(စ)-မြို့နယ်များတွင် Radio လိုင်းအား Digital စနစ် ဖြင့်လည်းကောင်း၊ FM လိုင်းများ ဖမ်းယူ ရရှိ နိုင်သည့် ဒေသတိုးတက်လာစေရန်လည်းကောင်း၊ မြို့နယ် ထပ်ဆင့်လွှင့်စက်ရုံ များမှ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၃.၇.၂၀၁၃)

ဦးစိုးပိုင် (ဝန်းသို) ပြန်ကြားရေးဌာန၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှ ပြန်ကြားပေးနေမှု၊ ပညာပေးနေမှု၊ ဖျော်ဖြေပေးနေမှု၊ ထုတ်လွှင့်မှုများကို ဧပြီလ ၁ ရက်နေ့မှစတင်ကာ တိုးတက်အောင်ဆောင်ရွက်နေသည်ကို ဝမ်း‌မြောက်ဖွယ်တွေ့မြင်နေရပါကြောင်း၊ သို့သော် မိမိ တို့ တောင်သူလယ်သမားများ၊ အလုပ်သမားများအတွက် လုပ်ငန်းချိန်နေ့လည်ပိုင်းများတွင် အခက်အခဲရှိသည့်အပြင် လျှပ်စစ်မီး မရသေးသော ဒေသများအတွက်လည်း အချိန် နဲ့အမျှ ကြည့်ရှုခွင့်၊ လေ့လာခွင့်၊ သိရှိခွင့် မရရှိနိုင်ကြောင်း၊ မိမိတို့ အခြေခံလူထုနှင့် သဘာဝဘေး အန္တရာယ် ကျရောက်တတ်သော ဒေသများအတွက် ငွေကုန်ကြေးကျ သက်သာစွာဖြင့် အချိန်မရွေး သတင်းရရှိနိုင်သည်မှာ ရေဒီယိုလိုင်းများနှင့် FM လိုင်းများဖြစ်သော်လည်း ရေဒီယို လိုင်းများသည် နိုင်ငံတဝှမ်းလုံးကို Digital စနစ်ဖြင့် ထုတ်လွှင့်နိုင်ခြင်း မရှိသေးဘဲ Analogue စနစ်ဖြင့်သာ ထုတ်လွှင့်နေသေးသည့်အတွက် အသံမှ ကြည်လိုက်၊ မကြည်လိုက်ဖြင့် စိတ်ဝင်စားမှုနည်းပါးနေသောကြောင့် မြို့နယ်များတွင် ရေဒီယိုလိုင်းများကို Digital စနစ်ဖြင့်  ဖမ်းယူနိုင်စေရန်အတွက် လည်းကောင်း၊ FM လိုင်းများ ဖမ်းယူရရှိနိုင်သော  ဒေသတိုးတက်နိုင်စေရန် အတွက် လည်းကောင်း မြို့နယ် ထပ်ဆင့်လွှင့်စက်ရုံများတွင် တိုးမြှင့်တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး