(ဂ)-နားဝါကျေးရွာအနီးတွင်ရေလှောင်တာတမံတစ်ခု တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁.၈.၂၀၁၃)

ဦးစိုင်းသီဟကျော် (မိုင်းရယ်) မိမိတို့မြို့နယ်တွင် ရေများခြောက်ခန်းပြီး စိုက်ပျိုးရေနှင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လျက်ရှိရာ စိုက်ပျိုးရေးလုပ်ကိုင်နေသော တောင်သူ လယ်သမားများအတွက် စိုက်ပျိုးရေး အခက်အခဲဖြစ်နေသလို မြို့နယ်လူထုများအနေဖြင့်လည်း သောက်သုံး ရေများပြတ်လပ်သည့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေပါသည်။ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်နေရသော ဒေသခံပြည်သူများအနေဖြင့် ယခုကဲ့သို့ နှစ်စဉ်ရေရှိရေး အခက်အခဲများ ကျော်လွှားနိုင်ရေးအတွက် မြို့အထက်ဘက်ရှိ ရေလှောင်တာတမံတစ်ခုတည်ဆောက်ပြီး ၁၂ ရာသီလုံး ရေပေးဝေနိုင်ရန် ဆောင်ရွက်လိုသည့် ဆန္ဒရှိပြီး နိုင်ငံတော်မှ ဆောင်ရွက်ပေးပါရန် တောင်းဆိုလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်တွင် စိုက်ပျိုးရေနှင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေပါသဖြင့် ပြည်သူများ၏ လိုလားချက်အရ မြို့၏ အထက်ပိုင်း နားဝါကျေးရွာအနီးတွင် ရေလှောင်တာတမံတစ်ခု နိုင်ငံတော်မှ တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် လတ်တလော စိုက်ပျိုးရေနှင့် သောက်သုံးရေ ပြတ်လပ်မှုအခက်အခဲဖြစ်ပေါ်နေမှုကို မည်သည့် ကာလတွင် ဆောင်ရွက်ပေးနိုင်မည်၊ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက ဒေသခံ ပြည်သူများ၏ ရေရရှိရေး အခက်အခဲကို မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်