မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆိတ်ထိန်းရွာနှင့် ကမ်းဖြူရွာအနီး မြေအောက်တွင် သဘာဝဓာတ်ငွေ့သိုက် ရှိကြောင်း၊ မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနတွင် ပါမောက္ခအဖြစ် နှစ်ပေါင်းများစွာ တာဝန် ထမ်း ဆောင်သွားခဲ့သော Mr.T.O MORRIS က မိမိနှင့်အတူ ကျောက်ခေတ်နှောင်းဒေသတွင် လိုက်လံရှာဖွေရင်း လွန်ခဲ့သောနှစ် ၄၀ က ပြောကြားသွားပါကြောင်း၊ သဘာဝဓာတ်ငွေ့ရရှိပါက တာဘိုင်ဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စမ်းသပ်ထုတ်လုပ်နိုင်ပါကြောင်း၊ အကယ်၍ သဘာဝဓာတ်ငွေ့ရရှိပါက မင်းဘူးကန်ကထုတ်လိုက်သော သဘာဝတာဘိုင်နှင့် မင်းဘူးတစ်မြို့လုံး၊ တောင်တွင်းကြီးတစ်မြို့လုံး၊ မကွေးတစ်မြို့လုံးကို လျှပ်စစ်မီးပေးဝေနေပါကြောင်း၊ မိမိတို့ ပုဂံညောင်ဦးဒေသ၏ မျက်နှာချင်းဆိုင်ဖြစ်သော ကျွန်းချောင်းကလည်း ဂက်(စ်)တာဘိုင်ဖြင့် မုံရွာ၊ ပခုက္ကူအထိ ပေးဝေနိုင်ပါကြောင်း၊ ယခုလည်း ဆိတ်ထိန်းရွာနှင့် ကမ်းဖြူရွာအနီး မြေအောက်မှ သဘာဝဓာတ်ငွေ့ရရှိပါက အနီးနားရှိ ကျေးရွာများ၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများ၊ ညောင်ဦးမြို့နယ်ရှိ ကျေးရွာများကို လျှပ်စစ်မီးပေးနိုင်ပါကြောင်း၊ ထို့ကြောင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကျောက်ပန်းတောင်းမြို့နယ်၊ ဆိတ်ထိန်းရွာနှင့် ကမ်းဖြူရွာအနီး မြေအောက်မှ သဘာဝဓာတ်ငွေ့ရရှိပါက တာဘိုင်ဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးလင်းနိုင်ရေး အတွက် စမ်းသပ်ထုတ်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကျောက်ပန်းတောင်းမြို့နယ်၊ ကမ်းဖြူကျေးရွာနှင့် ဆိတ်ထိန်းကျေးရွာအနီး ဒါတစ်ပတ်ဆသည့် ဘူမိဗေဒအနေအထား Structure ရှိပါကြောင်း၊ ထို Structure တွင် ၁၉၀၆ ခုနှစ်က Burmah Oil Company က ရေနံရှာဖွေရေး ပြုလုပ်သောနေရာတွင် ထိုနေရာတွင် (၄) တွင်းတူးပြီး အနက် ပေ ၂၆၀၀ ခန့်အထိ တူးခဲ့ရာ အနက်ပေ ၈၅၀ ခန့်သာ ဓာတ်ငွေ့အနည်းငယ် တွေ့ရှိခဲ့ရပါကြောင်း၊ Union Oil Company ကလည်း ထိုနေရာနှင့် အနီးတွင် တစ်တွင်းတူးဖော်ရာ အနက်ပေ ၉၈၅ ခန့်သာ သဘာဝဓာတ်ငွေ့အနည်းငယ်ပဲ စမ်းသပ်တွေ့ ရှိခဲ့ပြီး နောက်ပိုင်း YOSEL ကုမ္ပဏီက တစ်တွင်းတူးသည့်နေရာတွင် ရေနံဓာတ်ငွေ့မတွေ့ရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့ ထိုဒေသကို ၁၉၈၀ ပတ်ဝန်းကျင်က ယင်းလုပ်ကွက်အနေဖြင့် တစ်ရက်စီအပြီး Production Shale Contract လုပ်ရန် E ဟူ၍ သတ်မှတ်ပြီး နိုင်ငံခြားရေနံကုမ္ပဏီများကို ဖိတ်ခေါ်သည့်နေရာတွင် ၁၉၉၂ ခုနှစ်၌ နိုင်ငံခြားရေနံ ကုမ္ပဏီဖြစ်သော ကနေဒါနိုင်ငံမှ Petro Canada ရေနံကုမ္ပဏီက ယင်းလုပ်ကွက်ကို ထုတ်လုပ်မှုပေါ် ခွဲယူခံစားခြင်းစာချုပ် ချုပ်ဆိုပြီး နဝရတ်တွင်းနံပါတ်(၁)နှင့် ကဗတ်(မြောက်-၁)ဟူ၍ တစ်တွင်းတူးခဲ့ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိမှု မရှိသည်နှင့် လုပ်ကွက်ကို စွန့်ခွာခဲ့ပါကြောင်း၊ ၎င်းတို့စွန့်ခွာသွားသည့်နောက် သူတို့တိုင်းတာရရှိသော အချက်အလက်များအပေါ် မူတည်ပြီး မိမိတို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက နဝရတ်တွင်း(၂)၊ နဝရတ်တွင်း(၃)၊ ကျွဲကန်တွင်း(၁)၊ မြင်းမူ၊ ထီးဘူး ကဲ့သို့ အစမ်းတွင်းများ ဆက်လက်တူးဖော်ခဲ့ရာ ရေနံနှင့် သဘာဝဓာတ်ငွေ စမ်းသပ်ရရှိမှု မရှိခဲ့ပါကြောင်း၊ သို့သော် ယခုအချိန်တွင် ယင်းလုပ်ကွက်ကို စိတ်ဝင် တစားရှိသော Asia Orient International ကုမ္ပဏီက PSC စာချုပ်ချုပ်ပြီး ရှာဖွေနေပါကြောင်း၊ လွန်ခဲ့သည့်နွေရာသီက Submit, two dimensional Submits စာတွေ့တွေတိုင်းပြီး Processing နှင့် Underproduction လုပ်နေပါသဖြင့် ရရှိသည့် Results ကောင်းမွန်ပါက ယင်းဒေသများတွင် အစမ်းတွင်းများ ထပ်တူးပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မည်ဆိုပါက စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး သဘာဝဓာတ်ငွေ့တာဘိုင်များနှင့် ကျေးရွာတွေမီးလင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
