ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၈.၇.၂၀၁၃)
မေးမြန်းသူ
လှိုင်သာယာမြို့နယ်အတွင်းရှိ အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းလွန်ကျောင်းများဖြစ်ကြသည့် အ.မ.က (၁၉) မူလွန်၊ အ.မ.က (၂၂) မူလွန်၊ အ.မ.က (၃၁) ကျောင်းများတွင် စာသင်ခန်းအရေအတွက်နှင့် ကျောင်းသားဦးရေ မမျှမတဖြစ်နေသောကြောင့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကြပ်တည်းစွာပညာသင်ကြားနေကြရပါကြောင်း၊ ၂၀၁၃-၁၄ နှင့် ၂၀၁၄-၁၅ ပညာသင်နှစ်များတွင် ကျောင်းသားဦးရေ ထပ်မံတိုးပွားလာမှာဖြစ်သည့်အတွက် လက်ရှိ၎င်းကျောင်းများရှိ စာသင်ခန်းအရေအတွက်နှင့် မည်သို့မျှ လုံလောက်မှုမရှိနိုင်တော့ဘဲ ကျောင်းဆောင်သစ်များ ထပ်မံဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိသောကြောင့် ကျောင်းဆောင်သစ်များ ထပ်မံဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောက်လုပ်ပေးမည်ကိုသိရှိလိုကြောင်းမေးမြန်းပါသည်။
ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ
ဖြေကြားသည့် ဝန်ကြီးဌာန
