(ဃ)-နွယ်ခွေ- တိုးချဲ့- မြောက်ဥက္ကလာပ အမှတ်(၃)လမ်းသွယ်အား နိုင်ငံတော်မှ ပြန်လည် ခင်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၁၇.၇.၂၀၁၃)

ဦးတင်မောင်ဝင်း (မင်္ဂလာဒုံ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ကို ဖြတ်သွားသော အမှတ် ၁ လမ်းမနှင့် အမှတ် ၃ လမ်းမ ကို ဆက်သွယ်သော လွယ်ကူကျေးရွာအုပ်စုအနောက်ဘက် တိုးချဲ့ မြောက်ဥက္ကလာသို့ဆက်သွယ်ထားသော အမှတ် ၃ လမ်းသွယ်သည် ကျေးရွာများ၊ ရပ်ကွက်များ၊ ပြည်သူများ အားထားပြီး သွားနေရသည့်လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ယခင်က ထိုလမ်းပေါ်တွင် ခရီးသည်တင် ယာဉ်လိုင်းများနှင့် သစ်ဆိပ်ကြီး တစ်ခုလည်းတည်ရှိရာ ယခုအခါမှာ ယင်းဒီသစ်ဆိပ်မှ သစ်လုံးများသယ်သည့် အတွက်ကြောင့် လမ်းများပျက်စီးနေသည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ထို ၃ နှစ်ကျော်အတွင်း လုပ်သားပြည်သူများ သွားလာရေး ခက်ခဲလျက်ရှိသည်ကို တင်ပြလာရာ မိမိအနေဖြင့် အမှတ် ၃ လမ်းသွယ်အား နိုင်ငံတော်မှ ပြန်လည်ပြီးတော့ခင်ကျင်းပေးနိုင်မှုရှိ/မရှိနှင့် ခင်းကျင်းပေးမည်ဆိုပါက မည်သည်ကာလတွင် ခင်ကျင်းပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း