ပါမောက္ခ ဒေါက်တာအောင်ခင်( ပြင်ဦးလွင်မဲဆန္ဒနယ်)

အမည်

ပါမောက္ခ ဒေါက်တာအောင်ခင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/အစန(နိုင်)၀၀၄၁၅၄

မွေးသက္ကရာဇ်/အသက်

၆-၅-၁၉၅၀/(၆၅)နှစ်

မွေးဖွားရာဇာတိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာ

ပညာအရည်အချင်း

M.B.B.S,M.Med.Sc,PhD(Physiol),WHO. Fellow-
shipAIIMS(Dehli) membership of Physiology
& Pharmacology Association (India)

လက်ရှိအလုပ်အကိုင်

Chief Medical Officer(CMO)MCCi, Yatanar-pon Cyber City, PyinOoLwin

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလူမြ(ကွယ်လွန်)၊ DO 004511

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခွေး(ခ)ဒေါ်ခင်ညွန့်၊ ၅/ကဘလ(နိုင်)၀၁၅၆၅၀၊ ကုန်သည်

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးအေးမြင့်၊ ၁၂/အစန(နိုင်)၀၀၄၁၅၅၊မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဦးကိုကိုအောင်၊ ၉/မခန(နိုင်)၀၀၁၂၁၉၊ဆောက်လုပ်ရေး

(၂) ဒေါ်နုဝါ၊ ၁၂/အစန(နိုင်)၁၅၆၂၈၁၊မှီခို

အမြဲတမ်းနေရပ်လိပ်စာ

၂၉၇(က)၊ ပေါက်တောလမ်း၊ ပြင်စာ၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြင်ဦးလွင်မြို့နယ်(ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ကန့်ဘလူမြို့နယ် ချပ်သင်းအ.လ.ကတွင်လည်းကောင်း၊ ရွှေဘိုအ.ထ.က(၁)တွင် ၈ တန်း-၉ တန်းကိုလည်းကောင်း၊ စစ်ကိုင်းအ.ထ.က(၁)တွင် ၁၀ တန်းကိုလည်းကောင်း သင်ယူခဲ့သည်။ ဆေးတက္ကသိုလ်(၁)ရန်ကုန်တွင် တက်ရောက်၍ M.B.B.Sဘွဲ့ကိုလည်းကောင်း၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်တွင် တက်ရောက်၍ M.Med.Sc(Physiology)ဘွဲ့နှင့် PhD(Physiology)ဘွဲ့တို့ကို လည်းကောင်း၊ WHO Fellowship All India Institute of Medical science ဒေလီ၊ အိန္ဒိယကိုလည်းကောင်းရရှိခဲ့သည်။
၁၉၇၄ ခုနှစ်မှ ၁၉၇၅ ခုနှစ်ထိရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အလုပ်သင် ဆရာဝန်အဖြစ်လည်းကောင်း၊ ၁၉၇၈ ခုနှစ်မှ ၁၉၈၀ ခုနှစ်ထိကယားပြည်နယ်၊ ရှားတောမြို့နယ်(အခက်အခဲဒေသ)သရီးဒါးတိုက်နယ်ဆရာဝန်အဖြစ်လည်းကောင်း၊ ၁၉၈၀ ခုနှစ်မှ ၁၉၈၁ ခုနှစ်ထိလယ်ဝေးမြို့၊ မြို့နယ်ကျန်းမာရေးအရာရှိ၊ မြို့နယ် ဆရာဝန်အဖြစ်လည်းကောင်း၊ ၁၉၈၁ ခုနှစ်မှ ၁၉၈၂ ခုနှစ်ထိရမည်းသင်းမြို့နယ်၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ကျန်းမာရေးအရာရှိအဖြစ်လည်းကောင်း၊ ၁၉၈၂ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိမြင်းခြံမြို့နယ်၊ ဆီမီးခုံတွင် တိုက်နယ်ဆရာဝန်အဖြစ် လည်းကောင်း၊ ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိရန်ကုန်မြို့ ဆေးတက္ကသိုလ်(၂) (တပ်မတော်ဆေးတက္ကသိုလ် အချိန်ပိုင်း)တွင် သရုပ်ပြ၊ လက်ထောက်ကထိက အဖြစ် လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၃ ခုနှစ်ထိရန်ကုန်မြို့၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွင် ကထိက/ဌာနမှူးအဖြစ်လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိရန်ကုန်မြို့၊ ဆေးတက္ကသိုလ်(၁)(ဆေးတက္ကသိုလ်မကွေးတွဲဖက်) ဇီဝကမ္မဗေဒ ဌာနတွင် တွဲဖက်ပါမောက္ခအဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် မကွေးမြို့ ဆေးတက္ကသိုလ်၊ ဆေးပညာသင်ကြားရေးတွင် ပါမောက္ခဌာနမှူးအဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ ဒုတိယပါမောက္ခချုပ်အဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိမကွေးမြို့ အခြေခံကျန်းမာရေး တက္ကသိုလ်တွင် ပါမောက္ခချုပ် အဖြစ်လည်းကောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံ ဆိုက်ဘာစီးတီး MCC Training Institute (ပုဂ္ဂလိကသင်တန်းကျောင်း)တွင် ဆေးမှူးချုပ် (Chief Medical Officer) ဒုတိယကျောင်းအုပ်ကြီးနှင့် အထွေထွေ မန်နေဂျာအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။
မြန်မာနိုင်ငံတက္ကသိုလ်များဗဟိုကောင်စီဝင်၊ ပညာရေးအဖွဲ့နှင့် ကျန်းမာရေးမှူးများ အသင်းနာယက၊ မြန်မာနိုင်ငံဆရာဝန်များအသင်း ဇီဝကမ္မဗေဒ/ဇီဝဓာတုအဖွဲ့ အလုပ်အမှုဆောင်နှင့် မကွေးတိုင်းအဖွဲ့ခွဲဒုတိယဥက္ကဋ္ဌ၊ ရမည်းသင်းခရိုင်၊ ကြက်ခြေနီများအသင်းအတွင်းရေးမှူး၊ ပညာကျန်းမာရေးကော်မတီဝင်၊ မြင်းခြံ မြို့နယ် ကျန်းမာရေးအလုပ်သမားအစည်းအရုံးဥက္ကဋ္ဌ၊ ကျန်းမာရေးစီမံချက်အလုပ် အမှုဆောင်၊ မကွေးတိုင်းပညာရေးကြီးကြပ်မှု ကော်မတီဝင်နှင့်မှုခင်းကျဆင်းရေး ကော်မတီဝင်၊ ရန်ကုန်ဆေးတက္ကသိုလ်(၂) သက်သာချောင်ချိရေးအဖွဲ့အလုပ် အမှုဆောင်၊ စိမ်းလန်းစိုပြေရေးဥက္ကဋ္ဌ၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာအ.ထ.က မိဘဆရာအသင်းဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်အတွေ့အကြုံရှင်းလင်း ပွဲအခမ်းအနားသဘာပတိ၊ ဆီမီးခုံကျေးရွာ(၁၉၈၆-ရွေးကောက်ပွဲ) ကော်မရှင်ဥက္ကဋ္ဌ နှင့် ပြင်ဦးလွင်မြို့နယ်၊ လက်လှမ်းမှီပညာရေးဖောင်ဒေးရှင်းလူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၀၉ ခုနှစ်တွင် နိုင်ငံတော်မှပါမောက္ခချုပ် (အ‌ခြေခံကျန်းမာရေး တက္ကသိုလ်မကွေး)အတွက် သိမ်းဆည်းထားသော လိုင်စင်မဲ့ကားများကို ပြန်လည်ချထားပေး၍ မြစ်ကြီးနားမြို့တွင် မော်ကွန်းထိန်းအားသွားရောက် သယ်ယူရန် တာဝန်ပေးခဲ့ရာတက္ကသိုလ်အတွက် ရရှိသောကားမှာမကောင်းသဖြင့် ပြင်ဆင်ပြီး မော်ကွန်းထိန်းကမြစ်ကြီးနားမှ မကွေးသို့ သယ်ယူမောင်းနှင်ခဲ့ရာလမ်းခရီးတွင် ချောက်ထဲကျ ပျက်စီးခဲ့ရပါသည်။ ထိုကားမှာပျက်စီးဆုံးရှုံးမှုများသဖြင့် ပြင်ဆင်ရန် မဖြစ်နိုင်ခြင်း၊ လိုင်စင်ဝင်ရန် ရက်အကန့်အသတ်ရှိခြင်းစသည့် အခက်အခဲများ ကြောင့်လည်းကောင်း၊ မော်ကွန်းထိန်းမှာပင်စင်ယူရန် လပိုင်းသာလိုတော့သည် ဖြစ်သဖြင့် လည်းကောင်းငဲ့ညှာ၍ ဝန်ကြီးဌာနသို့ သတင်းပို့တင်ပြခြင်းမရှိဘဲ ၎င်းမော်ကွန်းထိန်းအပါအဝင် ကျောင်းရှိတာဝန်ရှိသူများ၏ သဘောတူညီချက်ဖြင့် မိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲ ကျောင်းအတွက် ရရှိသောကားအတွက် ပုံစံတူကား တစ်စီးဖြင့် လိုင်စင်ဝင်ရောက်ခဲ့ပါသည်။ ထိုဖြစ်စဉ်အားဝန်ကြီးဌာနမှသိရှိ၍ ကျေနပ်မှုမရှိဘဲတာဝန်ကိုလွဲမှားစွာဆောင်ရွက်သည်ဟုအရေးယူဆောင်ရွက်ခဲ့သဖြင့် မကွေးမြို့နယ်ရဲစခန်းတွင် အချုပ်(၄-၅)လခန့် ကျခံကာမိမိပင်စင်ယူခါနီးငါးလ အလိုတွင် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ရာမှ ရပ်နားခြင်းခံခဲ့ရသည်။
ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ခံခဲ့ရသည်။ လက်ရှိပြင်ပပုဂ္ဂလိက (MCC)ကျောင်းတွင် တာဝန်ထမ်းဆောင်ရာနေရာမှ ဩဂုတ်လအတွင်းနုတ်ထွက်စာ တင်ထားခဲ့သည်။