ဒေါက်တာစိုးသူရ ( ကျုံပျော် မဲဆန္ဒနယ်)

အမည်

ဒေါက်တာစိုးသူရ

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/ကပန(နိုင်)ဝ၂၅၆၀၂

မွေးသက္ကရာဇ်/အသက်

၆-၈-၁၉၅၁/(၅၉) နှစ်

မွေးဖွားရာဇာတိ

ရှားခဲကျေးရွာ၊ ကျုံပျော်မြို့နယ်

ပညာအရည်အချင်း

M.B.B.S (Ygn)

လက်ရှိအလုပ်အကိုင်

ပြင်ပဆေးကုခန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသောင်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းရင် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ညိုညိုအေး၊ ၁၄/ကပန (နိုင်) ၀၂၅၆၀၃၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မနှင်းဝေစိုး၊ ၁၄/ကပန (နိုင်)၁၄၂၂၅၂၊ မှီခို

(၂)မောင်စိုးသီဟအောင်၊ ၁၄/ကပန (နိုင်) ၁၉၈၁၆၂၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

ရှားခဲကျေးရွာ၊ ကျုံပျော်မြို့နယ်၊ ဧရာဝတီတိုင်း

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျုံပျော်မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က ဟင်္သာတမြို့နယ် ရှားခဲ အ-မ-က ၊ ရှားခဲ အလယ်တန်းကျောင်းခွဲနှင့် ဟင်္သာတမြို့နယ် အ-ထ-က(၁)တို့၌ ပညာသင်ကြားခဲ့သည်။ ရန်ကုန်မြို့ မင်္ဂလာဒုံဆေးတက္ကသိုလ်(၂)မှ M.B.B.S (Ygn) ဘွဲ့ရရှိခဲ့ သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ အထောင် ကိုယ့်အားကိုယ်ကိုးဆေးရုံ၌ လုပ်ကိုင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၌လည်း နိုင်ငံရေး ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်။လူမှုထူးချွန် တတိယအဆင့် ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။