(ဂ)-ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ တိုက်နယ်ဆေးရုံတစ်ခု တည်ဆောက်ပေးရန်အစီ အစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် တွင်ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၁၂.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

khin saw waiရသေ့တောင်မြို့နယ်သည် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တည်ရှိပြီး ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး မြို့တစ်မြို့ဖြစ်ပြီး ရေလမ်းခရီးတစ်ခုတည်းကိုသာ အားကိုးအားထားပြုပြီး သွားလာနေကြခြင်းဖြစ်ပါကြောင်း၊ မိုးရာသီတွင်လည်း ရာသီဥတု အလွန်ဆိုးရွားသည့် ဒဏ်ကို ခံစားရပါကြောင်း၊ ရသေ့တောင်မြို့နယ်တွင် လူဦးရေ ၂၀၀၀၀၀ နီးပါးနေထိုင်ပြီး တိုက်နယ် လေးခုရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ရသေ့တောင်မြို့နယ် ဆေးရုံတစ်ခုနှင့် စေတီပင်တိုက်နယ်ဆေးရုံတစ်ရုံသာ ရှိပါကြောင်း၊ ကျန်းမာရေးစောင်‌့ ရှောက်ခံရမှုမှာ အားနည်းသည်ဟု ဆိုနိုင်ပါကြောင်း၊ ရသေ့တောင်မြို့နယ်၏ မြောက်ဘက်ရှိ ကျောက်တန်းကျေးရွာသည်တိုက်နေခေါင်းဆောင်သော ကျေးရွာ ကြီးဖြစ်ပါကြောင်း၊ ကျောက်တန်းကျေးရွာကိုအနီးအနားဝန်းတွင် ဒေးဆေးနေရော် အခြေပြုနေထိုင်လျက်ရှိကြပြီး လူဦးရေးအားဖြင့် ၄၀၀၀၀ ကျော်နေထိုင်လျက်ရှိပါကြောင်း၊ ကျောက်တန်းကျေးရွာ တိုက်နယ်တစ်ခုလုံးရှိ ကျေးရွာသူ ကျေးရွာသားများသည် ရေမိုင် ၂၀ ခန့်ကွာဝေးသည့် ရသေ့တောင်မြို့နယ် ဆေးရုံကို အဓိကအားကိုး အားထားပြုနေရပါကြောင်း၊ ကျန်းမာရေးကိစ္စများ ပေါ်ပေါက်လာသည့်အခါ မြို့နယ်ဆေးရုံကိုသွားရန် စက်လှေစရိတ်ကြီးမြင်‌့မှုနှင့် ကူးတို့ စက်လှေများမှာလည်း တစ်နေ့လျှင် တစ်ကြိမ်ခန့်သာ သွားလာရပါကြောင်း၊ သွားလာချိန်သည်လည်း ၅ နာရီ လောက်ကြာ မြို့နယ်ဆေးရုံသို့ အချိန်မီ ရောက်ရှိနိုင်ခြင်းမရှိဘဲ အသက်ဆုံးရှုံးမှုများ မကြာခဏ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် မိမိတို့ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရခိုင်ပြည်နယ်မှာ ခုတင် ၅၀၀ ဆံ့ ဆေးရုံတစ်ရုံ၊ ခုတင် ၁၀၀ ဆံံ့ဆေးရုံငါးရုံ၊ ခုတင် ၅၀ ဆံ့ဆေးရုံခုနစ်ရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံ ငါးရုံ၊ တိုက်နယ်ဆေးရုံ ၄၆ ရုံ၊ ဆေးရုံစုစုပေါင်း ၆၄ ရုံဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံနှစ်ရုံ၊ ကျေးလက်ကျန်းမာ ရေးဌာနခုနစ်ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၃၀ ကို ဖွင့်လှစ်ထားပြီး မြို့နယ်ပြည်သူများ၏ ကျန်းမာရေးကို စောင်‌့ရှောက်လျက်ရှိပါကြောင်း၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်း ကျေးရွာအုပ်စု၌ ကျေးရွာအုပ်စုပေါင်း ၃၄ ရွာ၊ မြေဧရိယာ  ၈၂ စတုရန်းမိုင်ကျယ်ဝန်း၍ လူဦးရေ ၃၄၀၀၀ ခန့်နှင့် နေအိမ် ၅၈၀၀၀ ခန့်ရှိပြီး ရေလမ်းကိုသာ အဓိကသွားသော နေရာဖြစ်ခြင်း၊ ငှက်ဖျားရောဂါအဖြစ်များသော  နေရာဖြင်ခြင်းတို့ကြောင့် ကျောက်တန်းတိုက်နယ်ဆေးရုံတစ်ရုံ ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိနိုင်ရန် လုပ်ထုံးလုပ်နည်းနှင်‌့အညီ စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုပါက ရန်ပုံငွေများရရှိပါက အဆောက်အဦများ ဆက်လက်ဆောက်လုပ် သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တစ်ပြည်လုံး၌ရှိသော ဆေးရုံများ ကျေးလက်ဌာနခွဲ များ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ ဌာနခွဲများ၏ တည်နေရာ ထပ်တိုးရန် လို/မလို အစရှိသည်တို့ကို တစ်ပြည်လုံးအတိုင်းအတာအဖြစ် အသေးစိတ်ကျွမ်းကျင်မှုများဆိုင်ရာ၌ ဆန်းစစ်ပြီး အမြန်ဆုံးလိုအပ်လျှင် လိုအပ်သလို ပြုလုပ်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။