မေးခွန်း အကြောင်းအရာ
သပြေကုန်းတိုက်နယ်သည် မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရိုးတောက်လျှောက် မြို့နယ်၏ တောင်ဘက်အစွန်းတွင်ရှိသော တိုက်နယ်ကြီးတစ်ခုဖြစ်ပါကြောင်း၊ ကျေးရွာပေါင်း ၇၇ ရွာ လူဦးရေ ၄၀၀၀၀ ခန့်ရှိသော တိုက်နယ်ကြီးဖြစ်ပြီး သပြေကုန်းတိုက်နယ်ဆေးရုံကို ကျန်းမာရေး စောင့်ရှောက်မှု အားကိုးမှီခိုထားရသော ဒေသဖြစ်ပါကြောင်း၊ မြို့နယ်ဆေးရုံနှင့် ၂၆ မိုင်ခန့် ကွာဝေးပြီး မိုးတွင်းကာလတွင် မြို့နယ်သို့ဆက်သွယ်ရန် ယနေ့အထိ ခက်ခဲကြာမြင်သော ဒေသတစ်ခု ဖြစ်ပါကြောင်း၊ တိုက်နယ်ဆေးရုံ၏ အရှေ့ဘက်ခြမ်းရှိ ရွာများသည်လည်း နှစ်စဉ် မြစ်ရေနှစ်မြှုပ်ပြီး ကျေးရွာများအတွင်း တိုက်နယ်ဆေးရုံသို့ လာရန်အတွက်ပင် ခက်ခဲကြာမြင့်သည့် အနေအထားမျိုးရှိပါကြောင်း၊ ဒေသခံများက ကျန်းမာရေးလိုအပ်ချက်အတွက် စုပေါင်းပြီး ကျေးရွာလူထုထည့်ဝင်ငွေများ၊ အလှူရှင်များ၏ ထည့်ဝင်ငွေများနှင့် ကိုယ်ထူကိုယ်ထ ဆေးရုံတစ်ခုကို တည်ဆောက်ခဲ့ကြပါကြောင်း။
၁၉၈၂ ခုနှစ်တွင် ၁၆ ခုတင်ဆံ့ဆေးရုံအဖြစ် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သော်လည်း ဆရာဝန် ၁ ဦးနှင့် ဝန်ထမ်း ၅ ဦးခန့်ဖြင့်သာ ဆေးရုံကိုလည်ပတ်နေရပါကြောင်း၊ ဆေးရုံဖွင့်လှစ်ပြီး ၃၄ နှစ်ကြာသည့် ယနေ့အထိ လက်ထောက်ဆရာဝန် ၁ ဦး၊ သူနာပြုဆရာမ ၂ ဦး အပါအဝင် ဝန်ထမ်း ၉ ဦးခန့် ခန့်ထားရန် လိုအပ်လျက်ရှိနေပါကြောင်း၊ အခြေခံဒေသပြည်သူများသည် တက်နိုင်သရွေ့ သံဃဆေးရုံများ၊ လူနာအစောင့်များ နာခိုရန်နှင့် ဝန်ထမ်းအိမ်ရာများကို အဆောက်အဦများကို တည်ဆောက်ထားနိုင်ခဲ့သော်လည်း ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နိုင်ခြင်းမရှိသေးပါကြောင်း။
မြောက်မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများအနက် ဝန်ထမ်းအိမ်ရာမရှိသည့် တစ်ခုတည်းသော တိုက်နယ်ဆေးရုံလည်း ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း အခြားတိုက်နယ်ဆေးရုံတစ်ခုဖြစ်သော ရွှေကျင်တိုက်နယ်ဆေးရုံသည် ၁၆ ခုတင်ဆံ့ ဆေးရုံအဆင့်ဖြစ်ပါကြောင်း၊ ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် တိုက်နယ်အတွင်းကျေးရွာပေါင်း ကျေးရွာအုပ်စု ၉ အုပ်စုနှင့် အိမ်ခြေ ၈၀၀၀ လူဦးရေ ၃၅၀၀၀ ခန့် မှီခို အားထားရသော ဆေးရုံလည်း ဖြစ်ပါကြောင်ါ်၊ ၄ နှစ်အကြာ ဖွင့်လှစ်ပြီးဖြစ်သော်လည်း ဆရာဝန် ၁ ဦး၊ သူနာပြုဆရာမ ၄ ဦးနှင့် အခြားဝန်ထမ်းအဆင့် ၈ ဦးအား ခန့်ထားနိုင်ခြင်း မရှိသေးပါကြောင်း၊ ဆေးရုံဖွင့်လှစ်ပြီး ၂ နှစ်ခန့်တွင် ဝန်ထမ်းဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြင့်သာ လည်ပတ်နေရသော ဆေးရုံလည်းဖြစ်ပါကြောင်း၊ မြို့နယ်ဆေးရုံနှင့် ၁၈ မိုင်ခန့်ဝေးပြီး မိုးတွင်းအခါတွင် အချိန်ကြာမြင့်စွာသွားလာရပြီး သွားလာရန်ခက်ခဲသော ဒေသလည်း ဖြစ်ပါကြောင်း၊ ကနောင်တိုက်နယ်ဆေးရုံသည် မြောင်မြို့နယ်အတွင်း တည်ရှိပြီး လွန်ခဲ့သော ၃၅ နှစ်ခန့်က ဖွင့်လှစ်တည်ထားသော ဆေးရုံတစ်ခု ဖြစ်ပါကြောင်း၊ ထိုဆေးရုံကို ၂၀၁၃ ခုနှစ်က ဆေးရုံအသစ်ဆောက်လုပ်ခွင့်ကြပြီး ယခုအချိန်အထိ သူနာပြု ၂ ဦးနှင့် အခြားအဆင့် အပါအဝင် ၄ ဦးခန့်ထားရန် လိုအပ်လျက်ရှိပါကြောင်း၊ ဆေးရုံ အသစ် ဆောက်လုပ်ရန် ဓာတ်မှန်ခန်းကို ထည့်သွင်းဆောက်လုပ်ထားခဲ့သော်လည်း ဓာတ်မှန် ချထားပေးခြင်း မရှိသည့်အတွက် တင်ပြတောင်းဆိုမှုကို ၂ နှစ်ဆက်တိုက် လျှောက်ထားခဲ့သော်လည်း ပေးခြင်းမရှိဘဲ လိုအပ်လျက်ရှိနေဆဲ ဖြစ်ပါကြောင်း။
မြောင်မြို့နယ်အတွင်းရှိ ဆင်ကျွန်းကျေးရွာသည် မြောင်မြို့နယ်၊ ညောင်ဝိုင်းအုပ်စု၏ အစွန်တွင်ရှိသော ကျေးရွာလေးတစ်ရွာဖြစ်ပြီး အိမ်ခြေ ၂၀၀ ခန့်၊ လူဦးရေ ၁၀၀၀ ခန့်ရှိသော်လည်း ကျေးလက် ဆေးပေးခန်း မရှိပါကြောင်း၊ နှစ်စဉ် မိုးတွင်းကာလတောက်လျောက် ရေနစ်မြုပ်နေသည့် ရွာများဖြစ်ပြီး ရေတက်ရေကျရှိချိန်တွင် ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် လူနာကို ထမ်းပိုးသယ်ဆောင်ပြီး သွားရပါကြောင်း၊ ကျေးလက်ဆေးပေးခန်းဌာနတစ်ခု ဖွင့်လှစ်ပေးမည်ဆိုပါက ကျန်းမာရေးပြဿနာအချို့ကို လွယ်ကူစွာ ကာကွယ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဌာနအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်မြို့နယ် သပြေကုန်းတိုက်နယ်ဆေးရုံတွင် ဆရာဝန်တစ်ဦးအား ၆-၁-၂၀၁၆ ရက်နေ့မှစ၍ တာဝန်ထမ်းဆောက်လျက်ရှိပါကြောင်း၊ ထို့အပြင် ရွှေကျင် တိုက်နယ်ဆေးရုံကို လက်ထောက်ဆရာဝန်တစ်ဦး ခန့်ထားပေးနိုင်ရေးနှင့်ပတ်သက်၍ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ဖွဲ့စည်းပုံတွင် လက်ထောက်ဆရာဝန် တာဝန်ခံ ၁ ဦး၊ လက်ထောက် ဆရာဝန် ၁ ဦး စုစုပေါင်း ၂ ဦး ရှိပါကြောင်း၊ သို့သော် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် တိုက်နယ်ဆေးရုံပေါင်း ၇၂၅ ရုံရှိသည့်အနက်မှ အများစုမှာ ဆရာဝန်တစ်ဦးတည်နှင့်သာ လည်ပတ်လျက်ရှိပါကြောင်း၊ အချို့တိုက်နယ်ဆေးရုံများတွင် ဆရာဝန်နှစ်ဦးရှိသည်မှာ ဆရာဝန် ဇနီးမောင်နှံဖြစ်၍ ဖြစ်ခြင်းဖြစ်ပါကြောင်း၊ သို့ပါ၍ ရွှေကျင်မြို့နယ် တိုက်နယ်ဆေးရုံအနေဖြင့် လက်ထောက်ဆရာဝန် ၁ ဦးအား ၂၀၁၅ အောက်တိုဘာလမှစ၍ ခန့်ထားပြီးဖြစ်ပါသဖြင့် ရွှေကျင်မြို့နယ်တွင် တိုက်နယ်ဆေးရုံတွင် ဆရာဝန်တစ်ဦး ထပ်မံ၍ ခန့်ထားပေးနိုင်မည် မဟုတ်ပါကြောင်း၊ သို့သော် လက်တွေ့မြေပြင်အခြေအနေကို တိုင်းဦးစီးမှူးနှင့် ထပ်မံကြည့်ကြပ်ပြီး လိုအပ်လျင် လိုအပ်သလို ပေးမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးမှာလည်း အရာတစ်ခုကို အမြဲ တစ်သမတ်တည်း ချမှတ်၍ မရပါကြောင်း၊ အချိန်အခါနှင့် ပြောင်းလဲ၍ လိုအပ်နေ သလိုချထားတဲ့ မူဘောင်နှင့်ကျော်ပြီးလုပ်တဲ့ ထုံးစံတွေလည်းအများကြီးရှိပါတယ်ခင်ဗျား။ ကနောင် တိုက်နယ်ဆေးရုံတွင် ဆရာဝန်တစ်ဦးအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ၌လည်းကောင်း၊ နောက်တစ်ဦးအား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ၌လည်းကောင်း ခန့်အပ်ပြီးဖြစ်ပါကြောင်း၊ နှစ်ဦးဖြစ်ခြင်းမှာ ကနောင်တိုက်နယ်ဆေးရုံ၌ရောက်ရှိလာသော ဆရာဝန်မှာ ဇနီးမောင်နှံနှစ်ဦး ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းအင်အားကိုကြည့်သည့်အခါ သပြေကုန်းတိုက်နယ်ဆေးရုံ၏ ဖွဲ့စည်းပုံအရ အထက်တန်း သူနာပြု ၂ ဦး၊ သူနာပြု ၄ ဦးမှာ လစ်လပ်လျက်ရှိသော အထက်တန်းသူနာပြု ၁ ဦး၊ သူနာပြု ၂ ဦး လစ်လပ်လျက်ရှိပါကြောင်း၊ ၎င်းကို မိမိတို့ ို့ ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း။
ရွှေကျင်တိုက်နယ်ဆေးရုံတွင် အထက်တန်းသူနာပြု ခွင့်ပြု ၂ ဦး၊ ခန့်ထား ၂ ဦးဖြင့် ပြည့်ပါကြောင်း၊ သူနာပြုခွင့်ပြု ၄ ဦးရှိသည့်အနက် ၂ ဦးသာဖြစ်သည့်အတွက် ၂ ဦးကျန်ရှိနေသေးသည်ကို စဉ်းစားပေးမည်ဖြစ်ပါကြောင်း၊
ကနောင်တိုက်နယ်ဆေးရုံ၏ဖွဲ့စည်းပုံအရ အထက်တန်းသူနာပြု ၂ ဦး၊ ခန့်ထား ၂ ဦး၊ သူနာပြု ၄ ဦး၊ ခန့်ထား ၂ ဦး၊ လစ်လပ် ၂ ဦးရှိပါကြောင်း၊ လစ်လပ်လျက်ရှိသော အထက်တန်း သူနာပြုနေရာတွင် ဧရာဝတီတိုင်းကုသရေးဦးစီးဌာနမှ အထက်တန်းသူနာပြုခေါ်ယူရန် စီစဉ်လျက်ရှိပါကြောင်းနှင့် သူနာပြုများနေရာတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် သူနာပြုသစ်လွင်များ ၁၈၀၀ ကျော်ခန့်သည့်အခါ လုပ်ငန်းလိုအပ်ချက်အရ ခွဲဝေပေးပြီးဖြစ်ပါကြောင်း။
သပြေကုန်း တိုက်နယ်ဆေးရုံ၌ ဆေးဘက်ကျွမ်းကျင်ဓာတ်မှန် ၁ ဦး ခွင့်ပြုမရှိပါကြောင်း၊ ဆေးစပ် ၁ ဦး၊ ခန့်ထား ၁ ဦး ရှိပါကြောင်း၊ ရွှေကျင်တိုက်နယ်ဆေးတွင် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းသည် ဓာတ်မှန်ဆေးဘက်ကျွမ်းကျင် ၁ ဦး လစ်လပ်လျက်ရှိပါကြောင်း၊ ဆေးဘက်ကျွမ်းကျင်၊ ဆေးစပ် ၁ ဦး ခန့်ထားပါကြောင်း၊ ကနောင် တိုက်နယ်ဆေးရုံတွင် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းမှာ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်း ၁ ဦး လစ်လပ်လျက်ရှိပါကြောင်း၊ ကျွမ်းကျင်ဆေးစပ် ခန့်ထားပါကြောင်း၊ သပြေကုန်းတိုက်နယ်ဆေးရုံ၊ ရွှေကျင်တိုက်နယ် ဆေးရုံ၊ ကနောင်တိုက်နယ်ဆေးရုံ ၃ ရုံအတွက် လွတ်လပ်နေသော ဆေးဘက်ကျွမ်းကျင် ၄၊ ဓာတ်မှန် ဖြည့်စွက်ခန့်ထားနိုင်ရေးအတွက် သင်တန်းသားများရွေးချယ်ပြီး ခြောက်လသင်တန်းပေးရန် ဆောင်ရွက်လျက်ရှိရာ ၎င်းသင်တန်းပြီးဆုံးချိန်တွင် မြန်အောင်မြို့နယ်အတွင်းရှိ ဖော်ပြပါတိုက်နယ် ဆေးရုံများအတွက် လိုအပ်သော ဆေးဘက်ကျွမ်းကျင် ၄၊ ဓာတ်မှန်တစ်ဦးစီ ခန့်ထားနိုင်ရေးအတွက် လျာထားဆောင်ရွက်ပေးရန် ဧရာဝတီတိုင်းဒေသကြီးဦးစီးဌာနမှူးအား အကြောင်းကြားထားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဖြည့်စွက်ခန့်ထားမည်ဖြစ်ပါကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးရုံတွင်လိုအပ်လျက်ရှိသော ဆေးရုံသုံး ပစ္စည်းများ၊ ဆေးရုံအဆင့်လိုက် စံကိုက်သတ်မှတ်ချက်နှင့်အညီ စိစစ်ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ အကယ်၍ ယင်းဆေးရုံ၊ ဆေးပေးခန်းတွင် ပစ္စည်းကိရိယာများ မရှိပါက ယင်းဆေးရုံ၊ ဆေးပေးခန်းတွင် တာဝန်ခံများသည် သက်ဆိုင်ရာတိုင်းဦးစီးမှူးကို ချက်ခြင်း အကြောင်းကြားရမည်ဖြစ်ပါကြောင်း၊ ၎င်းတို့အကြောင်းမကြားပါက မိမိတို့ ဗဟိုသည် မည်သို့မျှ မသိနိုင်ပါကြောင်း၊ တိုက်နယ်ဆေးရုံကလည်း ၇၂၅ ယောက်ရှိသည့်အတွက် အလွန်များပါကြောင်း၊ ၎င်းတို့သည် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ဦးစီးများကို အကြောင်းကြားမှသာလျှင် မိမိတို့က ဆက်လက်ဆောင်ရွက်၍ ရမည်ဖြစ်ပါကြောင်း၊ မြန်အောင်မြို့နယ် ကနောင်တိုက်နယ်ဆေးရုံသည် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံဖြစ်သည့်အတွက် စံကိုက်သတ်မှတ်ချက်အရ ဓာတ်မှန်စက် ထောက်ပံ့နိုင်ခြင်း မရှိသေးပါကြောင်း။
ဝန်ထမ်းအင်အားများသည် ဆေးရုံအားလုံး တစ်ပြည်လုံးအတိုင်းအတာနှင့် နောင်လာမည့်နှစ်များတွင် ဦးစားပေး ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်ပါကြောင်း၊ တစ်ပြည်လုံး တိုက်နယ်ဆေးရုံ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းမှာလည်း မရှိသေးပါကြောင်း၊ ၅၈ ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးသူ ဒုတိယတန်း၊ နောက်ဆက်တွဲသင်တန်းဆင်းများကို ၂၀၁၅-၁၆ နှစ်ကုန်ပိုင်းတွင် ခန့်အပ်ရန်လျာထားပြီးဖြစ်ပါ၍ အလုပ်သော ဓာတ်ခွဲဝန်ထမ်းများကို လျာထား ချက်မှ ဦးစားပေးခန့်ထားပေးပါမည်ဖြစ်ပါကြောင်း၊ ဓာတ်ခွဲဝန်ထမ်း ရောက်ရှိလာပါက လိုအပ်သော ဓာတ်ခွဲခန်းသုံး ပစ္စည်းများကိုလည်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် နောက်ဆက်တွဲတွင် ဝယ်ယူနိုင်ရန် ဗဟိုဆေးသို လှောင်ရေးဌာနသို့ ပြောကြားပြီး ဖြစ်ပါကြောင်းနှင့် ရရှိရန်လည်း လုပ်ပေးမည်ဖြစ်ပါကြောင်း။
ရွှေကျင်တိုက်နယ်ဆေးရုံ၏ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းမှာ ဓာတ်ခွဲကျွမ်းကျင်လေး ခွင့်ပြုရာ ခန့်ထားပြီး ဖြစ်သော်လည်း လိုအပ်သော ဓာတ်ခွဲခန်းသုံးပစ္စည်းများက ယခုဘဏ္ဍာရေးနှစ် နောက်ဆက်တွဲတွင် ဝယ်ယူနိုင်ရန် ဗဟိုဆေးသို လှောင်ရေးဌာနသို့လည်း အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ ကနောင်တိုက်နယ်ဆေးရုံ၏ ဓာတ်ခွဲ ကျွမ်းကျင်ဝန်ထမ်းမှာ ခွင့်ပြုခြင်း၊ ခန့်ထားခြင်း ဖြစ်သည့်အတွက် ပြည့်စုံလျက်ရှိပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ဆင်ကျွန်းကျေးရွာသည် ကျူးတော ကျေးလက်ကျန်းမာရေးဌာနခွဲ လက်အောက်ရှိ ကျေးရွာ ၅ ရွာထဲမှ တစ်ရွာဖြစ်ပြီး၊ ရွှေကျင် တိုက်နယ်ဆေးရုံနှင့် ၇ မိုင်၊ ကျူတောကျေးလက်ကျန်းမာရေးဌာနနှင့် ၇ မိုင် အကွာအဝေးတွင် ရှိပြီး အကျိုးပြုမည့်ကျေးရွာ ၅ ရွာ စုစုပေါင်း အိမ်ခြေ ၇၆၇ အိမ်၊ စုစုပေါင်းလူဦးရေ ၂၈၉၇ ဦးအား အခြေခံပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လွှမ်းခြုံဆောင်ရွက်ပေးလျက်ရှိပြီး မြေပြင်တွင် မြန်အောင်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြားမြို့နယ်များနှင့် နှိုင်းယှဉ်ပါက မိုးတွင်းကာလတွင် သွားလာရေးခက်ခဲသည်မှလွဲ၍ ဦးစားပေးရမည့် ကျန်းမာရေး ပြဿာနာများ ဖြစ်သော်လည်း သဘာဝဘေးကတ်ရောဂါတွင် ပြည်သူ့ကျန်းမာရေးပြဿနာများ မကြာခဏ ဖြစ်ပွားခြင်းမရှိသောကြောင့် လက်ရှိတွင်ကျန်းမာရေးဌာနအောက်လုပ်ရန်မြေနေရာ မရှိခြင်း၊ အနီးဆုံး ကျန်မာရေးဌာနများမှ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနိုင်ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဌာန ဆောက်လုပ်ဖို့ရန် မြေနေရာရရှိလာပါက ကျေးလက် ကျန်းမာရေးဌာန ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း။
ထို့အပြင် ဧရာဝတီတိုင်းကို ဦးစားပေးအစီအစဉ်ဖြင့် 3MDG မှ ၁.၄ မီလီယန်ဒေါ်လာ ရရှိပါသဖြင့် ဧရာဝတီတိုင်းအတွင်းရှိ ကျေးလက်ကျန်းမာရေး ၅ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၀ ခုကို ဆောက်ပေးသည်အပြင် ယင်းကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲမှရှိသည် ပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးမည့် သဘောတူညီချက် ရရှိထားပြီဖြစ်သည့်အတွက် မကြာခင် စတင်ဆောင်ရွက်မည် ဖြစ်ပါေကြောင်း ရှင်းလင်းဖြေကြားပါသည်။
