ဦးရှီသီး(လေရှီး မဲဆန္ဒနယ်)

အမည်

ဦးရှီသီး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

နာဂ / ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/လရန(နိုင်)၀၀၂၅၁၄

မွေးသက္ကရာဇ်/အသက်

၁၅-၁၀-၁၉၆၀/(၅၀)နှစ်

မွေးဖွားရာဇာတိ

ဆွမ္မရာကျေးရွာ၊ လေရှီးမြို့နယ်

ပညာအရည်အချင်း

B.Sc (Hons), B.Ed (Q)

လက်ရှိအလုပ်အကိုင်

မြို့နယ်ပညာရေးမှူး၊ (အငြိမ်းစား)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကရှီပေါ့ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နွမ်းသေး၊ ၅/လရန(နိုင်) ၀၀၂၅၁၀

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဟတ်ရင်သေး၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဗိုလ်ရဲလင်းအောင်၊ ၂၀၀၇ လေကြောင်းရန်တပ်၊ တိုက်ကြီး

(၂) မနှင်းဆီ၊ ကြီး/ရေး (ထွေ/အုပ်)၊ လေရှီး

(၃) ဗိုလ်လောင်းစိုးသီဟ၊ နည်းပညာတက္ကသိုလ်၊ပြင်ဦးလွင်

(၄) ဗိုလ်လောင်းချစ်ဝေ၊ နည်းပညာတက္ကသိုလ်၊ပြင်ဦးလွင်

(၅) မောင်စစ်ကျော်၊ ကျောင်းသား

(၆) မအေးမြသီတာထွေး၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အမှုထမ်းရပ်ကွက်၊ လေရှီးမြို့၊ စစ်ကိုင်းတိုင်း

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လေရှီးမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ငယ်စဥ်က အခြေခံပညာကို ဆွမ္မရာကျေးရွာ အ-မ-ကနှင့် တောင်တွင်းကြီးမြို့ အ-ထ-က(၂)တွင် သင်ယူခဲ့သည်။ ရေနံချောင်းဒေသကောလိပ်၊ မကွေးဒီဂရီကောလိပ်၊ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့တွင် တက်ရောက်ခဲ့ပြီး B.Sc (Hons), B.Ed (Q) ဘွဲ့ရရှိခဲ့သည်။

 ဆွမ္မရာမြို့နယ် အ-လ-ကတွင် အလယ်တန်းပြဆရာအဖြစ်လည်းကောင်း၊ လေရှီးမြို့နယ် အ-ထ-က တွင် အထက်တန်းပြအဖြစ်လည်းကောင်း၊ လေရှီးမြို့နယ်တွင် အလယ်တန်းကျောင်းအုပ်မှ အထက်တန်းကျောင်းအုပ် အဖြစ်လည်းကောင်း၊ လက်ထောက်မြို့နယ်ပညာရေးမှူးမှ မြို့နယ်ပညာရေးမှူးအဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။

 မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အမျိုးသား ညီလာခံကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကော်မရှင်အဖွဲ့ဝင်အဖြစ်လည်းကောင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။