ပြင်ဦးလွင်မြို့သည် ခရိုင်မြို့ကြီးဖြစ်သည့် အားလျော်စွာ ရပ်ကွက်ကြီး ၂၁ ခုရှိရာ ဝန်ထမ်းများစွာရှိ သကဲ့သို့ အခြေခံပြည်သူများ အမြောက်အမြားစွာရှိပါကြောင်း၊ တစ်နေကုန် ရရာအလုပ်ထွက်လုပ် နေကြသဖြင့် အဆင်ပြေသလို မိမိရင်သွေးကို တနေ့ကုန်ထားရသဖြင့် ရင်သွေးများ အဆင်ပြေစေ ရေးအတွက် အခက်အခဲများကြုံတွေ့ရပါကြောင်း၊ ကလေးသူငယ်များမှာ အနာဂတ်တွင် တိုင်းပြည်တာဝန် ကိုယူရန်အတွက် ကာယ၊ ဉာဏဖွံ့ဖြိုးသောနိုင်ငံသားများဖြစ်ရန် လိုအပ်ပါကြောင်း၊ ၎င်းအရွယ်လေး များသည် Brain Development ခေါ်သည့် ဦးနှောက်ဖွံ့ဖြိုးမှု၊ Amuse System ခေါ်သည့် ခန္တာကိုယ်မှ တုံ့ပြန်နိုင်သည့် စွမ်းရည်အားကောင်းမှု၊ ဒီအချိန်မှာ Development ဖြစ်ပါကြောင်း၊ ထိုနည်းတူစွာပဲ Nutrition မကောင်းပါက အရပ် ပုသည့်နိုင်ငံသူနိုင်ငံသားများထွက်လာပါကြောင်း၊ ၃၀ ရာခိုင်နှုန်း လောက် သည် အရပ်ပုသည့်နိုင်ငံသူ နိုင်ငံသားစာရင်းထဲမှာတွေ့ရပါကြောင်း၊ ထို့ကြောင့် အခြေခံပညာ မူလတန်း မတက်ရောက်မီ စနစ်တကျပြုစုပျိုးထောင်ရမယ့်ကလေးများအတွက် လူမှုဝန်ထမ်းဦးစီး ဌာနမှ နေ့ကလေးထိန်းကျောင်းနှင့် မူကြိုကျောင်းဖွင့်လှစ်ပေးရန် အမြန်လိုအပ်နေပါကြောင်း၊ ထိုသို့ ဖွင့်လှစ် ပေးနိုင်ရန် မြေနေရာကိုလည်း ပြင်ဦးလွင်၌ စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကလေး သူငယ်များအား စနစ်တကျပြုစုပျိုးထောင်ပေးနိုင်သည့် လူမှုဝန်ထမ်းဦးစီးဌာန၏ နေ့ကလေးထိန်း ကျောင်းနှင့် မူကြိုကျောင်းကို ပြင်ဦးလွင်မြို့တွင်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း၍ သိလိုကြောင်းမေးမြန်းပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် ကလေးသူငယ်ဥပဒေအရ နိုင်ငံတော်က တာဝန်အပ်နှင်းထားသည့် ကလေးသူငယ်ဆိုင်ရာတာဝန်ယူဆောင်ရွက်ရသည့်ဌာနဖြစ်ပါကြောင်း၊ ထို့ကြောင့်သုံးနှစ်မှ ငါးနှစ် အရွယ် ကလေးငယ်များအတွက် အသက်အရွယ်အလိုက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်း ဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှု၊ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန်နှင့် ဘဝတစ်သက်တာအတွက် အခြေခံ အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်ပြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာနည်းလမ်းများနှင့်အညီ ပြုစုပျိုးထောင် ပေးနိုင်ရန်အတွက် မူလတန်းကြို ကျောင်းများကို ၁၉၅၃ ခုနှစ်မှစတင်ဖွင့်လှစ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊
ထို့အပြင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများကို အသိအမှတ်ပြုခြင်း၊ နည်းပညာ အကူအညီ ပေးခြင်း၊ ဆရာမနှစ်ဦး၏လစာစရိတ်ထောက်ပံ့ခြင်းများကို ၁၉၇၃ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလို ဆောင်ရွက်အကောင်အထည်ဖော်သည့်နေရာတွင် အသက် သုံးနှစ်မှ ငါးနှစ်အရွယ်အထိ ကလေးသူငယ်များအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းလမ်းများနှင့်အညီ ပြုစုပျိုးထောင်ပေးဖို့အတွက် မူလတန်းကြိုကျောင်းများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများအား အသိအမှတ်ပြု ထောက်ပံ့ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင် ဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်း ၁၀၄ ကျောင်းသာရှိသော်လည်း ကိုယ့်အားကိုယ်ကိုး မူလ တန်းကြိုကျောင်း ၉၈၆ ကျောင်းအား အသိအမှတ်ပြု၍ ဆရာမလစာနှင့် သင်ထောက်ကူပစ္စည်းများအတွက် နှစ်စဉ်ထောက်ပံ့ ပေးလျက်ရှိပါကြောင်း။
မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် နှစ်စဉ်စီမံကိန်းများတွင် တစ်နှစ်လျှင် အနည်းဆုံး ၁၀ ကျောင်းနှုန်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး ထည့်သွင်းရေးဆွဲလျက်ရှိရာ ၂၀၁၀-၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်ထိ မူလတန်းကြိုကျောင်း ၆၅ ကျောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ၁၀ ကျောင်းတိုး ချဲ့ခဲ့ပြီး၂၀၁၆ ခုနှစ်မှ ယခုအထိ ၂၉ ကျောင်းထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ် မှစ၍ ကိုးနှစ်စီမံကိန်းနှင့် စံပြအစိုးရမူလတန်းကြိုကျောင်း မရှိသည့် မြို့နယ် ၂၅၂ မြို့နယ်တွင် ဆက်လက်တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ်ထားပြီး ဖြစ်ပါကြောင်း၊ မူလတန်းကြိုကျောင်း မဖွင့်လှစ် နိုင်သေးသည့် ရပ်ကွက်/ကျေးရွာများအတွင်းရှိ ကလေးငယ်များ၊ လူမှုရေးအခက်အခဲများနှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းကြိုကျောင်းသို့ မတက်ရောက် နိုင်သည့် အသက်ငါးနှစ်အောက် ကလေးငယ်များအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးသည့် မိခင်ဝိုင်း အစီအစဉ်ရှိပါကြောင်း၊ ကျန်းမာ အသက်ရှင် နေထိုင်ရေးရုပ်ပိုင်း၊ အသိဉာဏ်ပိုင်းနှင့် လူမှုဆက်ဆံရေးအပိုင်းတွေမှာ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာတွေအတွင်း ကလေးသူငယ် စောင့်ရှောက်ရေး လုပ်ငန်းတွေကို အဓိကဆောင်ရွက်ပေးသည့် မိသားစုနှင့် ရပ်ရွာလူ့အဖွဲ့အစည်းများကို အသိပညာပေး ကူညီဖြည့်ဆည်းပေးပြီး အကောင်အထည် ဖော်ခြင်းဖြစ်ပါကြောင်း၊ မိခင်ဝိုင်းများ ဖွဲ့စည်းခြင်း လုပ်ငန်းကို ရပ်ရွာ အခြေပြုကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းအနေဖြင့် ၂၀၀၇ ခုနှစ်မှစပြီး တိုင်းဒေသကြီး /ပြည်နယ်များတွင် စတင်ဆောင်ရွက်ခဲ့သော်လည်း အကောင်အထည် ဖော်မှု အားနည်းခဲ့သည့်အတွက် ယခုအချိန်ထိမြို့နယ်ပေါင်း ၂၇ မြို့နယ်တွင် မိခင်ဝိုင်း ၂၇၀ သာ ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ခုနှစ်မှစ၍ မန္တလေးတိုင်းဒေသကြီးတွင် မိခင်ဝိုင်း ၁၁ ဝိုင်းထပ်မံ တိုးချဲ့ဖွဲ့စည်းပြီး စောင့်ရှောက်လျက်ရှိသည့်အပြင် အခု ၂၀၁၈ ခုနှစ်တွင် အရှိန်မြှင့်စီမံချက် နှင့် မတ်လ မတိုင်ခင် မိခင်ဝိုင်း ၂၅၅ ဝိုင်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးတွင် တိုးချဲ့ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဆောင်ရွက်ပြီးစီးမှုများကိုလည်း ရေရှည်တည်တံ့ရန် အတွက် ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လက်ရှိမန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ဇီးပင်ကြီး မူလ တန်းကြိုကျောင်းအပါအဝင် မူလတန်းကြိုကျောင်း ကိုးကျောင်း ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ် ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၇၄ ကျောင်းကို လည်း နည်းပညာနှင့် ပံ့ပိုးငွေများ ပေးလျက်ရှိပါကြောင်း၊ အဆိုပါ ၇၄ ကျောင်းတွင် ပြင်ဦးလွင်ခရိုင်မှာ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၁၀ ကျောင်းပါရှိပါကြောင်း၊ ထို့အပြင် လူမှုဝန်ထမ်း ဦးစီး ဌာနတွင် မူလတန်းကြိုကျောင်းသစ်များ ထပ်မံတိုးချဲ့ရေး ဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်နှင့် မတ္တရာမြို့နယ်တို့မှာလည်း ဖွင့်လှစ်နိုင်ရေး လျာထားပြီးဖြစ်ပါကြောင်း၊ ပြင်ဦးလွင်မြို့နယ်တွင် မူလတန်းကြိုကျောင်း တစ်ကျောင်း ဖွင့်လှစ်ပေးနိုင်ရန်မြေနေရာရရှိပြီးဖြစ်သည့်အတွက် မူကြိုအဆောက်အဦ ဆောက်လုပ်ပေးရန် လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ရန် လျာထားသတ်မှတ်ပြီး ဖြစ်ကြောင်း၊ ထို့အပြင် ရှေးဦးအရွယ်ကလေးသူငယ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းစဉ်ပါ မိခင်ဝိုင်းများ ဖွင့်လှစ်ပေးနိုင်ရန်အတွက် ပြင်ဦးလွင် မြို့နယ်တွင် မိခင်ဝိုင်းငါးဝိုင်းကို အောင်ချမ်းသာကျေးရွာ၊ ဒါးသွေးကျောက်ကျေးရွာ၊ အင်သာကျေးရွာ၊ ညံညင်းသာကျေးရွာ၊ ကျင်ဂနိုင် ကျေးရွာများအပြင် မြို့နယ်စုပေါင်းရုံးမှလည်း ဝန်ထမ်းမိခင်များအတွက် နေရာသတ်မှတ်ဆောင်ရွက် နေပြီဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။
