(ဇ)-ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တစ်နယ်လုံး လျှပ်စစ်မီးများ ကောင်းမွန်စွာရရှိရန် မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၁၆.၉.၂၀၁၄)

ဒေါ်တင်နွယ်ဦး ( ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်)ဒဂုံမြို့သစ်(မြောက်ပိုင်း)ကို ၁၉၉၀တွင် စတင်ဖော်ဆော်ခဲ့ပြီး လျှပ်စစ်မီး ကိစ္စတွေပေါ့၊ ရေမီး၊ စာသင်ကျောင်း များနှင့် စပ်လျဉ်း၍ Town Plan ကိုသေချာမလုပ်ခဲ့သည့်အတွက် မီးချောင်းများ၊ ထရန်စဖော်မာများသည် အထိုင်ကျမှုက စနစ်တကျမရှိခဲ့ပါကြောင်း၊  ယင်းအချိန်ကလျှပ်စစ်ဌာနတွင် လုပ်ကိုင်သူများအနေဖြင့် အရည်အသွေးညံ့ဖျင်းမှုကြောင့် ၂၂ နှစ်တွင်ပင် ဝါယာကြိုးများ ဓာတ်တိုင်များ ပျက်စီးရသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ လူဦးရေများများလာသည်နှင့်အမျှ မီးဒဏ်မခံနိုင်၍ ညံ့ဖျင်းလျှပ်စစ်မီးကြိုးကြောင့် ထရန်စဖော်မာများပေါက်ခြင်း သစ်သားဓာတ်တိုင်မှ ကွန်ကရစ်ဓာတ်တိုင်တွေလဲပေးပါသော်လည်း ဓာတ်တိုင်များစောင်းနေခြင်းများရှိပါကြောင်း၊ မိမိတို့က ရေစီးရေလာများကောင်းရန် ဆောင်ရွက်သော်လည်း Town Planကို သေချာစွာဆောင်ရွက်ထားခဲ့ခြင်း မရှိခြင်းကြာင့် မီးများပျက်တောက်ခြင်း မီးပြန်မရခြင်းဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် အစိုးရဝန်ထမ်း အများစုနေသော ဒဂုံမြောက်ပိုင်းရှိ အဓိကလမ်းမကြီးများတွင် မီးမရခြင်းများကြုံတွေ့နေရပါကြောင်း၊ ထို့ပြင် ဆူပူမှုလှုံ့ဆော်မှုများလည်း ရှိနေသည့်အတွက် လျှပ်စစ်ဝန်ကြီးဌာနက မည်သို့ဖြေရှင်းပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေးရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ဘေလီဓာတ် အားခွဲရုံ၊ ကုန်ပဒေသာဓာတ်အားခွဲ ရုံနှင့် ရွှေပင်လုံဓာတ်အားခွဲရုံတို့ တည်ဆောက်တပ်ဆင်ထားပြီး ဓာတ်အားလိုင်းဖြန့်ဖြူးပေးနေပါကြောင်း၊ သာကေတစက်ရုံမှ ၆၆ ကေဗွီ ဓာတ်အား လိုင်းဖြင့် ဘေလီဓာတ်အားခွဲရုံနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ရွှေပင်လုံဓာတ်အား ခွဲရုံတို့ကို ဓာတ်အားပို့လွှတ်ပေးရာတွင် သစ်ပင်သစ်ကိုင်းများနှင့် ဓာတ်အားလိုင်းများ ထိနေခြင်း၊ ဓာတ်အားပို့လွှတ်ရာတွင် ဓာတ်အားလိုင်းများ ရှည်လျားနေခြင်း၊ သုံးစွဲဝန်အားပြည့်နေခြင်း၊ ကြွေသီးများချို့ယွင်းခြင်းတို့ကြောင့် ဓာတ်အားလိုင်းပြတ်တောက်ကာ ကုန်ပဒေသာခွဲရုံတွင် ဓာတ်အားပြတ်တောက်မှုများ ရှိနေခြင်းဖြစ်ပါကြောင်း၊

ဒဂုံမြို့သစ်(မြောက်ပိုင်း)ကို မြို့သစ်စတင်တည်ဆောက်သော အချိန်က ဓာတ်အားလိုင်းများကို အမြန်တည်ဆောက် ခဲ့ရခြင်းဖြစ်သည့်အတွက် ၎င်းအချိန်တွင် ဖြစ်ပေါ်ခဲ့သော အခြေနေအပေါ်မူတည်ပြီး အလျင်စလိုဆောင်ရွက်ပေးခဲ့ရခြင်းအပေါ် နားလည် ခွင့်လွှတ်စေလိုပါကြောင်း၊  

ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များသည် ဗို့အားပြည်မှီစွာဖြင့် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးနိုင်ဖို့အတွက် ၂၅၀ အမ်ဗွီအေ အရှေ့ဒဂုံဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေပြီးဖြစ်ခြင်းကြောင့် ၂၀၁၅ခုနှစ်၊ နှစ်စပိုင်းကနေစတင်ကာ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရာတွင် အဓိကအရေးပါသော ဓာတ်အားခွဲရုံကြီးတစ်ရုံအဖြစ်ရပ်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဓာတ်အားခွဲရုံတည်ဆောက် ပြီးပြီဆိုပါက အရှေ့ ဒဂုံဓာတ်အားခွဲရုံမှတစ်ဆင့် ၆၆ ကေဗွီ ဓာတ်အား လိုင်းနှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများတို့ချဲ့ တည်ဆောက်ပြီးတော့  အဆိုပါဓာတ်အားခွဲရုံ ကြီးကနေတဆင့် ကုန်ပဒေသာခွဲရုံကို ဓာတ်အားပို့လွှတ်ပါက ဓာတ်အားပြတ်တောက်မှု အကြိမ်ရေ နည်းပါးသွားမည်ဖြစ်သကဲ့သို့ ဗို့အားလည်းပြည့်လာမှာဖြစ်ပါကြောင်းကြောင်း၊  ထိုင်းနိုင်ငံအခြေစိုက် Neighbouring Countries Economic Development Cooperation Agency ဆိုတဲ့ (NEDA)၏ အတိုးနှုန်းသက်သာသော ချေးငွေဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် ဓာတ်အားဖြန့်ဖြူးမှု တိုးတက်ရေး စီမံချက်ကိုလည်း ပေးမည်ဖြစ်ပါကြောင်း၊ (က) ၆၆ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းနှင့် စပ်လျဉ်းပြီးတော့ မြောက်ဥက္ကလာပ၊ ဝေဘာဂီ၊ ကုန်ပဒေသာ၊ ဘေလီခွဲရုံ၊ တွင် ၅၀အမ်ဗွီအေ ဓာတ်အားခွဲရုံအသစ်တစ်လုံးစီ၊  ရွှေပေါက္ကံတွင် ၅၀ အမ်ဗွီအေနှင့် ၃၀ အမ်ဗွီအေ ဓာတ်အားခွဲရုံအသစ်တစ်လုံး၊ စိန်ပန်းမြိုင် ဓာတ်အားခွဲရုံတွင် ၆၆ ကေဗွီ Switchesတို့ကို တိုးချဲ့မည်ဖြစ်ပါကြောင်း၊ (ခ) အဆိုပါ စက်ရုံများ တည်ဆောက်ပြီးစီးပါက ၆၆ ကေဗွီဓာတ်အားလိုင်းများ တည်ဆောက်ရာတွင် ကောင်းကင် လိုင်း ၃၉ မိုင်၊ မြေအောက်ကြိုး မြှုပ်ခြင်း ၂ မိုင် ၆၆ကေဗွီလိုင်းတည်ဆောက်ခြင်း၊  ၁၁ ကေဗွီဓာတ်အားလိုင်းများတွင် ဓာတ်အားလိုင်းအသစ် ၄၄ မိုင် အသစ်ဆွဲမည်ဖြစ်ခြင်း၊ အစားထိုးလဲလှယ်ခြင်းကို ၅၀ မိုင်ဆောင်ရွကမည်ဖြစ်ပါကြောင်း၊  ဓာတ်အားဖြန့်ဖြူးရေးထရန်စဖော်မာများတပ်ဆင်ခြင်း၊ လဲလှယ်ခြင်းတွင် ၃၁၅ ကေဗွီအေ အလုံး(၁၂၀)၊ ၁၆၀ကေဗွီအေ (၂၃၇)လုံးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊  အဆိုပါလုပ်ငန်းများဆောင်ရွက်ရန် (NEDA)ချေးငွေအမေရိကန်ဒေါ်လာ (၅၄)သန်းခန့်နှင့် ဆောင်ရွက်မှာဖြစ်မည်ဖြစ်ခြင်းကြောင့်၊ နိုင်ငံခြားအကူအညီအထောက်အပံ့ စီမံခန့်ခွဲရေးကော်မတီကို တင်ပြထားပြီးဖြစ်ပါကြောင်း၊ လမ်းမီးထွန်းညှိရေးနစပ်လျဉ်း၍ ဓာတ်ကြိုးနှင့် ဓာတ်တိုင်များကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကနေ ဆောင်ရွက်ပြီး ဓာတ်မီးတိုင်များမီးထွန်းခြင်းကိစ္စများကို မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ဆောင် ရွက်ခြင်းဖြစ်သည့်အတွက် ယင်းကိစ္စရပ်ကို မိမိတို့မှ ပူးပေါင်း ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားပါမည်ဖြစ်ကြောင်း ဖြေကြားပါသည်။