ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်သည် ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စု၊ ကျေးရွာပေါင်း ၂၉၇ ရွာနေထိုင်လျက်ရှိပြီး ၅၉ ရွာမှာ စပါးခွံ လောင်စာ၊ ဒီဇယ်၊ နေရောင်ခြည်စွမ်းအင်အပါအဝင် အခြားနည်းများဖြင့် ဓာတ်အား ရရှိလျက်ရှိပြီး ကျန်ရှိသော ကျေးရွာပေါင်း ၃၈ ရွာမှာ ဓာတ်အား မရရှိ ပါကြောင်း၊ နိုင်ငံတော်မှ ဖြန့်ဝေပေးသော လျှပ်စစ်ဓာတ်အား ကိုလည်း မြို့ပေါ် ၃ ရပ်ကွက်နှင့် ဆက်စပ် လျက်ရှိသော ကျေးရွာအချို့၊ ဓာတ်အားလိုင်းနှင့် နီးစပ်ရာကျေးရွာအချို့နှင့် ကျီးသဲကျေးရွာအုပ်စုတို့၌သာ ရရှိကြရာ ရွှေတောင်မြို့ သည် ရွှေတောင် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ၁၁ ကေဗွီအေ တိုက်ရိုက်ချိတ်ဆက်အသုံးပြုရခြင်းကြောင့် မြို့နှင့် အလှမ်း ကွာဝေးသော ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားရရှိရန် ဖြစ်နိုင်ခြေမရှိကြောင်း၊ ထိုကဲ့သို့ လျှပ်စစ်ဓာတ်အား မရရှိသည့် ကျေးရွာများရှိ ကလေးများ၏ ပညာရေးတွင် အင်မတန် အခက်အခဲတွေ့စေ သည့် အတွက် ပညာရေးမြှင့်တင်မှု ပေါ်တွင် အရာမရောက်မည်ကို၎င်း၊ မီးဘေးအန္တရာယ်ကို၎င်း၊ ကလေးများ၏ မျက်စိကျန်းမာရေးနှင့်၊ ညမိုးမှောင်ကျချိန်တွင် မလိုလားအပ်သည့် ဆိုးကျိုးများဖြစ်လာမည်ကို၎င်း စိုးရိမ်ရ ပါကြောင်း၊ ရွှေတောင်မြို့နှင့် ၁၆ မိုင်ခန့်ကွာဝေးသော ညောင်စာရေးကျေးရွာအုပ်စုသို့ ၃၃ ကေဗွီအေ (သို့) ၆၆ ကေဗွီအေဓာတ်အားလိုင်းနှင့်ရွှေတောင်မြို့နှင့်မိုင် ၃၀ ခန့်ကွာဝေးသော ကျွဲတလင်းကျေးရွာသို့ ၃၃ ကေဗွီအေ သို့မဟုတ် ၆၆ ကေဗွီအေတည်ဆောက်ပေးပါက တရုတ်မှော် တိုက်နယ်ဆေးရုံ၊ ကွေ့မတိုက်နယ်ဆေးရုံများသို့ပါ လျှပ်စစ်ဓာတ်အားရရှိ နိုင်မည်ဖြစ်မည်ဖြစ်ပြီး လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများဖြစ်သည့် ကွေ့မ၊ မြို့မမြစ်ရေတင်လုပ်ငန်းများပါ ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်၍ ၃၃ ကေဗွီအေ သို့မဟုတ် ၆၆ ကေဗွီအေ ဓာတ်အားလိုင်း တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
