ဦးစိုးသိမ်း( ကလေးဝ မဲဆန္ဒနယ်)

အမည်

ဦးစိုးသိမ်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ကလဝ(နိုင်)၀၀၂၅၉၁

မွေးသက္ကရာဇ်/အသက်

၁၄-၁၀-၁၉၄၇/(၆၄)နှစ်

မွေးဖွားရာဇာတိ

ညောင်ပင်သာဈေးရပ်၊ မုံရွာမြို့

ပညာအရည်အချင်း

B.A (Hist)

လက်ရှိအလုပ်အကိုင်

ကုန်သွယ်ရေး (ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဘမောင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မြို့ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စိန်ဝင်း၊ ၅/ကလဝ(နိုင်)၀၁၂၅၆၉၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မကြွယ်မင်းမင်းစိုး၊ ၅/ကလဝ(နိုင်)၀၂၇၀၀၆၊ မှီခို

(၂) မကြွယ်မင်းမင်းဖြိုး၊ ၅/ကလဝ(နိုင်)၀၂၇၉၄၅၊ မှီခို

(၃) မောင်မင်းကျော်စိုး၊ ၅/ခတန(နိုင်)၀၁၅၆၇၃၊ ကျဘမ်း

(၄) မောင်မင်းနိုင်ဖြိုး၊ ၅/ကလဝ(နိုင်)၀၃၈၅၆၁၊ မှီခို

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၂)ရပ်ကွက်၊ အင်ကြင်းမြိုင်ကွက်သစ်၊ ကလေးဝမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကလေးဝမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ငယ်စဥ်က အခြေခံပညာကို ကလေးဝမြို့ အ-ထ-ကတွင် သင်ယူခဲ့သည်။ မုံရွာမြို့ဒေသကောလိပ်  နှင့် မန္တလေးတက္ကသိုလ်တို့တွင် တက်ရောက်ခဲ့သည်။ B.A (Hist:) ဘွဲ့ရရှိခဲ့သည်။

  ကလေးဝမြို့တွင် ပြည်ထောင်စုကောက်ပဲသီးနှံ ရောင်းဝယ်ရေးတွင်လည်းကောင်း၊ ကလေးဝမြို့ ကုန်သွယ်ရေး(၁) တွင်လည်းကောင်း၊ ကလေးဝမြို့၊ မော်လိုက်မြို့၊ ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် တမူးမြို့ကုန်သွယ် လယ်ယာတွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

 မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီနှင့် ဒေသအရန်မီးသတ်တပ်ဖွဲ့တွင် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ကုန်သွယ်လယ်ယာ(ယခင်ပကရ)တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ကလေးဝ-မော်လိုက်-မင်းကင်းမြို့နယ် ငွေစာရင်းတာဝန်ခံအဖြစ်လည်းကောင်း၊ မော်လိုက်မြို့ မြို့နယ်မန်နေဂျာအဖြစ်လည်းကောင်း၊ ခန္တီးမြို့နယ်တာဝန်ခံအဖြစ်လည်းကောင်း၊ ဟုမ္မလင်းမြို့နယ် စီမံရေးရာတာဝန်ခံအဖြစ်လည်းကောင်း၊ တမူးမြို့နယ်တွင် ဝန်ထမ်းအဖြစ်လည်းကောင်း၊ လမ်းစဥ်ပါတီတွင် ပါတီစိတ်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ရပ်ကွက် သမဝါယမအသင်းတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ကုန်သွယ်လယ်ယာဌာန အလုပ်သမားအစည်းအရုံးတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ စစ်ကိုင်းမြို့ရှိ အလုပ်သမားရေးရာသင်တန်းကိုလည်းကောင်း၊ ရန်ကုန်မြို့ (၆)မိုင်ခွဲရှိ အလုပ်သမားရေးရာနှင့်စီမံခန့်ခွဲမှု သင်တန်းကိုလည်းကောင်း၊ မင်္ဂလာဒုံဗဟိုနိုင်ငံရေးတက္ကသိုလ်တွင် အခြေခံနိုင်ငံရေးသင်တန်းကိုလည်းကောင်း၊ ရန်ကုန်မြို့(၆)မိုင်ခွဲရှိ ဗဟိုကုန်သွယ်ရေးသင်တန်းကျောင်းတွင် အဆင့်(၁) ငွေနှင့်ကုန်ပစ္စည်းစာရင်းသင်တန်းကိုလည််းကောင်း၊ ငွေစာရင်းမွမ်းမံသင်တန်းကို ရန်ကုန်မြို့ ကုန်သွယ်/ လယ်ယာ(ရုံးချုပ်)တွင်လည်းကောင်း တက်ရောက်ခဲ့သည်။ ကလေးဝမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတွင် မြို့နယ်စည်းရုံးရေးမှူးအဖြစ် တာဝန်များထမ်းဆောင်လျက်ရှိသည်။