(ခ)-ပုဂံ၊ ညောင်ဦးမြို့နှစ်မြို့ အတွက်အမှိုက်သယ်ယာဉ် (တစ်ပါ)(၆)စီးပံ့ပိုးပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၁၇.၇.၂၀၁၃)

ဦးအောင်ကြိုင် (ညောင်ဦး) မြန်မာနိုင်ငံရှိ ပုဂံ၊ ညောင်ဦးမြို့တို့သည် နိုင်ငံတကာမှ နိုင်ငံခြားသားများ များစွာ လာရောက် လည်ပတ်လျှက်ရှိကြရာ ယခင်ကထက် ၂ ဆနီးပါးခန့် လာရောက် နေကြသည့်အပြင် နောက်ထပ်လည်း ပိုမိုလည်ပတ်နိုင်သည်ကို ကြားသိနေရပါကြောင်း၊ ထို့ပြင် ပြည်တွင်းမှ ဧည့်သည် အများအပြားလည်း လာရောက် လည်ပတ်လျှက် ရှိပါကြောင်း၊  ထို့သို့ လာရောက် လည်ပတ်ကြရာတွင် နိုင်ငံခြားသားများအနေဖြင့် အမှိုက်များကို စည်းကမ်းရှိရှိ ပြစ်ကြသော်လည်း ပြည်တွင်းဧည့်သည်များ၏ စည်းကမ်းမဲ့ စွန်ပြစ်မှုများကြောင့် ယင်းအမှိုက်များကို စနစ်တကျစွန့်ပြစ်ရန် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်မှ လမ်းဘေးတစ်လျှောက်တွင် အမှိုက်ပုံးများထားရှိပြီး အမှိုက်ကမ်းစင် နယ်မြေအဖြစ် စာများရေးထားစေခဲ့ပါသည်။ သို့သော် မိမိတို့တွင် ယင်းအမှိုက်ပုံးမှ အမှိုက်မျာကို အဝေးသို့စွန်ပစ်ရာတွင် လက်ရှိအမှိုက်ပြစ်ကား အင်အား နည်းနေပါကြောင်း၊ လက်ရှိစည်ပင်သာယာရှိ ကားများ နည်းပါးနေသည်က တစ်ကြောင်း၊ တချို့ ပျက်စီးနေသည်ကတစ်ကြောင်း၊ လက်ရှိအင်အားဖြင့် မနိုင်သည့်အတွက် နောက်ထပ် ပုဂံအတွက် (တစ်ပါ) ၃ စီး၊ ညောင်ဦးအတွက် (တစ်ပါ) ၃ စီး ထပ်မံပြီး ထောက်ပံ့ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန ၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း