(ဈ)-ကျွန်းစုမြို့နယ်မှ အခြားဒေသ များသို့ သွားရောက်တာဝန် ထမ်းဆောင်ရသော ဝန်ထမ်းများအား လစာနှစ်ဆ ခံစားခွင့်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁.၈.၂၀၁၃)

ဒေါ်တင်တင်ရီ (ကျွန်းစု) နိုင်ငံတော်သမ္မတကြီး၏ ညွှန်ကြားချက်နှင့်အညီ ဝေးလံခေါင်းပါးပြီး သွားလာရေး ခက်ခဲသည့် ဒေသများသို့ နိုင်ငံ့ဝန်ထမ်းများ အားရှားပါးစရိတ် အပါအဝင် လစာနှစ်ဆကို ခံစားခွင့်ပြုထားရာတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် ပါဝင်ပါကြောင်း၊ သို့ရာတွင် ကျွန်းစုမြို့နယ်အတွင်းရှိ အချို့သော ဌာနဆိုင်ရာ ဝန်ထမ်းများသည် လုပ်ငန်းလိုအပ်ချက်အရ မိမိမြို့နယ်အတွင်းတွင် အထက် အဆင့် ခရိုင်/တိုင်းဒေသကြီးများသို့ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ပေး အပ်ခြင်းခံရပြီး ယင်းခံစားခွင့်ရှိသော လစာ(၂ဆ) ကို ခံစားခွင့်မရှိတော့ကြောင်း၊ အဆိုပါဝန်ထမ်းများသည် လစာ(၂ဆ) ကို ထုတ်ယူပြီး ကာလအတန်ကြာ မှ  ပြန်လည်တောင်းခံခြင်းခံရသဖြင့် ရှိသည့်ပစ္စည်းများကို ပေါင်နှံရောင်းချကာ ထုတ်ယူခဲ့သည့် လစာများကို တစ်ပေါင်းတည်းပြန်လည်၍ စိုက်ထုတ်ပေးလျော် ခဲ့ရပါကြောင်း၊ မိသားစုများသည်လည်း တွဲဖက်တာဝန်ဖြစ်၍ အတူ လိုက်ပါနေထိုင်ခြင်းမပြုနိုင်ပဲ သီးခြားနေထိုင်ရပြီး နှစ်အိမ်ထောင်စနစ်ဖြင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ခရိုင်/တိုင်းဒေသကြီး လိုအပ်ချက်အရ ကျွန်းစုမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာ တွဲဖက်တာဝန်အဖြစ် မိမိဆန္ဒမပါပဲ သွားရောက်၍ တာဝန်ထမ်းဆောင်နေကြ ရသူများအား ယခင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေရသကဲ့သို့ သတ်မှတ်၍ ကျန်ဝန်ထမ်းများ နည်းတူ လစာ(၂ဆ) နှင့် ရှားပါးစရိတ်အပါအဝင် ခံစားခွင့်ပြုနိုင်ခြင်းရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်