ဦးလှထွန်း( ခန္တီး မဲဆန္ဒနယ်)

အမည်

ဦးလှထွန်း

အခြားအမည်

ဦးလဲထွား (ငယ်နာမည်)

လူမျိုး/ဘာသာ

နာဂ / ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/လရန(နိုင်)၀၀၀၄၁၃

မွေးသက္ကရာဇ်/အသက်

၁၀-၂-၁၉၅၀/(၅၉ နှစ် ၁၀ လ)

မွေးဖွားရာဇာတိ

ဒိန်းဂလိန်းစံပြရွာ

ပညာအရည်အချင်း

အခြေခံပညာ အထက်တန်းအောင် (ဖွံ့ဖြိုးရေးကျောင်းဆင်း)

လက်ရှိအလုပ်အကိုင်

ခရိုင်အုပ်ချုပ်ရေးမှူး၊ (အငြိမ်းစား)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလွှာဖယ် (ကွယ်လွန်)

အမိအမည် မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဆယ်ရီချော (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နီနီမြင့်၊ ၅/လရန(နိုင်)၀၀၀၁၀၆၊

ဒုတိယကျောင်းအုပ်၊ လူငယ်သင်တန်းကျောင်း၊ လေရှီးမြို့

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမူမူထွန်း(ခ)မဆာလူးချို၊ ၅/လရန(နိုင်)၀၀၀၀၃၄၊ ကုန်သည်၊ လေရှီးမြို့

(၂) မခိုင်ဆွေထွန်း(ခ) မလဖယ်ချော၊ ၅/လရန(နိုင်)၀၀၃၄၇၇၊ စာရေး၊ ထွေဦးစီး၊ လေရှီးမြို့

(၃) မောင်မြင့်သိန်းထွန်း(ခ)မောင်ဖူသော်ကဲ၊ ၅/လရန(နိုင်)၀၀၂၉၀၆၊ ကုန်သည်၊ ထမံသီ၊ ဟုမ္မလင်းမြို့နယ်

(၄) မသီရိချော၊ ၅/လရန(နိုင်)၀၀၄၇၁၀၊ ဆရာဝန်၊ မန္တလေးမြို့

(၅) မညွယ်သီးချယ်၊ ၅/လရန(နိုင်)၀၀၃၉၈၈၊ ကုန်သည်၊ လေရှီးမြို့

အမြဲတမ်းနေရပ်လိပ်စာ

နောင်ပကျစ်ရပ်ကွက်၊ ဟုမ္မလင်းမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ခန္တီးမြို့၊ မဲဆန္ဒနယ် (၇၄) (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ငယ်စဥ်က အခြေခံပညာကို မုံရွာမြို့ ရှောက်ခါးရပ်ကွက် အ-မ-က၊ လေရှီးမြို့ အ-မ-ကနှင့် ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာ အ-လ-ကတို့ သင်ယူခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး သိပ္ပံကျောင်းတွင် ဆက်လက်သင်ယူခဲ့သည်။

 လေရှီးမြို့ အ-မ-ကတွင် လက်ထောက်မူလတန်းပြဆရာအဖြစ်လည်းကောင်း၊ မူလတန်းကျောင်းအုပ် အဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ လေရှီးမြို့ မြို့မဌာန ပြည်သူ့စစ်တွင် စစ်ခေါင်းဆောင်အဖြစ်လည်းကောင်း၊ လေရှီးမြို့နယ် ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ လေရှီးမြို့နယ် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတွင် ဦးစီးအရာရှိအဖြစ်လည်းကောင်း၊ လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ လေရှီးမြို့ မြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ခန္တီးခရိုင်အထွေထွအုပ်ချုပ် ရေးဦးစီးဌာနတွင် ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။

 လေရှီးမြို့ ပါတီစု အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကောင်စီတွင် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ (ကုန်သွယ်ရေး၊ သမဝါယမအသင်း၊ သယ်ယူပို့ဆောင်ရေး)တွင် တာဝန်ခံအဖြစ် လည်းကောင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

 နိုင်ငံတော်မှချီမြှင့်သော စီမံထူးချွန် (တတိယဆင့်)၊ ငြိမ်ဝပ်ပိပြားမှုနှင့်တရားဥပဒေစိုးမိုးရေးဘွဲ့တံဆိပ်၊ ပြည်သူ့ဝန်ထမ်းဘွဲ့တံဆိပ်များရရှိခဲ့သည်။