(ဂ)-ခန္တီးခရိုင်နှင့် ခန္တီးမြို့နယ် ရဲတပ်ဖွဲ့တို့တွင် လို အပ်သောအဆောက်အအုံများဆောက်လုပ်ပေး ရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂.၁၀.၂၀၁၄)

ဦးလှထွန်း (ခန္တီး) ခန္တီး မြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရဲစခန်းများကို အသီးသီး ဖွင့်လှစ်ထားရှိ ပါကြောင်း၊  ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ ၂၀၁၃ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်စွဲပါစာအမှတ် ၁၆၃၀(၁၄)/၉၀၇/ ၁၀၃၂ လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ ၂၀၁၄ခုနှစ်၊ မတ်လ ၂ ရက်နေ့ ရက်စွဲပါ စာအမှတ် ၁၀၀၂(၀၂)/၉၀၇၊ ၁၀၀၃ ဖြင့်လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့ရုံးတစ်လုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတစ်လုံး၊ မြို့နယ်စခန်းရုံးနှင့် အချုပ်ခန်း တွဲလျက်အဆောက်အဦးတစ်လုံး၊ လုံးချင်းနေအိမ်နှစ်လုံး၊ နှစ်ခန်းတွဲ အိမ်ရာ နှစ်လုံးနှင့် လေးခန်းတွဲအိမ်ရာတစ်လုံး၊ ခြောက်ခန်းတွဲအိမ်ရာတစ်လုံး ဦးစားပေးဆောက် လုပ်ရန် လိုအပ်ကြောင်း တင်ပြထားသည်ကို တွေ့ရရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါလိုအပ်လျက်ရှိသော  အဆောက်အဦများကို မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၏ တပ်ဖွဲ့ ကွပ်ကဲမှုအောက်တွင် ခန္တီး၊ ဟုမ္မလင်း၊ လဟယ်၊ လေရှီး၊ နန်းယွန်း စသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး (၅) ရုံး၊ မြို့မရဲစခန်း ၅ ခု၊ နယ်မြေရဲစခန်း ၁၀ ခုနှင့် ရဲကင်းစခန်း ၁၇ ခုဖြင့်  ဖွဲ့စည်းတာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ခန္တီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ရုံးအဆောက်အဦး ၂ လုံး၊ လူနေ အဆောက်အဦးတစ်လုံး၊ လေးခန်းတွဲ ၂ လုံး စုစုပေါင်း နေအိမ်လိုင်းခန်း(၉)ခန်းနှင့်  (၃၀)ဆံ့ လူပျိုဆောင် (၁)လုံး၊ ခန္တီးမြို့နယ်ရဲတပ်ဖွဲ့တွင် ရုံး အဆောက်အဦ (၁)လုံး၊ ရဲစခန်းအဆောက်အဦး (၃)လုံး၊ လူနေအဆောက်အဦ (၆) လုံး၊ လေးခန်းတွဲ (၆)လုံး၊ ခြောက်ခန်းတွဲ (၁)လုံး စုစုပေါင်းနေအိမ်လိုင်းခန်း (၃၆)ခန်းနှင့် (၃၀)ဆံ့လူပျိုဆောင် (၂) လုံး၊ ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့တွင် ရုံးအဆောက်အဦ (၁)လုံး၊ ရဲစခန်းအဆောက်အဦ (၅) လုံး၊ လူနေ အဆောက်အဦ လုံးချင်း (၁၁)လုံး၊ နှစ်ခန်းတွဲ (၁၃)လုံး၊ သုံးခန်းတွဲ (၃) လုံး၊ လေးခန်းတွဲ (၁၂) လုံး၊ စုစုပေါင်းနေအိမ်လိုင်းခန်း (၉၄) ခန်းတို့ရှိပါတယ်။ လေရှီးမြို့နယ်ရဲတပ်ဖွဲ့တွင် ရုံးအဆောက်အဦ (၁)၊  ရဲစခန်းအဆောက်အဦ (၁)၊ လူနေအဆောက်အဦး (၄) လုံး၊ နှစ်ခန်းတွဲ (၃)လုံး၊ လေးခန်းတွဲ (၅)လုံး၊ ခြောက်ခန်းတွဲ (၁၀) လုံး၊ စုစုပေါင်းနေအိမ်လိုင်းခန်း (၉၀)ခန်း၊ (၃၀)ဆံ့လူပျိုဆောင်(၂) လုံး၊ လဟယ် မြို့နယ်ရဲတပ်ဖွဲ့တွင် ရုံးအဆောက်အဦး(၁)လုံး၊ ရဲစခန်းအဆောက်အဦ (၂) လုံး၊ လူနေအဆောက်အဦး နှစ်ခန်းတွဲ (၁) လုံး၊ လေးခန်းတွဲ (၅) လုံး၊ ခြောက်ခန်းတွဲ (၈) လုံး၊ စုစုပေါင်း နေအိမ်လိုင်းခန်း (၇၀) ခန်းနှင့် (၃၀)ဆံ့လူပျိုဆောင(၂) လုံး၊ နန်းယွန်းမြို့နယ်ရဲတပ်ဖွဲ့တွင် ရုံးအဆောက်အဦး (၂) လုံး၊ ရဲစခန်းအဆောက် အဦ (၃) လုံး၊ လူနေအဆောက်အဦ နှစ်ခန်းတွဲ (၃) လုံး၊ သုံးခန်းတွဲ (၂) လုံး၊ လေးခန်းတွဲ (၄) လုံး၊ ခြောက်ခန်းတွဲ(၁၁) လုံး၊ စုစုပေါင်းနေအိမ်လိုင်းခန်း (၉၄) ခန်း၊ (၃၀)ဆံ့လူပျိုဆောင် (၃)လုံးရှိကြပါကြောင်း၊  သို့ဖြစ်ပါ၍ ခန္တီးခရိုင်ရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်တွင် စုစုပေါင်း ရုံးအဆောက်အဦ (၈) လုံး၊ ရဲစခန်း အဆောက်အဦး (၁၄) လုံး၊ နေအိမ်လိုင်းခန်း (၄၁၇) ခန်း၊ (၃၀)ဆံ့လူပျို ဆောင် (၁၀) လုံးတို့ ရှိပါကြောင်း။ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်အင်အားနှင့်  မိသားစုများအတွက် အဆောက် အဦ လိုအပ်ချက်အရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ခန္တီးခရိုင် ရဲတပ်ဖွဲ့တွင် အချုပ်ခန်းပါသော စခန်းရုံး တစ်ထပ် (၃)လုံး၊ ခြောက်ခန်းတွဲ တစ်ထပ် (၃)လုံး၊ (၃၀) ဆံ့လူပျိုဆောင် (၄)လုံးအတွက် ဘဏ္ဍာငွေ ခွဲဝေရရှိသည့်အတွက် စိုးစံထွန်းကုမ္ပဏီမှ ဆောက်လုပ်လျက်ရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ခန္တီးခရိုင်ရဲတပ်ဖွဲ့တွင်ရှိသော ကောင်းဟိန်းနှင့် ထမံသီနယ်မြေရဲစခန်း(၂)ခုအတွက် ခြောက်ခန်းတွဲတစ်ထပ် (၂) လုံး၊ ရပ်နား၊ ကပ်သာ၊ ပုတ်သို၊ ရဲကင်းစခန်း(၃)ခုအတွက် ခြောက်ခန်းတွဲတစ်ထပ် (၃) လုံး၊ ရန်ပုံငွေ ခွင့်ပြုခဲ့သဖြင့် တင်ဒါအောင်မြင်သော ရွှေတောင်ပေါ်ကုမ္ပဏီနှင့် ၂၀၁၄ ခုနှစ် လုပ်ငန်းအပ်နှံခြင်း စာချုပ် ချုပ်ဆိုကာ ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှစ၍ အဆောက်အဦများကို စတင် ဆောက်လုပ်နေပြီဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။