ဦးဉာဏ်ဝင်း ( လှိုင်သာယာ မဲဆန္ဒနယ်)

အမည်

ဦးဉာဏ်ဝင်း

အခြားအမည်

 

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/အလန(နိုင်)ဝဝ၃၂၄၈

မွေးသက္ကရာဇ်/အသက်

၂၉-၅-၁၉၅၆ /(၅၅)နှစ်

မွေးဖွားရာဇာတိ

အလုံမြို့နယ်၊ ရန်ကုန်မြို့

ပညာအရည်အချင်း

LL.B (ဥပဒေဘွဲ့)

လက်ရှိအလုပ်အကိုင်

အရောင်းအဝယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှမြင့် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်လှ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ချိုချိုစန်း၊ ၁၂/လမန(နိုင်)၀၇၄၁၃၈၊ အရောင်းအဝယ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မအိန္ဒာဝင်း၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၂၂၉/ခ)၊ အောင်မင်းခေါင် (၁)လမ်း၊ (၇) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လှိုင်သာယာ (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ရန်ကုန်မြို့ အလုံမြို့နယ် အ-မ-က(၄)၊ အ-ထ-က(၅)တို့တွင် အခြေခံပညာသင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်(စာပေး/စာယူ) ဌာန၌ ဥပဒေပညာသင်ကြားခဲ့ပြီး ဥပဒေဘွဲ့ရရှိခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ ဗဟိုကော်မတီဌာနချုပ် ပါတီမှတ်တမ်းရုံး မိုက်ခရိုဖလင်ဌာနစိတ်၌ အငယ်တန်းစာရေးလုပ်ကိုင်ခဲ့ပြီး လှိုင်သာယာမြို့နယ်၌ ပဥ္စမတန်းမှ အဋ္ဌမတန်းအထိ ကိုယ်ပိုင်နည်းပြသင်တန်း ဖွင့်လှစ်ခဲ့သည်။

 

၁၉၇၈ ခုနှစ်တွင် အလုံမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်ေတာ်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများတွင် မဲရုံစာရေး၊ မဲရုံအဖွဲ့ဝင်တာဝန်များကိုထမ်းဆောင်ခဲ့သည်။

၁၉၉၃ ခုနှစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွွံ့ဖြိုးရေးအသင်း စတင်ဖွဲ့စည်းချိန်မှ ၂၀၁၀ ပြည့်နှစ်အထိ လှိုင်သာယာမြို့နယ်အသင်း အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်း(ဗဟို)မှ ကြီးမှူးဖွင့်လှစ်သည့် အမှုဆောင်များ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဥ်(၁)၊ အထူးမွမ်းမံသင်တန်း အမှတ်စဥ်(၃)၊ နိုင်ငံတကာဆက်ဆံရေးသင်တန်း အမှတ်စဥ်(၄)၊ အမှုဆောင်များအဆင့်မြှင့် စီမံခန့်ခွဲရေးအထူး သင်တန်းအမှတ်စဥ်(၄)များသို့တက်ရောက်ခဲ့သည်။