ဦးခင်မောင်လတ် (မြန်အောင်မဲဆန္ဒနယ်)

အမည်

ဦးခင်မောင်လတ်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/မအန(နိုင်)၀၈၂၆၁၀

မွေးသက္ကရာဇ်/အသက်

၁၆-၃-၁၉၅၁/(၆၄)နှစ်

မွေးဖွားရာဇာတိ

ရိုက်ကျေးရွာ၊ မြန်အောင် မြို့နယ်

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့(စိတ်ပညာ)၊ B.A(Psy)၊ H.G.P

လက်ရှိအလုပ်အကိုင်

အထက်တန်းရှေ့နေ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကျော်သန်း၊ ၁၄/မအန(နိုင်)၀၀၉၃၃၇၊ မြေစာရင်းဌာန(ငြိမ်း)၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးသန်း၊ ၁၄/မအန(နိုင်)၀၁၃၇၃၂၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်အုန်းမြင့်၊ ၁၄/မအန(နိုင်)၀၈၂၆၀၅၊ ကျန်းမာရေးမှူး(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မယဉ်မင်းစုလတ်၊ ၁၄/မအန(နိုင်)၁၁၁၃၈၇၊ အငယ်တန်းလက်ထောက်အင်ဂျင်နီယာ (မြန်မာ့သစ်လုပ်ငန်း)

(၂) မရွှေစင်စုလတ်၊ ၁၄/မအန(နိုင်)၁၅၁၀၂၃၊ အထက်တန်းရှေ့နေ၊ရုပ်သံသတင်းထောက်၊ မဇ္ဈိမသတင်းဌာန

(၃) မောင်ပြည့်စုံလတ်၊ ၁၄/မအန(နိုင်) ၀၆၆၃၃၉၊ ကုန်သည်

အမြဲတမ်းနေရပ်လိပ်စာ

ပြည်တော်သာကျေးရွာ၊ ညောင်မြစ်ဆွဲအုပ်စု၊ မြန်အောင်မြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဥက္ကဋ္ဌ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြန်အောင်မြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ.မ.က(ရိုက်ကျေးရွာ)၊ အ.လ.က(ရွှေကျင်)၊ အ.ထ.က (မြန်အောင်)တို့တွင် သင်ယူခဲ့သည်။ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(ရန်ကုန်)တွင် ပညာ ဆက်လက်သင်ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့(စိတ်ပညာ)ကို ရရှိခဲ့သည်။ ဆရာအတတ်သင် သိပ္ပံကျောင်း(ပုသိမ်)၊ H.G.Pသင်တန်း(ရန်ကုန်)တို့သို့လည်း တက်ရောက်ခဲ့သည်။ မြန်အောင်မြို့နယ် တွဲဖက်အ.လ.က(ဇလုပ်မကျောင်း)၊ တွဲဖက်အ.ထ.က (ရွှေကျင်)၊ အ.မ.က(ကျားသေ)တို့တွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အကျိုးတော်ဆောင်ရှေ့နေအဖြစ်လည်း လုပ်ကိုင် ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ပြီး စည်းရုံးရေးမှူးတာဝန်၊ ဥပဒေအထောက်အကူပြုအဖွဲ့ဝင်၊ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ် ယနေ့အထိ ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။ လူမှုရေးလုပ်ငန်းဆောင်ရွက်မှုများအဖြစ် တွဲဖက်အလယ်တန်းကျောင်း (ဇလုပ်မ)အကျိုးတော်ဆောင်၊ တွဲဖက်အထက်တန်းကျောင်း(ရွှေကျင်) အကျိုးတော် ဆောင်၊ မြန်အောင်မြို့နယ် ရှေ့နေများအသင်းနှင့် ကျေးရွာ/မြို့နယ်တွင် လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၃ မှ ၁၉၇၄ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်နောက်ဆုံးနှစ် တက်ရောက်နေစဉ် ကမာရွတ်ရဲစခန်းအရေးအခင်းတွင် အင်းစိန်ထောင်၌ (၃)လခန့် ခေတ္တထိန်းသိမ်းခံခဲ့ရပြီး သက်ဆိုင်ရာမှ ဝိဇ္ဇာ/သိပ္ပံပါမောက္ခချုပ် ဦးမောင်မောင်ခထံ ပြန်လည်လွှဲပြောင်းပေးအပ်သဖြင့် လွတ်မြောက်လာခဲ့ပါသည်။ ၂၀၁၅ ခုနှစ် မြန်အောင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခြင်းနှင့်ပတ်သက်၍ ရေဘေးဒုက္ခသည်၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်း၊ ရေဘေးဒုက္ခသည်ကူညီ စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။