ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၁၇.၇.၂၀၁၃)
မေးမြန်းသူ
သုံးခွမြို့နယ်တွင် Mobile Phone များ သုံးစွဲရာတွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ဖုန်းခေါ်ဆိုမှု ခက်ခဲခြင်းများသည် မည်သည့်အကြောင်းကြောင့် ဖြစ်ရခြင်းနှင့် အလွယ်တကူခေါ်ဆို၍ရအောင် မည်သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် မိုဘိုင်းတယ်လီဖုန်းများ သုံးစွဲသည့်အခါ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ခေါ်ဆိုရန်ခက်ခဲခြင်း အကြိမ်များစွာခေါ်ဆိုသော်လည်း ခေါ်၍ မရခြင်းများ မည်သည့် အကြောင်းကြောင့်ဖြစ်ရသည်ကို သိရှိလိုသည်နှင့် အခြားမြို့နယ်များနည်းတူ အလွယ်တကူခေါ်ဆို၍ရအောင် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းသွားပါသည်။
ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း
