(က)- ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများတွင်မတော် တဆ ပေါက်ကွဲမှုမျိုးမဖြစ်ပွားစေရေးနှင့်ဖြစ်ပွားနိုင် သည့် အလားအလာကို ကြိုတင်သိရှိနိုင်ရေးအစီ အမံများ ရေးဆွဲသတ်မှတ်နိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၇.၁၀.၂၀၁၄)

သူရဦးအေးမြင့် (ဝက်လက်)၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် တရုတ်နိုင်ငံတိုင်ပေမြို့၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ကောင်စီ အဲမ်းမြို့တွင် မြေအောက် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးတော့ မှ လူ ၂၇ ဦး သေဆုံးပြီး ၂၇၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်းနှင့် အပျက်အစီအဆုံးအရှုံး များပြားစွာရှိကြောင်းကို ရေးသားထားသည့် သတင်းတစ်ပုဒ်ဖတ်ခဲ့ရပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်လည်း ဖောက်လုပ်ပြီးစီးခဲ့သော ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကနေ စတင်ကာ တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ်အထိ ဆက်သွယ်ထားသော ဓာတ်ငွေ့ပိုက်လိုင်း အတွက် စိုးရိမ်ပူပန်စိတ်များ ပြည်သူများအတွင်း မှာ ပေါ်ပေါက်ခဲ့ပါကြောင်း၊ ယင်းဓာတ်ငွေ့ပိုက်လိုင်းကြီးသည် ကီလိုမီတာ ၁၅၀၀ ခန့်ရှည်လျားပြီး မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ၈၀၀ အရှည်ရှိပြီး ဓာတ်ငွေ့ ပိုက်လိုင်းရာနှုန်းပြည့်သုံးမည်ဆိုပါက တစ်နေ့လျှင် ဓာတ်ငွေ့ကုဗပေ သန်းပေါင်း ၅၀၀ ခန့် ပို့လွတ်နိုင် သည်ကိုလည်း သိရှိရပါကြောင်း၊  

ထို့ကြောင့် မြန်မာ-တရုတ်ဆက်စပ် ဖောက်လုပ်ထားသော ဓာတ်ငွေ့ ပိုက်လိုင်းကိုလည်း မြေအောက်ကို မည်သို့ိုမြှုပ်ထားသည်နှင့် ပိုက်လိုင်းအနားရှိ ကျေးရွာနှင့် မြို့များ၊ လမ်းများ လုံခြုံရေးစီမံများ မည်သို့ စီမံဆောင်ရွက် ထားသည်ကိုတို့ကိုလည်းကောင်း၊ ယင်းအစီအမံများသည်လည်း မည်သို့စိတ်ချရသည် ဆိုသည်ကိုလည်းကောင်း ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စိတ်များဖြစ်ပေါ်လျက်ရှိပါကြောင်း၊ လာတာရှိပါ တယ်။ နိုင်ငံတော်စီမံကိန်းလုပ်ငန်းကြီးများသည် နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်သည့် နိုင်ငံတော်၏ အနာဂတ်လည်းဖြစ်သည့်အပြင် ရေရှည်တွင် နိုင်ငံတော်အကျိုးပြုသည့် ယင်းစီမံကိန်းများတွင် လုံလောက်သော လုံခြုံရေးအစီအမံများရှိရန် လိုအပ်မည်ဖြစ်ပါသောကြောင့် မြန်မာ-တရုတ် ဆက်သွယ် ဖောက်လုပ်ခဲ့သော ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် မတော်တဆပေါက်ကွဲမှုမျိုး မဖြစ်ပွားစေရေး၊ ဖြစ်ပွားနိုင်သော အလားအလာကို ကြိုတင်သိရှိနိုင်ရေး သည့်အစီအမံများ ရေးဆွဲသတ်မှတ်ထားခြင်းရှိ/မရှိကို လည်းကောင်း။ အခြားအလားတူစီမံကိန်းများတွင်လည်း ပြည့်စုံသော လုပ်ငန်းအစီအမံများ ရေးဆွဲသတ်မှတ်ထားခြင်း အစီအစဉ်ရှိ/မရှိနှင့် အခြေအနေ မှန်များကို ပြည်သူသို့ပွင့်လင်းမြင်သာစွာ အချိန်မီအသိပေးရန် အတွက်သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
စွမ်းအင်ဝန်ကြီးဌာန ဦးအောင်ထူး
အဖြေ

စွမ်းအင်ဝန်ကြီးဌာန ဦးအောင်ထူးအရှေ့တောင်အာရှ ရေနံနှင့်သဘာဝပိုက်လိုင်း (တရုတ်-မြန်မာရေနံနှင့်သဘာဝပိုက်လိုင်း) လုံခြုံရေးနှင့် ပတ်သက်ပြီး ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ ထပ်မံ၍ပိုက်လိုင်းပေါကခြင်းကို ကာကွယ်မှုရှိ/ မရှိကိုလည်း နောက်ပိုင်းဆက်လက် ဖြေကြားသွားမည့် အစီအစဉ်များ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊

အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရာတွင် ပိုက်လိုင်းလုံခြုံ စိတ်ချရေးအတွက် ပစ္စည်းအမျိုး အစားရွေးချယ်ခြင်း၊ ဒီဇိုင်းထုတ်လုပ်ခြင်း၊ ပိုက်လိုင်းတည်ဆောက် ခြင်းလုပ်ငန်းအား အပြည်ပြည်ဆိုင်ရာမှ လက်ခံကျင့်သုံးလျက်ရှိ American Petroleum Institute (API) Standard အပြင် Society Of Mechanical Engineers (ASME) Standard အတိုင်း တိတိကျကျလိုက်နာတည်ဆောက်ထားခြင်း ရှိပါကြောင်း၊ တည်ဆောက်မှုအရည်အသွေးကောင်းမွန်စေရန် ပိုက်လိုင်းများအား ဂဟေဆက်ပြီးနောက် အပြစ်အနာ အဆာရှိ/မရှိကို NDT Test ဖြင့် ဓာတ်မှန် ရိုက်ထားခြင်း၊ Ultra Sound ဖြင့် စစ်ဆေးခြင်းမာျးကို ဆောင်ရွက်ထား ပါကြောင်း၊ NDT Test အောင်မြင်ပြီးနောက် ဆက်လျက်ပြီး ပိုက်လိုင်းအတွင်းသို့ ရေထည့်ပြီး ဖိအားပေးကာ  Pressure Test ပြုလုပ်ခြင်း၊ ပိုက်လိုင်းနှင့် စခန်းများအား ဆိုက်စမစ်ပြင်းအား (Seicmic Intensity) ၈ ဒီဂရီနှင့် အခြေခံဆိုက်စမစ်အရှိန် (Seicmic Acceleration) ဝ.၃ ဂရမ်ခံနိုင်ရန်နှင့် ငလျင်ဒဏ်ခံနိုင်အောင် Design ပြုလုပ်တည်ဆောက်ထားခြင်းများ ဆောင်ရွက်ထားပါကြောင်း၊ ASME) Standard ဖြစ်သည့် (ASME) Standard အရ ပိုက်လုံးကို မြေအောက်တွင် ၂.၅၄ ပေအနက်တွင် မြှုပ်ရမည်ဖြစ်ခြင်းကြောင့် ယင်းစီမံကိန်းတွင် ၃.၉၃၆ ပေ ထက်ပိုပြီး နက်စွာနှစ်မြှုပ်ထားတာရှိပါကြောင်း၊ ၎င်းအပြင် (API) Standard X70 Carbon Steel Pipes များကို အသုံးပြုထားခြင်း၊ Steel Pipes များအပြင်အအပေါ်ကနေ Body Cathing Protective Layer များနှင့် Coating လုပ်ထားခြင်းဖြင့် ပိုက်ကိုသံချေးတက်မှုမှ ကာကွယ်ထားခြင်း၊ ပိုက်လိုင်းမြေမြှုပ်ပြီးနောက် Cathode Protection Systemဖြင့် သံချေးတက်မှုကာကွယ်နိုင်သော System ဖြင့် ထားရှိခြင်း၊ ဂျာမဏီနိုင်ငံက နာမည်ကြီးကုမ္ပဏီများဖြစ်သည့် BOHMER နှင့် SCHUCK ကထုတ်လုပ်သော Ball Valveများဖြင့် များပိုက်လိုင်းတစ်လျောက် အသုံးပြုထားခြင်း၊ ပိုက်လိုင်းတစ်လျောက်မှာ ယိုစိမ့်နေရာများကို လျင်မြန်စွာနှင့် အတိတကျ သိရှိနိုင်ရန် Leakage Momitoring System ဖြင့် အသိပေးအချက်ပြစနစ်များကိုလည်း တပ်ဆင်ထားခြင်း၊ ကနေဒါနိုင်ငံ TELVENT ကုမ္ပဏီမှ ထုတ်လုပ်သည်‌့  (SCAND) System ကို အသုံးပြုပြီး ပိုက်လိုင်းကို ၂၄ နာရီစောင့်ကြည့်သည်‌့ ထိန်းသိမ်းသည်‌့စနစ်ကိုတပ်ဆင်ထားခြင်း၊  မန္တလေး Control Station မှ ပိုက်လိုင်းအတွင်းရှိ ဓာတ်ငွေနှင့်ရေနံ၏ ထုထည်၊ ဖိအား၊ စီးဆင်းနှုန်း၊ အပူချိန်များ ပုံမှန်အတိုင်းရှိ/မရှိကို မှ စောင့်ကြည်‌့လျက်ရှိခြင်း၊ ကျောက်ဖြူ၊ ရေနံချောင်း၊ တောင်သာ၊ ပြင်ဦးလွင်နှင့် နမ့်ခမ်းမြို့များရှိ သဘာဝ ဓာတ်ငွေ့ ထိန်းသိမ်း ရေးစခန်း ၅ ခုနှင့် မဒဲကျွန်း၊ ဆင်ခုံတိုင်၊ မန္တလေး၊ သီပေါရေနံနှင့်စခန်း၊ နမ့်ခမ်းရှိ ရေနံ ပိုက်လိုင်းစခန်း ၅ ခုတို့မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ခြင်း၊ အရေးပေါ်အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် မန္တလေးတွင် အရေးပေါ်ပြုပြင်ထိန်းသိမ်းရေးစခန်းများကိုလည်း ထပ်ပြီး တည်ဆောက်ထားခြင်း၊ အရေးပေါ်ကိစ္စများအတွက် မန္တလေးရှိ ဗဟိုစခန်း၊ ဆင်ခုံတိုင်နှင့် သီပေါရေနံနှင့် စခန်းတို့မှာလည်း အရေးပေါ်ပြုပြင်ထိန်းသိမ်းရေး အဖွဲ့များထားရှိခြင်း၊ အရေးပေါ်မီးငြိမ်းသတ်နိုင်ရန် မဒဲကျွန်း၊ ကျောက်ဖြူဓာတ်ငွေ့၊ ဆင်ခုံတိုင်နှင့် တောင်သာဓာတ်ငွေ့စခန်း၊ ပြင်ဦးလွင်ဓာတ်ငွေ့ဖိအားမြှင်‌့စခန်းနှင့် မန္တလေး၊ ကျောက်ဖြူ၊ မူဆယ် မြို့များရှိ စီမံခန့်ခွဲရေးရုံးများတွင် မီးသတ်ပစ္စည်းများ အစုံနှင့်ထားရှိခြင်း၊ လုံခြုံမှုအပြည့်အဝရရှိရေးအတွက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ လေ့လာသုံးသပ်ချက်နှင့် အရေးပေါ်ကိစ္စများ အတွက် ပြင်ဆင်ထားရှိပုံများအတွက် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၄ အောက်တိုဘာတွင် စွမ်းအင်ဝန်ကြီးဌာနမှ ကျင်းပခဲ့ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ထိုင်ဝမ်ဓာတ်ငွေ့ ပိုက်လိုင်း အားနည်း ချက်များကို လေ့လာသုံးသပ်ရာမှ  အချက် ၄ ချက်တွေ့ရှိရှိရပါကြောင်း၊ ပိုက်လိုင်း၏တည်နေရာ Right of Way မှ အမှတ်အသား လုပ်မထားခြင်းကြောင့် လမ်းဖောက်လုပ်ရာတွင် ပိုက်လိုင်းနှင့်အပြိုင် အပေါ်ကနေ အုပ်ပြီး လမ်းများဖောက်လုပ်မိခြင်း၊  ပိုက်လိုင်းယိုစိမ့်မှုကြောင့် Line Pressure ကျဆင်းနေခြင်းကို အသုံးပြုနေသော User  ကုမ္ပဏီများက Pipeline Operator သို့အကြောင်းကြားမှု မရှိခဲ့ခြင်း၊ Pipeline Operator ၏ Control Station များမှ ဖိအားနည်း ထုထည်ပြောင်းလဲမှု စောင့်ကြည်‌့ခြင်းကို ပျက်ကွက်ခဲ့ခြင်း၊  နှစ်ပေါင်း ၃၀ ကျော်ခန့် ဆွေးမြေ့နေသည့် အခြေအနေများကို သုံးသပ်ရရှိခဲ့သည့်အတွက် အရှေ့တောင်အာရှရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် ဖော်ပြပါ အားနည်းချက်များ မဖြစ်စေရန်ကိုလည်း စီမံဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အကောင်အထည်ဖော်နေသော ရဲတံခွန်၊ ရတာနာနှင့်ဇောတိက ပိုက်လိုင်းများတွင်လည်း မတော်တဆမဖြစ်စေရေး ကြိုတင်သိရှိနိုင်ရန် ခေတ်မီစနစ်များ၊ အစီအမံများ တပ်ဆင်အသုံးပြုလျက်ရှိခြင်း၊  လုံခြုံစိတ်ချရမှုနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ ဂျွန်လ ၄ ရက်နေ့မှ ပထမအကြိမ်၊ ၂၀၁၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှ ဒုတိယအကြိမ် ရန်ကုန်မြို့တွင် သတင်းမီဒီယာများနှင့်လည်း တွေ့ဆုံရှင်းလင်းအသိပေးခဲ့ခြင်း၊ အရှေ့တောင် အာရှရေနံနှင်‌့သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင် တွေလည်း ပိုက်လိုင်းဖြတ်သန်းရာ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ် ၂၃ မြို့နယ်သို့ ဖြန့်ဝေပြီး ပြည်သူလူထုသိရှိနိုင်ရေး အသိပေးဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည်။