အရှေ့ကမ်းဖြူကျေးရွာအလယ်တန်းကျောင်းသည် ၁၉၇၂ ခုနှစ်က မူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၃၆ နှစ်ကြာပြီး ၂၀၀၈ ခုနှစ်တွင် အလယ်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ခဲ့ပါကြောင်၊ ကျောင်းသားဦးရေအားဖြင့် မူလတန်းတွင် ၁၅၆ ဦးနှင့် အလယ်တန်းတွင် ၂၃၅ ဦး ပေါင်း ၃၉၀ ခန့်ရှိပြီး အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ရတု၊ တောင်ပလူဥယျာဉ်စု၊ ဒဲပြား၊ ခန့်တော ကျေးရွာများပါ လာရောက်ပညာသင်ကြားကြပါကြောင်း၊ အဆိုပါ ကျောင်းသည် ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့၏ အစွန်အဖျားတွင် တည်ရှိပါကြောင်း၊ အနီးဆုံး အ.ထ.က(ခွဲ)ကျောင်းသည်လည်း ၁၅ မိုင်ခန့်ကွာဝေးသည့် အရာတော်ကျေးရွာတွင်တည်ရှိပြီး မိုးရာသီတွင် သွားလာရန်ခက်ခဲပါကြောင်း၊ အရှေ့ကမ်းဖြူကျးရွာအလယ်တန်းကျောင်းခွဲကို အလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် တိုးမြှင့်ပေးနိုင်မည့် နှစ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ မြို့နယ် အရှေ့ကမ်းဖြူကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)တွင် စုစုပေါင်းအလယ်ဆင့်
သင်ကျောင်းသား ၂၃၅ ဦးရှိပြီး အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် အလယ်ဆင့်သင်ကျောင်းသား ၂၄၀ ဦးနှင့် အထက်ရှိရမည်ဖြစ်ပါ၍ သတ်မှတ်မူဘောင်နှင့် ကိုက်ညီမှုမရှိ၍သော်လည်းကောင်း၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဖွဲ့စည်းပုံခွင့်ပြုချက်ရရှိခဲ့သော အခြေခံပညာအလယ်တန်းကျောင်း အရေအတွက်အားလုံးကို အဆင့်တိုးမြှင့်ပေးခဲ့ပြီးဖြစ်၍ သော်လည်းကောင်း ၂၀၁၅-၁၆ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
