(ဆ)-စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ရန်ပြည်သူ့လွှတ်တော်မှအတည်ပြု ချမှတ်ပေးထားသည့် သန်း(၁၀၀၀)အားမည်သည့် မြို့နယ်များသို့ခွဲဝေပြီး မည်သည့်လုပ်ငန်းများတွင် သုံးစွဲခဲ့သည် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၄.၇.၂၀၁၃)

ဦးစိုးသိမ်း (ကလေးဝ) ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးပြီးဖြစ်သော တိုင်းဒေသကြီးဥက္ကဋ္ဌများ တိုင်းဒေသကြီးမှ အသုံးချမည့် သန်း ၁၀၀၀ အား မိမိတို့ မြို့နယ်များတွင် လုပ်ဆောင်နေကြသည့် ကိစ္စများ ပွင့်လင်းမြင်သာမှုရှိစေရန် သိရှိလိုသည့် အတွက် မေးမြန်း ရခြင်းဖြစ်ပါကြောင်း၊ ဤမေးခွန်းအားမေးရသည့် ရည်ရွယ်ချက်မှာ ကလေးဝမြို့နယ်၊ မထူးထွေးကျေးရွာ ရှိ ကျောင်းဆောက်လုပ်ရန် ငွေ ရရှိပြီး၊ ကျောင်းဆောက်လုပ်ပြီးသော်လည်း ဆောက်လုပ်ခွင့်ငွေ ထပ်ကျလာသည့် အတွက် ညွှန်ကြားရေးမှူးမှ မိမိထံ လာရောက်ပြီး မည်သည့်ကျောင်းကို လွှဲရမည်ကို လာရောက်တိုင်ပင်ခဲ့ဖူးပါကြောင်း၊ ထိုအတူ ကလေးဝမြို့ရှိ အဆင့်တိုးမြှင့်ရန် မလိုအပ်သည့် အပြင် တင်ပြတောင်းခြင်းမရှိသည့် ကျောင်းများအား အဆင့် တိုးမြင့်ပေးခြင်း စသည့် ဖြစ်ရပ်များကြောင့် မိမိအနေဖြင့် တင်ပြခဲ့သည် မှာ ကျောင်းဝန်း အနေအထား၊ ကျောင်းသားအနေ အထားများနှင့် သင့်တော်သော ကျောင်းကို ထပ်ပြီးတင်ပြတောင်းခံပေးရန် တင်ပြပေးခဲ့ပါကြောင်း၊ ယခုကဲ့သို့ ဤဒေသ တိုင်းဒေသအဆင့်နှင့် မိမိတို့နှင့် အနည်းငယ်အလှမ်းကွာနေသည့်အတွက်ကြောင့် ကလေးဝမြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ် တို့တွင် ရရှိသော ဖွံ့ဖြိုးရေးရန်ပုံငွေများကို ၂၀၁၂-၂၀၁၃ က မည်သို့သုံးစွဲရမည်ကို သိရှိလိုပါကြောင်း၊ ထို့အပြင် ၂၀၁၃-၂၀၁၄ တွင်လည်း မည်ကဲ့သို့သုံးစွဲပြီး မြို့နယ်အလိုက် မည်ကဲ့သို့သုံးစွဲမည်နည်း ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန ၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန ၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း