ဦးထွန်းထွန်းဝင်း (ရမည်းသင်းမဲဆန္ဒနယ်)

အမည်

ဦးထွန်းထွန်းဝင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/အတန(နိုင်)၀၅၃၈၉၈

မွေးသက္ကရာဇ်/အသက်

၂-၄-၁၉၈၀/(၃၇)နှစ်

မွေးဖွားရာဇာတိ

အမှတ်(၅၈)၊ အောင်ဇေယျရပ်ကွက်၊ အင်းတော်မြို့

ပညာအရည်အချင်း

LL.B

လက်ရှိအလုပ်အကိုင်

တရားလွှတ်တော်ရှေ့နေ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစက်ဖေ၊ ၅/အတန(နိုင်)၀၀၄၉၇၅၊ ကုန်သည်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သိန်းတင် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ယုယုဆွေ၊ ၅/မရန(နိုင်)၁၄၇၆၈၃၊ မြို့နယ်တရားသူကြီး

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၃၁)၊ မင်္ဂလာကျုံးလမ်း၊ ညောင်ပင်ရပ်၊ မြို့မရပ်ကွက်ကြီး၊ ရမည်းသင်းမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တွဲဖက်အတွင်းရေးမှူး၊ ရမည်းသင်းမြို့နယ်အလုပ်အမှုဆောင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရမည်းသင်းမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကိုအင်းတော်မြို့ အမက(အောင်ဇေယျ)နှင့် အထက(မြို့မ)တို့တွင် သင်ယူခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မုံရွာတက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။ တရားလွှတ်တော် ရှေ့နေလုပ်ကိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် အထက်တန်း ရှေ့နေ လိုင်စင်ရရှိခဲ့ပြီး ဥပဒေအကျိုးဆောင် လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ရမည်းသင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ပြီး ၂၀၁၂ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။ ရမည်းသင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ညီလာခံ ကော်မရှင်အဖွဲ့ဝင်နှင့် ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်တွင် အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် တရားလွှတ်တော် ရှေ့နေလိုင်စင်ရရှိခဲ့ပြီးအသက်မွေးဝမ်းကြောင်းပြုဥပဒေပညာဖြင့် ဆင်းရဲနွမ်းပါးသော ပြည်သူများကို အခမဲ့အမှုလိုက်ပါ ဆောင်ရွက်ပေးခြင်း၊ ဥပဒေအကြံပေးခြင်း ဆောင်ရွက်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရမည်းသင်းခရိုင်၊ အလုပ်သမားရေးရာကော်မတီတွင် ယခင်ကဥပဒေအကြံပေးတာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိ အချိန်၌ ရမည်းသင်းမြို့နယ် အလုပ် အမှုဆောင်အဖွဲ့တွင် တွဲဖက်အတွင်းရေးမှူးတာဝန် ထမ်းဆောင်လျက်ရှိသည်။