(ဇ)-မြန်မာ့တပ်မတော်တွင်အင်အားတောင့်တင်းသော ကာကွယ်ရေးစွမ်းအား မြင့်မား စေရေးနှင့် (၁၈)နှစ် အထက်တပ်သားသစ်များ စုဆောင်းရရှိနိုင်ရေး အတွက်မည်သို့ဆောင်ရွက် နေသည်နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၄.၇.၂၀၁၃)

ဦးရှီသီး (လေရှီး) နိုင်ငံတစ်နိုင်ငံ၏ အင်အား ၃ ရပ်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေး အင်အားများ တောင့်တင်းရန်အရေးကြီးသည့်အနက် ကာကွယ်ရေး အင်အားတောင့်တင်းမှ သာလျှင် နိုင်ငံတစ်နိုင်ငံ၏ ပြည်ထောင်စုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊  အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးကို အထောက်အကူပြုမည်ဖြစ်သောကြောင့် အင်အားတောင့်တင်းမှသာ ယုံကြည် အားကိုးထိုက်သော တပ်မတော်ဖြစ်လာမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာနယ်မြေ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေး သည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်ဟူ၍ လည်းကောင်း၊ နိုင်ငံသား တိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်ဟု အတိအလင်း ဖော်ပြထားပြီးသားပြီးဖြစ်ကြောင်း၊ သို့သော် တိုင်းရင်းသားအားလုံး၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော ဗမာများစုစည်းထားသော တပ်မတော်ဆိုသည့် အတွေးအခေါ်၊ ဘာသာရေးခွဲခြားမှု၊ နေရာမပေးလိုမှု၊ မိမိပြည်နယ်နှင့် မိမိလူမျိုးစု တပ်မတော်၏ အရေးကိုသာ သီးခြားစိတ်ဝင်စားနေခြင်း၊ တပ်မတော်သားတစ်ဦး၏ အခွင့်အရေးနည်းပါးနေခြင်းတို့ကို ပြန်လည် သုံးသပ်ကာ မြန်မာ့တပ်မတော်တွင် တိုင်းရင်းသား ပေါင်းစုံပါဝင်စေပြီး အင်အားတောင့်တင်းသော ကာကွယ်ရေး စွမ်းအားမြင့်မားစေရန် မည်သို့ဆောင်ရွက်နေသနည်းနှင့် တပ်သားသစ် ၁၈ နှစ်အထက် စုဆောင်းရရှိနိုင်ရေးအတွက် မည်သို့စည်းရုံးဆောင်ရွက်နေသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန်