(ခ)-ရမည်းသင်းမြို့နယ်၊ သစ်ဆုံကြီးတိုက်နယ် ဆေးရုံအား (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ် ရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၃၀.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u tun tun winရမည်းသင်းမြို့နယ်၊ သစ်ဆုံကြီးတိုက်နယ်ဆေးရုံသည် ၁၉၇၉ ခုနှစ် မတိုင်ပင်ကပင် တိုက်နယ်ဆေးရုံအဖြစ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါဆေးရုံအဆောက်အဦက ယခုအချိန်တွင် အချို့နေရာများ၌ ပျက်စီးယိုယွင်းနေပြီး လှပခိုင်ခံမှုမရှိပါကြောင်း၊ သစ်ဆုံကြီးတိုက်နယ်ဆေးရုံသည် ရမည်းသင်းမြို့နှင့် ၁၉ မိုင် ကျော်ကွာဝေးပြီး ကျေးရွာအုပ်စု ၉ အုပ်စု၊ ကျေးရွာပေါင်း ၄၂ ရွာတွင် လူဦးရေ ၃၉၀၀၀ ကျော်ခန့်ကို ကျန်းမာရေးစောင်‌့ရှောက်မှု ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လွှတ်တော်ကိုတင်ပြခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးထံသို့ ရောက်ရှိလာပြီး သစ်ဆုံကြီးတိုက်နယ်ဆေးရုံကို လာရောက်လေ့လာခဲ့သည်ဟု သိရှိရပါကြောင်း၊ ဆေးရုံအဟောင်းမြေနေရာကို ၁၆ ခုတင်ဆံ့ စံကိုက်အဆောက်အဦ ဆောက်မည် ဆိုပါက ဧရိယာကျဉ်းလွန်းခြင်း ကျေးရွာ၏အနောက်မြောက်ဘက် ချောင်ကျသည့် နေရာတွင်တည်ရှိ နေခြင်းဖြစ်သည့်အတွက် ၁၆ ခုတင်ဆံ့ အဆောက်အဦဆောက်လုပ်နိုင်ရန် ရန်ကုန်-မန္တလေး  အမြန် လမ်းမကြီးနှင့် ရမည်းသင်းမြို့ကို ဆက်သွယ်ထားသော ကတ္တရာလမ်းဘေးရရှိရန် မြေနေရာ ဆောင်ရွက်ထားရန်လည်းမှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိကိုယ်တိုင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဝန်ကြီးဌာနက မြို့နယ်၊ ခရိုင်ဆရာဝန်များနှင့် သွားရောက်ပြီး မြေနေရာရရှိရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့သည့် နေရာတွင် မြေနေရာ ၃ ဧကလည်းရရှိထားပြီး ဖြစ်ပါကြောင်း၊ ယခုရရှိထားသည့် မြေနေရာသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ အရှေ့ဘက် ၄ ဖာလုံခန့်အကွာတွင် ရရှိခြင်းဖြစ်ပါကြောင်း၊ ရမည်းသင်းမြို့နယ်ရှိ အမြန်လမ်းမကြီးပေါ်တွင် အရေးပေါ်လူနာများလည်း ကျန်းမာရေး စောင်‌့ရှောက်မှု ပေးနိုင်မည် ဖြစ်ပါသောကြောင့် ကျေးလက်နေပြည်သူများအတွက် အမှန်တကယ်လိုအပ်လျက် ရှိသည့် သစ်ဆုံကြီးတိုက်နယ် ၁၆ ခုတင်ဆံ့ဆေးရုံကို စံကိုက်အဆောက်အဦဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန