ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်သူများလူမှုဘဝမြင့်မားတိုးတက်လာရေးနှင့် သင့်တင့် လျောက်ပတ်စွာ နေထိုင်နိုင်ရေးကို ရည်ရွယ်ပြီး သင့်လျော်သည့် နေရာများတွင် တန်ဖိုးသင့်အိမ်ရာ များကို ဆောက်လုပ်ပေးရန် စီမံဆောက်ရွက်လျက် ရှိသည်ကို ဝမ်းမြောက်ဖွယ်သိရှိရပါကြောင်း၊ သို့သော် ပညာရေး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေကြသော လုပ်သက်ရင့် လစာနည်းပညာရေး ဝန်ထမ်းဆရာ/ဆရာမများ အနေဖြင့် အချို့မှာ ကိုယ်ပိုင် အိမ်ရာများဖြင့် နေထိုင်ကြသူများရှိသကဲ့သို့ အချို့မှာ လုပ်သက်ကြာမြင့်စွာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေသော်လည်းပဲ ကိုယ်ပိုင်အိမ်ရာဖြင့် မနေနိုင်ကြသေးသည်ကိုလည်း တွေ့ရှိနေရ ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိမေးမြန်းလိုသည့် မေးခွန်းမှာ တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ပြီးသည့် အခါများတွင် လုပ်သက်ရင့်လစာနည်း ပညာရေး ဝန်ထမ်းဆရာ/ဆရာမများကိုပါ ထည့်သွင်းစဉ်းစားလျက် ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

