ဦးပိုက်ကို ( ပခုက္ကူမဲဆန္ဒနယ်)

အမည်

ဦးပိုက်ကို

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/ပခက(နိုင်) ၀၁၇၁၁၁

မွေးသက္ကရာဇ်/အသက်

၂၅-၅-၁၉၅၁/(၆၅)နှစ်

မွေးဖွားရာဇာတိ

ပခုက္ကူမြို့

ပညာအရည်အချင်း

ဓာတုဗေဒ(နောက်ဆုံးနှစ်)

လက်ရှိအလုပ်အကိုင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတင်ဖေ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ထွေးခင်၊ ၈/ပခက(နိုင်)၂၇၆၀၂၉၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မသက်မွန်ကို၊ ၈/ပခက(နိုင်) ၁၉၇၅၂၂၊ (NGO)

(၂) မသီရိကို၊ ၈/ပခက(နိုင်)၂၀၂၉၈၈၊ (မူလတန်းပြ)

(၃) မနိုနိုကို၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

၁၃၅၊ မြို့မလမ်း၊ အမှတ်(၈)ရပ်ကွက်၊ ပခုက္ကူမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုကော်မတီဝင်)

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပခုက္ကူမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်ကအခြေခံပညာကို ပခုက္ကူမြို့၊ အ.ထ.က (၂)၊ အ.ထ.က(၁)တို့တွင် သင်ယူခဲ့သည်။ မကွေးဒီဂရီကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ဓာတုဗေဒ အဓိကဘာသာရပ်ဖြင့် သင်ကြားခဲ့ပြီး နောက်ဆုံးနှစ်အထိ တက်ရောက်ခဲ့သည်။ အရောင်းအဝယ်လုပ်ကိုင်ခဲ့သည်။
မြို့နယ်စည်းရုံးရေးမှူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ H.I.V လူနာကူညီစောင့်ရှောက်ရေးနှင့် အနာကြီးရောဂါကူညီစောင့်ရှောက်ရေးတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၉၁ ခုနှစ်၊ ဧပြီလ (၃၀)ရက်တွင် စင်ပြိုင်အစိုးရတည်ထောင်မှုဖြင့် စစ်ခုံရုံးမှ ပုဒ်မ ၁၂၂(၁)ဖြင့် ထောင်(၂၅)နှစ်ကျခံခဲ့ရပြီး ၂၀၀၇ ခုနှစ် သံဃာအရေးအခင်းတွင် သရက်ထောင်၌ (၁)လခန့် ထိန်းသိမ်းခံခဲ့ရသည်။