ဒေါ်ခင်စောဝေ (ရသေ့တောင် မဲဆန္ဒနယ်)

အမည်

ဒေါ်ခင်စောဝေ

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ရခိုင်/ ဗုဒ္ဓဘာသာ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/မဂတ(နိုင်)ဝ၆၉၆၇၅

မွေးသက္ကရာဇ်/အသက်

၁၁.၆.၁၉၅၉ / (၅၁)နှစ်

မွေးဖွားရာဇာတိ

မြို့သစ်တောင်ရပ်ကွက်၊ ဘူးသီးတောင်မြို့

ပညာအရည်အချင်း

Second Year (Math)

လက်ရှိအလုပ်အကိုင်

ကုန်သည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမောင်ဖြူ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စိန်ညွန့် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးရွှေကျော် (ကွယ်လွန်)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမေသက်ဦး၊ ၁၂ /မဂတ(နိုင်) ၀၉၃၁၂၇၊ ကုမ္ပဏီဝန်ထမ်း

(၂) မဂျူးဂျူးဝေ၊ ၁၂ /မဂတ(နိုင်) ၀၉၃၁၉၇၊ လေယာဥ်မယ် (MAI)

(၃) မရွှေသီရိဝေ၊ ၁၂ /မဂတ(နိုင်) ၀၉၃၁၉၈၊လေယာဥ်မယ် (MAI)

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၁၁၇)၊ ပထမထပ်၊ ၉၂ လမ်း၊ကန်တော်ကလေး၊ မင်္ဂလာတောင်ညွန့်မြို့နယ်။

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရသေ့တောင်မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

၁၉၆၄ ခုနှစ်တွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ ဘူးသီးတောင်မြို့သစ် မူလတန်းကျောင်းတွင် လည်း ကောင်း၊ ပဥ္စမတန်းမှ ဒသမတန်းအထိ ဘူးသီးတောင် အစိုးရ အထက်တန်းကျောင်းတွင်လည်းကောင်း ပညာသင်ကြားခဲ့ပြီး ၁၉၈၀-၈၁ ခုနှစ်တွင် စစ်တွေဒေသ ကောလိပ်၌ ဒုတိယနှစ် (သင်္ချာ)အထိ တက်ရောက်ပညာ ဆည်းပူးခဲ့သည်။

လမ်းစဥ်လူငယ်အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ရန်ကုန် ဘူးသီးတောင်မြို့နယ်အသင်း၊ မောင်တောမြို့နယ် အသင်း၊ ရခိုင်စာပေနှင့်ယဥ်ကျေးမှု၊ ရခိုင်သဟာရအသင်း၊ ရခိုင်အမျိုးသမီးအသင်းတွင် လူမှုရေးလုပ်ငန်းများ ပါဝင် လှုပ်ရှားခဲ့သည်။