိုပါဌာနက တာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့ပြီး JSCEEE အစည်းအဝေးများတက်ရောက်၍ သဘောတူညှိနှိုင်းခြင်း၊ သတ်မှတ်ထားသည့်အချိန်ကာလအတွင်း အကောင်အထည်ဖော်နိုင်ခြင်းရှိ/မရှိ သဘောထား မှတ်ချက်များပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ် စစ်ဆေးရေးဌာနသည် MRA ကို မြန်မာနိုင်ငံမှ လိုက်နာဆောင်ရွက်ပါမည်ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေတွင် တည်ဆဲလျှပ်စစ်ဥပဒေ ၁၉၈၄ အရ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်စပ်သည့် ဥပဒေလုပ်ထုံးလုပ်နည်းများ ပြင်ဆင်ဖြည့်စွက်အတည်ပြုရန် လိုအပ်သဖြင့် ယခုအခါတွင် ခေတ်ကာလနှင့်လိုက်လျောညီထွေသော လျှပ်စစ်ဥပဒေသစ် ကို ပြင်ဆင်ရေး ဆွဲနေကြောင်း၊ ယင်းလျှပ်စစ်ဥပဒေသစ်ကို အတည်ပြုပြီးမှသာလျှင် Implement a single regulatory rigime for EEE နှင့်သက်ဆိုင်သော AHEEERR (ASEAN Harmonized Electrical and Electronic Equipment Regulatory Regime MRA ကို အကောင်အထည်ဖော်ရန်နှင့် အာဆီယံနိုင်ငံများအတွင်း လက်ခံ ကျင့်သုံးလျက်ရှိသော နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းများကို ဆက်လက်ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အာဆီယံသို့ပြန်ကြားခဲ့ပါသည်။
ASEAN EEE MRA နှင့် AHEEERR တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ကုန်သွယ်ရောင်းချမည့် လျှပ်စစ်နှင့် အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများအား အသိအမှတ်ပြုဓာတ်ခွဲခန်းတစ်ခု (Accredited Testing Laboratory)၏ စမ်းသပ်ချက်လက်မှတ် (Test Certificate) ထုတ်ပေးခြင်း၊ အသိအမှတ်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ခန့်အပ်သည့်အဖွဲ့အစည်း (Designating Body)၊ ထုတ်လုပ်ပစ္စည်းများ၏ စံချိန်စံညွှန်းကို စစ်ဆေးရန် အရည်အသွေးကိုက်ညီမှု စစ်ဆေးသည့်အဖွဲ့ (Conformity Assesment Body)၊ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းကြီးကြပ်မှုအဖွဲ့ (Regulatory Body)တို့ကို သတ်မှတ်ရန် လိုအပ်ပါကြောင်းနှင့် အာဆီယံနိုင်ငံအတွင်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဘရူနိုင်းနိုင်ငံတို့မှအပ ကျန် ၆ နိုင်ငံတွင် နိုင်ငံတကာ အဆင့်မီအသိအမှတ်ပြု ဓာတ်ခွဲ ခန်း ၁၄ ခု တည်ရှိနေပြီဖြစ်သည့်အတွက် နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်း မရှိသည့်နိုင်ငံများအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အပြန်အလှန်အသိအမှတ်ပြုထားသည့် နိုင်ငံတကာ အသိအမှတ်ပြုဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးခံရမည်ဖြစ်ပါသည်။
နည်းဥပဒေပိုင်းတွင် လျှပ်စစ်စစ်ဆေးရေးဌာနမှ လက်ရှိဥပဒေကိုညှိနှိုင်းရန် ဆောင်ရွက်နေသကဲ့သို့ စံချိန်စံညွှန်း အပိုင်းတွင်လည်း မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနက အာဆီယံနှင့် သဟဇာတဖြစ် ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာနသည်လည်း ACCSQ ၏ Focal Point အဖြစ်ဦးဆောင်ရခြင်း ဖြစ်သောကြောင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ ပေးပို့လာသော JSC EEE MRA နှင့်ပတ်သက်၍ မေးခွန်းများအား PWG တာဝန်ခံဌာနဖြစ်သော စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သဘောထား မှတ်ချက်များ တောင်းခံကာ ပူးပေါင်း၍ ပြန်လည်ဖြေဆိုပေးခြင်း၊ လျှပ်စစ်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို အချိန်မီ ညှိနှိုင်း အကောင်အထည်ဖော်ရန် တိုက်တွန်းခြင်း၊ အာဆီယံနှင့် ညှိနှိုင်းထားသော ISO/ IEC နိုင်ငံတကာ စံချိန်စံညွှန်းများကို အမျိုးသားစံအဖြစ် ကျင့်သုံးရန်စီမံခြင်း တို့ကိုဆောင်ရွက်နေပါသည်။ အာဆီယံ၏ လျှပ်စစ်နှင့် အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းအဖြစ် IEC နိုင်ငံတကာစံချိန်စံညွှန်းပေါင်း ၁၃၄ ခုကို လက်ခံကျင့်သုံးရန် ညှိနှိုင်းပြီးဖြစ်ရာ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးစစ်ဆေးနေသည့် လျှပ်စစ်စံချိန်စံညွှန်း မရှိသေးသဖြင့် ပြုပြင်ပြင်ဆင်ရန်မလိုအပ်ဘဲ အာဆီယံမှညှိနှိုင်းထားသော IEC နိုင်ငံတကာစံချိန်စံညွှန်းကို တိုက်ရိုက်လက်ခံကျင့်သုံးနိုင်သည့် နည်းစနစ် (Direct Adopt Method) ကို လက်ခံနိုင်ပါကြောင်း လျှပ်စစ်စစ်ဆေးရေးဌာနမှ သဘော ထားမှတ်ချက်ပေးခဲ့သည့် အတွက် မြန်မာ့သိပ္ပံနှင့်နည်း ပညာသုတေသနဦးစီးဌာနသည် ယင်းစံချိန်စံညွှန်းများကို တိုက်ရိုက်လက်ခံအတည်ပြုရေး အတွက် အစီအမံများ ဆောင်ရွက်နေပါသည်။
မြန်မာနိုင်ငံတွင် စံချိန်စံညွှန်းဥပဒေလိုအပ်လျက်ရှိရာ စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းအား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အစိုးရမဟုတ်သောအဖွဲ့ အစည်းများပါဝင်၍ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီးဖြစ်ပါကြောင်းနှင့် ဥပဒေမူကြမ်း၏ရည်ရွယ်ချက် အရ အမျိုးသားစံချိန်စံညွှန်းများ ချမှတ်နိုင်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဦးဆောင်၍ အမျိုးသားစံချိန်စံညွှန်းကောင်စီ၊ လုပ်ငန်းကော်မတီနှင့် နည်းပညာဆပ်ကော်မတီများ ဖွဲ့စည်းရမည်ဖြစ်ရာ သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းနှင့် ပညာရှင်များပါဝင်သည့် အစည်းအဝေး များ ခေါ်ယူ ကျင်းပပြီး သဘောထားမှတ်ချက်များရယူကာ ဥပဒေမူကြမ်း တင်ပြနေစဉ် ကာလအတွင်း စံချိန်စံညွှန်းမူကြမ်းများ ကြိုတင်ရေးဆွဲနိုင်ရန် ထုတ်ကုန်အလိုက် နည်းပညာဆပ်ကော်မတီ ၁၉ ခုကို ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ပါသည်။ လျှပ်စစ်နှင့်အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီသည် Technical Committee အနေဖြင့် ဖွဲ့စည်းထားပြီး JSC EEE ဆိုင်ရာ အာဆီယံတစ်ပြေးညီ စံချိန်စံညွှန်းများကို တိုက်ရိုက်လက်ခံကျင့် သုံးချမှတ်နိုင်ရန် အဆိုပါ TC-1မှ ၂၀၁၃ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လအတွင်း အစည်းအဝေးနှစ်ကြိမ်ခေါ်ယူပြီးလျှပ်စစ်စံချိန်စံညွှန်းများကြိုတင်ညှိနှိုင်းရေး ဆွဲနေပြီဖြစ် ပါကြောင်း ပြန်လည်ဖြေကြားပါ သည်။
