|
အမည် |
ပါမောက္ခ ဒေါက်တာဒေါ်အေးမြင့် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/လမန (နိုင်) ဝ၂၈၉၇၇ |
|
မွေးသက္ကရာဇ်/အသက် |
၂၅-၂-၁၉၄၅/(၆၆) နှစ် |
|
မွေးဖွားရာဇာတိ |
ရွှေတောင်မြို့ |
|
ပညာအရည်အချင်း |
ပါရဂူဘွဲ့ (Ph.D) |
|
လက်ရှိအလုပ်အကိုင် |
အငြိမ်းစား |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးစိုးမောင်၊ DG-006478၊ စိန်ရွှေရတနာဆိုင် |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်တင်ရွှေ၊ DG-006363၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၆၈)၊ မြောက်ဘက်အတွင်းရှမ်းတန်း၊ သရက်တောရပ်ကွက်၊ ရွှေတောင်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရွှေတောင်မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို မြောက်ပိုင်း အ-မ-က နှင့် အ-ထ-က ရွှေတောင်မြို့၊ အ-ထ-က (၁) ပြည်မြို့ တို့တွင် ပညာသင်ယူခဲ့သည်။ ဘီအိုစီကောလိပ်ရန်ကုန်မြို့၊ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(ရန်ကုန်)နှင့် ရန်ကုန် တက္ကသိုလ်တို့တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး (Ph.D) ဘွဲ့ရရှိခဲ့သည်။ ရန်ကုန်ပညာရေးတက္ကသိုလ် ၊ မကွေးဒီဂရီကောလိပ် ၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်တို့တွင် နည်းပြအဖြစ် လည်းကောင်း ၊ ပြည်ကောလိပ် ၊ ပြည်ဒီဂရီကောလိပ် ၊ ပြည်တက္ကသိုလ်တို့တွင် လ/ထ ကထိကနှင့် ကထိက(ဌာနမှူး)အဖြစ်လည်းကောင်း၊ တောင်ငူတက္ကသိုလ်တွင် တွဲဖက်ပါမောက္ခ(ဌာနမှူး) အဖြစ်လည်းကောင်း ၊ ပခုက္ကူတက္ကသိုလ်နှင့် ပြည်တက္ကသိုလ်တို့တွင် ပါမောက္ခ (ဌာနမှူး) အဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။ သဘောတရားရေးလုပ်ငန်း၊ အထူးမွမ်းမံသင်တန်းများ တက်ရောက်ခဲ့သည်။သန်းခေါင်စာရင်းကောက်ယူရေးနှင့် အ-သုံးလုံးလုပ်အားပေး တွင်လည်း ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်မှချီးမြှင့်သော ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေး တံဆိပ်နှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်များ ရရှိခဲ့သည်။ “ ပြုံး (မြေလတ်) ကလောင်အမည်ဖြင့် ဝတ္ထုတို၊ ဝတ္ထုရှည်များ၊ စိုးရွှေစင်၊ ဝင်းလတ်(မြန်မာစာ) ’’ ကလောင်အမည်ဖြင့် ဆောင်းပါး၊ ကဗျာများ ရေးသားဆဲဖြစ်သည်။ |
