မေးခွန်း အကြောင်းအရာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် ရပ်ကွက်၊ ဝေဘာကီမြို့သစ် ရပ်ကွက် အပါအဝင် ရပ်ကွက်ပေါင်း ၁၉ ခုနှင့် ဖွဲ့စည်းထားသောမြို့နယ်ဖြစ်ပြီး လူဦးရေ သုံးသိန်း ကျော် ခန့်ရှိ ပါကြောင်း၊ ယခင်က မြို့နယ်အဆင့်အားကစားကွင်းကြီးများ ရှိခဲ့သော်လည်း ပျောက်ကွယ် သွားသည်မှာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွက် မြို့နယ်ကြီးတစ်ခု ၏ အင်္ဂါ ရပ်များနှင့် ပြည့်စုံစေရန်အတွက်လည်းကောင်း၊ မြို့နယ် အတွင်းမှာရှိသည့် လူငယ်/လူရွယ် များ အားကစား လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် အတွက်လည်းကောင်း၊ မြို့နယ်အဆင့်အားကစား ပြိုင်ပွဲများ ကျင်း ပနိုင် ရန်နှင့် ကျန်းမာကြံ့ခိုင်သော နိုင်ငံ့သားကောင်းများ ပေါ်ထွက်နိုင်စေရန်အတွက် မြို့နယ်အဆင့် အဆင့်အတန်းမြင့်သော အားကစားကွင်းကြီးတစ်ခု လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ ၍ မြောက်ဥက္က လာပ မြို့နယ်ရှိ (ဂ)ရပ်ကွက်အတွင်း ရှိသော မဏ္ဍိုင်အားကစားကွင်းကြီးကို မြို့နယ်အဆင့် အဆင့်မြင့် အားကစား ကွင်းကြီး အဖြစ် သက်ဆိုင်ရာမှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိပါက မည် သည့် အချိန် ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။
မြန်မာဘောလုံးအားကစားတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ Myanmar National League ဘောလုံးအသင်းပြိုင်ပွဲများနှင့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ ကျင်းပရန် ဘောလုံး ကွင်း ၁၄ ကွင်း၊ လေ့ကျင့်ရေးဘော လုံးကွင်း ၁၀ ကွင်း စုစုပေါင်း ၂၄ ကွင်းအား ပြည်ထောင်စု မြန်မာနိုင်ငံဝန်ကြီးချုပ်ရုံး၏ လမ်းညွှန်ချက်အရ အစိုးရအဖွဲ့ရုံးသို့ လွှဲပြောင်းအပ်နှံပြီး ၈-၁၁-၂၀၁၀ ရက်နေ့မှစ၍ ယခင် အားကစား ဝန်ကြီးဌာန မှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ စီမံခန့်ခွဲမှုဖြင့် သက်ဆိုင်ရာ ဘောလုံးကလပ်အသင်းများကို ၃ နှစ် အခမဲ့ငှားရမ်းပေးခဲ့ပါကြောင်း၊ အဆိုပါအခမဲ့ ငှားရမ်းသည့် ကာလပြီး ဆုံးသည့်နေ့မှစ၍ နှစ်စဉ်ငှားရမ်းခများအနေဖြင့် ပြိုင်ပွဲကွင်းကို တစ်နှစ်လျှင် သိန်း ၅၀၊ သိန်း ၃၀နှုန်းဖြင့် လည်းကောင်း၊ လေ့ကျင့်ရေးကွင်းများကို ၁၂ သိန်း(သို့မဟုတ်) ၆ သိန်း နှုန်းဖြင့်လည်းကောင်း အသီးသီး သတ်မှတ်၍ နှစ် ၃၀ ငှားရမ်းရန်သဘောတူစာချုပ် ချုပ်ဆိုထားခဲ့ပါ ကြောင်း ၊ ရန်ကုန်မြို့တွင် မြောက်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက်ရှိ မဏ္ဍိုင်အားကစားကွင်း အပါအဝင် ဘောလုံးကွင်း ၁၁ ကွင်း၊ မန္တလေးမြို့ တွင် ၂ ကွင်း၊ ပုသိမ်တွင် ၂ ကွင်း၊ မြစ်ကြီးနား၊ ဘားအံ၊ မော်လမြိုင်၊ စစ်တွေ၊ မုံရွာ၊ မကွေး၊ ပဲခူးမြို့တို့ တွင် ဘောလုံးကွင်း ၁ ကွင်း စီ ဖြင့် ဘောလုံးကွင်း ၈ ကွင်းကိုလည်းကောင်း ၊ တောင်ကြီးမြို့ ရှိ ပြည်နယ်ဘောလုံးကွင်းကို ကမ္ဘောဇ ကလပ်အသင်းမှ ပြန်လည်အပ်နှံသည့်အတွက် စုစုပေါင်း ၂၃ ကွင်းကိုငှားရမ်းထားသေးပါကြောင်း၊ ၎င်း ကွင်းများသည် ကျန်း မာရေးနှင့် အားကစား ဌာနဝန်ကြီး အပိုင်ဖြစ်သော်လည်း မိမိတို့မှ ငှားရမ်းထားပြီးသား ဖြစ်နေပါ ကြောင်း၊ ငှားရမ်းခြင်းသဘောတူစာချုပ် အပိုဒ် ၁၃(က)တွင် အငှားချထားသည့် ဘောလုံးကွင်းများကို အငှားချ ထားခြင်း ခံရသူအား လွှဲပြောင်းပေး အပ်ရမည်ဟု ဖော်ပြထားသည့်အတွက် ယခင်အားကစား ဝန်ကြီးဌာနသည် ဟံသာဝတီယူနိုက်တက်ဘောလုံးကလပ်အသင်းကို မြောက်ဥက္ကလာပမြို့နယ်ရှိ မဏ္ဍိုင်အားကစား ကွင်းအား တစ်နှစ်လျှင် ငှားရမ်းခ သိန်း ၃၀ ဖြင့် နှစ်ပေါင်း ၃၀ ငှားရမ်းထားခဲ့သည့် အတွက် ၎င်းအားကစားကွင်းကို လွှဲပြောင်းပေးအပ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ စာချုပ်ပါ အပိုဒ် ၁၄(ဂ)နှင့် အပိုဒ် ၁၅ (က)နှင့် (ခ)တို့အရ အငှားချထားသည့် အားကစား ကွင်းအား မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊ ပြုပြင်ခြင်း၊ တိုးချဲ့စသည့်လုပ်ငန်းများကို အစိုးရအဖွဲ့၏စာဖြင့် ကြိုတင်ခွင့်ပြုမိန့် သဘော တူညီချက် ရရှိမှ သာ ဆောင်ရွက်ရပါပြီး ကုန်ကျစရိတ်ကို အငှားချထား ခံရသူမှ ကျခံရမည် ဟုဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဟံသာဝတီ ယူနိုက်တက် ဘောလုံးကလပ်အသင်း တို့မှ စာချုပ်ပါ စည်းကမ်း သတ်မှတ် ချက်များ အတိုင်း တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ပါ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် မသက်ဆိုင်ပါကြောင်း နှင့် သတ်မှတ်ချက်အတိုင်းဆောင်ရွက်ရသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် မြို့နယ် အဆင့် အဆင့်မြင့် အားကစားကွင်းကြီး အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိ ပါကြောင်း ဖြေကြားခဲ့ပါသည်။
