မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၏ ၁ မိုင်အကွာခန့်တွင်ရှိသည့် မြို့ရှောင်လမ်းသည် ရန်ကုန် - ပြည်လမ်းနှင့် ရန်ကုန်-မန္တလေးလမ်းကို
ဆက်ထားသည့် လမ်းဖြစ်ပြီး မန္တလေးမှ ပြည်ကိုသွားလာရာတွင် အသုံးပြုပါကြောင်း၊ ၎င်းလမ်းမအပေါ်တွင် သံလွင်ပင်ကျေးရွာအုပ်စုနှင့် ကွက်ကြီးကျေးရွာ အုပ်စုဟူ၍ ကျေးရွာ အုပ်စု ၂ အုပ်စု ရှိပါကြောင်း၊မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့မှ ရေများသည် အဆိုပါ မြို့ရှောင်လမ်းပေါ်ကို အမြဲစီးဆင်းလျှက်ရှိပါကြောင်း၊ ထိုု့ပြင် အဆိုပါ လမ်းတွင် ကားပတ်(ခ်)မရှိသည့်အတွက် လမ်းကိုကျော်ပြီး ရေများ စီးဆင်းလျက်ရှိသောကြောင့် ကားများ သွားလာ၍ မရနိုင်သည့်အထိ ပျက်စီးခဲ့ ပါကြောင်း၊ အကယ်၍ အဆိုပါမြို့ရှောင်လမ်းသာ ကောင်းမွန်ခဲ့မည်ဆိုပါက လမ်းဆုံရှိ ကားကြပ်မှုလည်း တစ်စိတ် တစ်ဒေသနည်းပါးသွားမည်ဖြစ်ပါကြောင်း၊ ၊ ထို့ကြောင့် မြို့ရှောင်လမ်းကို ပြုပြင်ပေးရန်နှင့် ကားပတ်(ခ) ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆေင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ရှိ ရန်ကုန်-မန္တလေးအမှတ်(၁)လမ်းနှင့် ရန်ကုန်-ပြည်လမ်းတို့ကို ဆက်သွယ်သော မြို့ရှောင်လမ်း အပေါ်ရှိ ရေများသည် အမြဲစီးဆင်းနေသည့်အတွက် ရေစီးရေလာ ကောင်းမွန်စေရန် ကားပတ်(ခ) ပြုလုပ်ပေးရန်နှင့် လမ်းပြုပြင်ပေးရန်အတွက် Max Highway ကုမ္ပဏီမှ BOT စနစ်ဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိရေးအတွက် ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်းနှင့် BOT စနစ်ဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိရေးနှင့် ပြု ပြင်ပေးမည့် အစီအစဉ်ရှိပါကြောင်း ရှင်လင်းဖြေကြားပါသည်။
