ဦးသာဝင်း ( ရန်ကင်း မဲဆန္ဒနယ်)

အမည်

ဦးသာဝင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ကတန(နိုင်)ဝ၁၄၃၀၈

မွေးသက္ကရာဇ်/အသက်

၁၂-၈-၁၉၅၅ /(၅၅)နှစ်

မွေးဖွားရာဇာတိ

ကွနှီးစံပြကျေးရွာ၊ ကျောက်တန်း

ပညာအရည်အချင်း

B.Sc (Phys)

လက်ရှိအလုပ်အကိုင်

တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဆန်ပွဲရုံလုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတိုး (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အုန်းရင် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ဝင်းရီ၊ ၁၂/ကတန(နိုင်)၀၁၄၁၄၇၊ ဆန်ပွဲရုံလုပ်ငန်း

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါ်ခင်ခင်သက်၊ ၁၂/ကတန(နိုင်)၀၇၆၇၅၀၊ လ/ထကြီးကြပ်ရေးမှူး၊ အင်ဂျင်နီယာဌာန(ရေသန့်)၊
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
(၂) ဒေါ်ဖြူဖြူသာဝင်း၊ ၁၂/ရကန(နိုင်)၀၇၃၄၄၆၊ Computer Training Centerလုပ်ငန်း
(၃) ဦးနေလင်းသိန်း၊ ၁၂/ရကန(နိုင်)၀၇၉၇၁၂၊ မြို့နယ်အလုပ်အမှုဆောင်၊ ရန်ကင်းမြို့နယ်၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
(၄)
ဒေါ်နီနီသာဝင်း၊ ၁၂/ရကန(နိုင်)၀၇၃၅၄၃၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

တိုက်(၅) ၂၀၃၊ ရန်အေးလမ်းသွယ်၊ (၅)ရပ်ကွက်၊ ရန်ကင်းမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ရန်ကင်း (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့တွင် အခြေခံပညာများသင်ကြားခဲ့သည်။ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး B.Sc (Phys) ဘွဲ့ရရှိခဲ့သည်။


ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ် ၊ မှော်ဘီသင်တန်းကျောင်းနှင့် ညောင်နှစ်ပင်သင်တန်းကျောင်းတို့တွင် သင်တန်းတက်ခဲ့သည်။


သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၂) သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်း၊ သန်လျင်မြို့ သတ္တုစင်စက်ရုံ၊ ကျောက်တန်းမြို့ စက်အပိုပစ္စည်းအရောင်းဆိုင်နှင့် ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့သည်။


ကျောက်တန်းမြို့နယ် ကြက်ခြေနီအသင်းဝင်ဖြစ်သည်။ အသုံးလုံး လုပ်အားပေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ သည်။ ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားနေစဥ် မြောင်းမြဂုန်နီစက်ရုံ စီမံကိန်းလုပ်အားပေးအဖွဲ့တွင် ပါဝင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ပင်းယဆောင်သာယာရေး ကော်မတီဝင်ဖြစ်သည်။ ကျောက် တန်းမြို့နယ် အရှေ့ပိုင်း အ-မ-က မိဘဆရာအသင်း တွဲဖက်အတွင်းရေးမှူးဖြစ်သည်။ ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးအသင်း တိုင်းအလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုတိုင်းတွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်လျက်ရှိသည်။ အမျိုးသားညီလာခံကိုယ်စားလှယ်၊ တိုင်းရင်းသား လူမျိုးကိုယ်စားလှယ်များ အစုအဖွဲ့ စာတမ်းအဖွဲ့ အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။