(ဂ)-ကလေးဝမြို့နယ်ရှိလျှပ်စစ်မီးမရရှိသည့်ကျေးရွာ များအားဆိုလာမီးများရရှိရေးတင်ပြချက်အပေါ်ဆောင် ရွက်ထားမှု အခြေအနေကို သိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၃၁.၁၂.၂၀၁၅)

ကလေးဝမြို့နယ်သည် ချင်းတွင်းမြစ်နှင့် ကလေးဝမြစ်သာမြစ်တို့၏ အစုံ ချင်းတွင်းမြစ်၏ အနောက် ဘက်ကမ်းတွင်ဦးစိုးသိမ်း (ကလေးဝ) တည်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၁၂၅ ရွာ၊ အိမ်ထောင်စုပေါင်း ၉၅၉၆ စု၊ လူဦးရေပေါင်း ၄၇၈၈၄ ဦးရှိပြီး လျှပ်စစ်မီးသည့်လည်း မြို့တစ်မြို့တည်းသာသုံးစွဲနိုင်ပါကြောင်း၊ မဟာဓာတ်အားလိုင်းဖြတ်ကျော်လာပါလည်းကောင်း၊ ကျောက်မီးသွေးဖြင့် လျှပ်စစ်မီးထုတ်ပါ လည်း ကောင်း ချင်းတွင်းမြစ်အရှေ့ဘက်ရှိ ကျေးရွာအုပ်စု ၃၀ တွင် လျှပ်စစ်မီးရရှိနိုင်မည် ဟုမျှော်လင့်ခဲ့ ပါ ကြောင်း၊ ယခုအခါ လျှပ်စစ်ကျောက်မီးသွေးစက်ရုံအနေဖြင့် မဟာဓာတ်အားလိုင်းသည် မော်လိုက်ကို လက်ဆေးကန်က တစ်ဆင့် ဖြတ်ကျော်မည်ြ့ဖစ်သည့်အတွက် မိမိတို့ကျေးရွာများတွင် မီးလင်းနိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ ကျေးရွာများ လျှပ်စစ်မီးသုံးစွဲနိုင်ရန်   ဆိုလာမီးများ တပ်ဆင် ဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းလိုပါကြောင်း၊ ကလေးဝမြို့နယ်တွင် ကျေးရွာအုပ်စု ၁၂၅ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စု ၂၄ အုပ်စုတွင် ဆိုလာမီး ၃၀၀ သာ ရရှိထားပါကြောင်း၊ ကျွန်တော်တို့ပြောမယ်ဆိုရင် မိမိတို့အနေဖြင့် လျှပ်စစ်မီးကို ယနေ့အထိ ထုတ်ပေးနိုင်ခြင်းလည်း မရှိသည့်အတွက်ကြောင့် ကျေးရွာများတွင် လျှပ်စစ်မီးသုံးစွဲနိုင်ရန်အတွက် ဆိုလာမီးတပ်ဆင်ပေးရန်နှင့်  လျှပ်စစ်မီးလင်းရေးကို ကျေးရွာအရောက် ခွဲတမ်းနှင့်အညီ ချထားပေးနိုင်မှုရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ

ဒုတိယဝန်ကြီး ဦးတင်ငွေစစ်ကိုင်းတိုင်းဒေသကြီးအတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၄၅ ရွာ၊ ဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း ၁၉၄ ရွာ စုစုပေါင်း ၂၃၉ ရွာ လျှပ်စစ်မီးသွယ်တန်းနိုင်ရန်အတွက် ရန်ပုံငွေ ၄၅၈၄.၆၂၃ သန်း ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ကလေးဝမြို့နယ်တွင် ကျေးရွာပေါင်း ၁၂၅ ရွာ ရှိသည့်အနက် ၁၂ ရွာသည် လျှပ်စစ်မီးရရှိရန် ကျန်ရှိပါ ကြောင်း၊ ၂၀၃၀ ခုနှစ်တွင် တစ်မျိုးသားလုံးလျှပ်စစ်မီးရရှိရေး National Electric Plan (NEP)အရ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မဟာဓာတ်အားလိုင်းပြင်ပ စနစ် (Off-Grid)မှ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊  စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် မဟာ ဓာတ်အားလိုင်းမှ နောက်ထပ် ၁၀ နှစ်အထိ လျှပ်စစ်မီး မရရှိနိုင်သည့် ကျေးရွာများ၊  11KV လိုင်းက ၁၀ မိုင်အထက် ကွာဝေးသည့်ကျေးရွာများ၊ မီးလင်းရန် ရာခိုင်နှုန်းနည်းသည့် ကျေးရွာများ၊ လျှစ်စစ်မီးရရှိရန် ကုန်ကျငွေကို ပြည်သူဘက်မှ ၁၀ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းအထိ ကျေးရွာများကို ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ NEP Plan အရ Solor System ကို စနစ်ကို တစ်အိမ်သုံး Solar စနစ်ဖြင့် ဆောင်ရွက်ရာတွင် အမျိုးအစားသုံးမျိုးဖြင့် ဆောင်ရွက်ထားပါကြောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဦးစီးဌာနအနေဖြင့် NEP စီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မင်းကင်းမြို့နယ် ၂၆ ရွာ၊ တမူးမြို့နယ် ၃ ရွာ၊ မော်လိုက်မြို့နယ် ၁၀ ရွာ၊ ဖောင်းပြင် ၁၀ ရွာ၊ ဝက်လက်မြို့နယ် ၄ ရွာနှင့် တန့်ဆည်မြို့နယ် ၁၃ ရွာ စုစုပေါင်းကျေးရွာ ၆၆ ရွာအတွက် အိမ်ပေါင်း ၇၆၈၀ ကို ဆိုလာစနစ်ဖြင့် နှစ်ရှည်ခံ ကောင်းမွန်ရန် လျာထားဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် 11 KV ဓာတ်အား လိုင်း၏ နှစ်မိုင်အတွင်းရှိ  ကျေးရွာများကို  ၂၀၁၆-၁၇ ကစတင်ပြီး လျှပ်စစ်မီးလင်းရေးကို တိုးချဲ့ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝ မြို့နယ်ရှိ ကျေးရွာများအနက် ပြည်သူ့ ထည့်ဝင် ငွေဖြင့် ဆောင်ရွက်ရန်တင်ပြထားသည့် ကျေးရွာများသည်  11 KV လိုင်းနှင့် ၁၀ မိုင်အတွင်း ကျေးရွာများ ဖြစ်သည့်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ နှစ်စဉ် တိုးချဲ့မည့် အစီအစဉ်တွင် ပါဝင်မည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ လျာထားစာရင်းတွင်  ထည့်ပေးထားခြင်း မရှိပါကြောင်း၊ 11 KV လိုင်းတွင် ၁၀ မိုင်အထက်ကွာသည့် ကျေးရွာတွေဖြစ်ခဲ့ပါက ပြည်သူထည့်ဝင်ငွေနှင့် ဆောင်ရွက်လိုကြောင်းထပ်မံပြီး တင်ပြမှုများရှိပါက လျာထား ထည်‌့သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။