ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ ကက္ကူလေးကျေးရွာအုပ်စုသည် ငါးသိုင်းချောင်းမြို့နှင့် ၁၁ မိုင်၊ ရေကြည်မြို့နှင့် ၁၆ မိုင်ခန့် ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာ အုပ်စုတစ်ခုဖြစ်ပြီး ကျေးရွာခွဲ ၄ ရွာ၊ အိမ်ထောင်စု ၃၆၅ စု၊ လူဦးရေ ၁၇၂၈ ဦးတို့ နေထိုင်လျက်ရှိကာ မိုးရာသီကာလတွင် ရေကြီးနစ်မြှုပ်မှုဒဏ် ကို နှစ်စဉ်ကြုံတွေ့နေရ သည့် ဆင်းရဲနွမ်းပါးသော ကျေးရွာတစ်ရွာဖြစ်ပါကြောင်း။ လမ်းပန်းဆက်သွယ်ရေးအရ ခက်ခဲ၍ ဝေးလံသောဒေသဖြစ်ခြင်း၊ ဆင်းရဲနွမ်းပါးသော ကျေးရွာအုပ်စု များဖြစ်ခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပြုနိုင်ရန်အတွက် ကျေးလက်ကျန်းမာရေးဌာန ခွဲတစ်ခုထားရှိရန် အမှန်တကယ်လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကက္ကူလေးကျေးရွာ အုပ်စု ကျေးလက်ကျန်းမာရေး ဌာနခွဲအားခွင့်ပြုချထားပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်း ပါသည်။

