(စ)-ခတ္တောကျေးရွာအုပ်စု သောက်သုံးရေ ရရှိရေး အတွက် ရေကန်နှင့်ရေပိုက်များတည်ဆောက် သွယ်တန်း ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၄.၇.၂၀၁၃)

ဦးစိုးသိမ်း (ကလေးဝ)ကျခတ္တောကျေးရွာသည် ချင်းတွင်းမြစ်ဘေး မစိန်ကျေးရွာမှ အတွင်းဘက် ကုန်းခေါင်ခေါင် ၃ မိုင်၊ ၄ မိုင် ခန့်ဝေးသောအရပ်ရှိ ရွာတစ်ရွာဖြစ်ပြီး၊ ယင်းအနီးအနားတွင် နားပလ္လင်ကျေးရွာနှင့် ရွှေဝါဂွမ်းကျေးရွာရှိအပြင် မိုးရာသီတွင် ယင်းရွာများကို ဝိုက်ပြီးစီးဆင်းနေသော ချောင်းခြောက်တစ်ခုလည်းရှိပါကြောင်း၊ ယင်းနေရာများတွင်  ယခင် ဘိုးဘွားဘီဘင်များ တူးဖော်ထားခဲ့သော ရေတွင်း များဖြင့် သုံးစွဲသော်လည်း ယနေ့ လူဦးရေသိပ်သည်းလာသည်နှင့် အမျှ သောက်သုံးရေလိုအပ်လျှက်ရှိပါကြောင်း၊ ယခင်အစိုးရအဆက်ဆက်နှင့် စည်ပင်သာယာမှ တူးသည့်ရေတွင်းများ ရှိရာ ၃၀ ရာခိုင်နှုန်းဝန်းကျင်းသာ ထူးဖေါ်အောင်မြင်ပါကြောင်း၊ ကျခ‌တ္တောကျေးရွာ၏ အရှေ့ဘက် ပေ ၄၀၀၀ ခန့်ဝေးသောနေရာများတွင် တောင်တန်းကြီးရှိပြီး ယင်းတောင်တန်းကြီး၏ ရာသီမရွေးထွက်လေ့ရှိသည့် စိမ့်ရေစမ်းရေများကို ကျေးရွာသောက်သုံးရေအတွက် တူးဖေါ်နိုင်ပါက အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ယင်းမှရရှိသောရေကို စိုက်ပျိုးကွင်း၊ စိုက်ခင်းများ အတွက်လည်း အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် မိမိအနေဖြင့် ကျခတ္တော ကျေးရွာအုပ်စုအတွက် သောက်သုံးရေ ရရှိရေးကို ပိုက်လိုင်းများ၊ ရေကန်များလုပ်ပြီး ဝယ်ယူ ပေးရန် တောင်းခံတင်ပြလိုပါကြောင်း။

ထို့ပြင် နိုင်ငံတော်မှ ဆောင်ရွက်ပေးထားသော ရေဦး-ကလေးဝလမ်းရှိ သက္ကယ်ကျင်းကျေးရွာအုပ်စု၊ ကတိုးဆည်အိုင် စိမ့်စမ်းရေကန်များမှာ ယင်းအိုင်အနီးအနားရှိ သစ်တောများကို အခြေခံလျှက်ရှိရာ ယနေ့ ယင်းစိမ့်စမ်းများ၏ အခြေခံဖြစ်သော ရေထိန်းသစ်တောများကို ခုတ်ထွင်နေကြသည်ကို ကြားသိနေရပါသည်။ တကယ်၍ ယင်းရေထိန်း သစ်တောများကိုသာ ခုတ်ထွင်လိုက်ပါက နောင်အနာဂတ်တွင် စိမ့်စမ်းရေ ကန်များမှာ ပျောက်ကွယ် သွားနိုင်ဖွယ်ရာရှိသည့်အတွက် မိမိအနေဖြင့် စိမ့်ဆန်ရေရရှိရေး၊ သောက်သုံးရေ ရရှိရေးနှင့်အတူ ရရှိထားသော စိမ့်စမ်းရေကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းရန် အတွက် သစ်တောများကို ထိန်းသိမ်းရန် နှင့် ကျခတ္တော ကျေးရွာအုပ်စု သောက်သုံးရေရရှိရေးအတွက် ရေကန်နှင့်ရေပိုက်များ တည်ဆောက်ပေးရန် အစီ အစဉ်ရှိ/မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ရရှိမည်ကို သိလိုပါကြောင်း၊ ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့် သိုမဟုတ် တိုင်းအဆင့်မှ စီမံဆောင်ရွက်မည်ကို သိရှိလိုပါကြောင်မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန ၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန ၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း