မေးခွန်း အကြောင်းအရာ
မိမိတို့ ပြည်သူ့လွှတ်တော် အတွေ့အကြုံ၊ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းရန် ၁၂-၁၁-၂၀၁၆ ရက်နေ့ သွားသည့်အချိန်တွင် ပေတောနှင့် ကဇွဲရထားလမ်းကို ကားလမ်းဖြစ်စေလိုကြောင်း ကို ရှိရကြောင်း၊ ထိုကြောင့် ကဇွဲကျေးရွာကို မိမိတို့ ဂွေးချို-ချောက်- ဆိပ်ဖြူ-ပခုက္ကူလမ်းပေါ်မှ ၁၃ မိုင် ၃ ဖာလုံတွင် မြင်ရကြောင်း၊ ပေတော ကျေးရွာကို မင်းဘူး-စလင်း-ဆိပ်ဖြူ-ဆောလမ်း မှတ်တိုင် ၁၂ မိုင်တွင် စဝင်ရကြောင်း၊ လမ်းနှစ်လမ်း၏ ဆက်သွယ်မှု လမ်းကြောင်း အားကောင်းကြောင်း၊ ကျေးရွာချင်း ဆက်လမ်းများလည်း ကောင်းကြောင်း၊ ထိုကြောင့် ယခု တံတားကို တည်ဆောက် ပေးပါက အလွန် ကောင်းကြောင်း၊ ယခုတံတား၏ အောက်ပိုင်း တစ်မိုင်ခွဲခန့် နေရာတွင် ခြထောက်နှင့် ရွာသစ်ကို ဖြတ်ထားသည့် ရှစ်ချောင်းကို ဖြတ်ထားသည့် ရေကျော် တစ်ခုရှိကြောင်း၊ ယခု ရေကျော် သည် မိုးတွင်းတွင် တောင်ကျရေ သော်လည်းကောင်း၊ မိုးအဆက်မပြတ် ရွာသည် အချိန်တွင် သော်လည်းကောင်း ကားများသည် ကုန်စည်စီးဆင်းမှု အလွန်အင်မတန် ရပ်တန့်သွားကြောင်း၊ တစ်ခါတလေတွင် တစ်နေ့လုံး စောင့်ရကြောင်း၊ ထို့အတွက် မိမိတို့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ရပ်တန့်ကြောင်း၊ ပညာရေးအရ ကျောင်းသားများ ကျောင်းမတက်နိုင်ကြောင်း၊ ကျန်းမာရေးအရ လူနာတွေ မသွားလာနိုင်ကြောင်း၊ ထိခိုက်ဒဏ်ရာရသည် သူများ၊ အလောတကြီး ဖြစ်နေသည့် ကိစ္စများ၊ Accident ဖြစ်သည့် ကိစ္စများ၊ လယ်သမားများသည် ၎င်းတု့ိ၏ လယ်များ၊ ယာများကို သွားချင်သလို သွားမရကြောင်း၊ စသည့် အခက်အခဲများရှိနေကြောင်း၊ ထိုကြောင့် မိမိက ပခုက္ကူနှင့် ဆိပ်ဖြူကို ဆက်ထားသည့် ရောချောင်း တံတားကို ဖြတ်ပြီး ဖောက်လုပ်ထားသည့် မီးရထားတံတားသည် ကားများ သွားလို့ရသည့်အတွက် မိမိတို့ ကဇွဲနှင့် ပေတော ရထားလမ်းကိုလည် ကားများပါ သွားရအောင် လုပ်ပေးစေချင်ကြောင်း၊ ပခုက္ကူဘက်ကို သွားသည့် မီးရထားတံတား၏ အောက်တွင် Bent (၅) ချောင်းနဲ့ ၈၅ ပေရှည်သည့် ဒက်တူရက် Bent (၄) ချောင်းနှင့် လုပ်ထား ကြောင်း၊ ကဇွဲနှင့် ပေတောကို ဆက်ထားသည့် မီးရထားတံတားနှင့် Bent Size တွေက တူပါကြောင်း၊ ၈၅ ပေ ရှည်သည့် Bent (၅) ချောင်း ထည့်ထားကြောင်း၊ ထို့အတွက် ပထမ သူတို့ ရည်ရွယ်ချက် ရှိသည့် ပုံစံဖြစ်ကြောင်း၊ အကျယ်က ၂၂ ပေကျယ်တွင် တစ်ဖက်လူသွားလမ်း ပလက်ဖောင်း ၆ ပေကို နှုတ်ပါက ၁၆ ပေသာ ကျန်ကြောင်း၊ မိမိတို့ ရထားလမ်းလုပ်မယ်ဆိုပါက Bent က ခံသည့် အားများ လည်း ရှိကြောင်း၊ ထိုကြောင့် ရှစ်ချောင်းကိုဖြတ်ပြီး ကဇွဲနှင့် ပေတောကို ဆက်သွယ်ထားသည့် မီးရထားတံတားအား ကားများ သွားလာနိုင်သော မီးရထားကားလမ်း ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလတွင်စတင်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် မရှိပါက အဘယ့်ကြောင့်ဆိုသည်ကို သိရွိပါကြောင်း မေးမြန်းပါသည်။
ကဇွဲနှင့် ပေတောကို ဆက်ထားသည့် မီးရထားတံတားသည် ၉၃၅ ပေကျယ်ကြောင်း၊ လူသွားလမ်းသည် တစ်ဖက်တွင် ၃ ပေစီ နှင့် အလယ်တွင် ၁၆ ပေရှိကြောင်း၊ ၎င်း ၁၆ ပေကို ယောချောင်းအတိုင်း ပြုလုပ်လိုပါက သံလမ်းမျက်နှာပြင်နှင့်အညီ မိမိတိုပ ကွန်ကရစ်ခင်းရမည် ဖြစ်ကြောင်း၊ ကွန်ကရစ်နှင့် ကတ္တရာခင်းရမည် ဖြစ်ကြောင်း၊ နောက် ကားလမ်းနှင့် ရထားလမ်းများ၏ အစွန်းများတွင် ကားလမ်းသည် Crossing များ အမြဲတမ်းလိုလို ပြဿနာရှိကြောင်း၊ ထို့သို့ပြောင်းလဲ ဆောင်ရွက်ရာတွင် မြန်မာ့မီးရထားအနေဖြင့် ရထားသွားလာမှု အန္တရာယ်မဖြစ်စေရန် တံတားထိပ် တစ်ဖက် တစ်ချက်စီတွင် ဂိတ်တံခါး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုကြောင့် ဂိတ်စောင့်နှစ်ယောက်၊ နေ့တစ်ယောက် ညတစ်ယောက် လိုအပ်ကြောင်း၊ ၎င်းဂိတ်စောင့်များအတွက် ရွာနှင့် ဝေးနေသည့် အတွက် ဂိတ်စောင့်နှစ်ယောက်နေရန် နှစ်ခန်းတွဲ တန်းလျားတစ်ခု ဆောက်ပေးရမည် ဖြစ်ကြောင်း၊
မော်တော်ကားလမ်းနှင့် ရထားလမ်းသည် တစ်မိုင်ခွဲခန့် ကွာကြောင်း၊ ခြထောက်နှင့် ရွာသစ်ကို ဖြတ်ထားသည့် ရှစ်ချောင်းကို ဖြတ်ထားသည့် ရေကျော်ကို အခိုင်အခန့် တည်ဆောက်ထားကြောင်း၊ ရေကျော်အလျားက ၉၁၇ ပေ ရှည်လျားကြောင်း၊ တော်တော်ကောင်းမွန်ကြံ့ခိုင်တယ်သည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက ကြားရကြောင်း၊ မော်တော်ကားလမ်းကိုဖြတ်လိုပါက ရထားလမ်း တံတားပေါ်တွင် ၉၃၅ ပေရှိသည့် တစ်ပေထုရှိသော အနည်းဆုံး ရှစ်လက်မခန့်ရှိသည့် ရထားလမ်းအမြင့်နှင့် ညီသည့် ကွန်ကရစ်နှင့် ကတ္တရာခင်းရန်၊ ဂိတ်တံခါးဆောက်ရန်နှင့် ဂိတ်စောင့် တန်းလျားထားရန် လိုကြောင်း၊ ထိုမှသာ လုံခြုံစိတ်ချရသည့် သွားလာရေးဖြစ်မှာဖြစ်ကြောင်း၊ နောက် တစ်ချက်က ယခုလမ်းကို သွားဖို့အတွက် ချဉ်းကပ်မော်တော်ကားလမ်း ထပ်ပြီး ဖောက်ရမှာ ဖြစ်ပါကြောင်း၊ ထို့အတွက် မော်တော်ကားလမ်း ရေကျော်သည့် နေရာတွင် ဖြတ်သန်းသွားသည့် ကားအရေအတွက်က တစ်နေ့ကို ၁၅ စီးနှင့် ၁၆ စီး ခန့်သာ ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနလမ်းဦးစီး၏ စာရင်းဇယားဌာနအရ သိရှိရကြောင်း၊ နောက်တစ်နှစ်ကို ရေကျော်သည့် အကြိမ်ပေါင်းသည် ၆ ကြိမ်ကနေ ၈ ကြိမ် အထိရှိသည် ဟု ပြောကြောင်း၊ ထိုအခါ တစ်နာရီခန့်မှ အများဆုံးကြာချိန်ဟာ ၄ နာရီ ကြာသည် ဟု သိရပါကြောင်း၊ ယခုလက်ရှိတွင် အနီးရွာတွေ က ရထားလမ်းကို ၃ ပေကျယ်တဲ့ နေရာကနေပြီး ွဖတ်ကြောင်း၊ ဘေးမှ မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာသည်များ လည်းရှိသည် ဟု သိရကြောင်း၊ ဒါကြောင့် မိမိအနေ့ဖြင့် Traffic Demand ဖြစ်ကြောင်း၊ တကယ့်လိုအပ်ချက် တအားကြီးမကြီးမားသေးကြောင်း၊ နောက်ထပ် ကုန်ကျစရိတ်တွေကလည်း သန်း ၁၀၀ နဲ့အထက်ရှိကြောင်း၊ ရထားလမ်းကိစ္စတစ်ခုတည်းကို သန်း ၁၀၀ ကုန်မည်၊ တစ်ခါ သွားမည့် ကားလမ်းကို ထပ်ပြီး လုပ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ကားများ လွယ်လွယ်ကူကူ သွားနိုင်မည် ဖြစ်ပြီး သူတို့ ချဉ်းကပ်လမ်းများ လုပ်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လောလောဆယ် ပျက်စီးစာရင်း မရှိသေးသဖြင့် ယခုထက် ဦးစားပေးရမည့် အရေးကြီးသည့် အချက် များရှိကြောင်းနှင့် လက်ရှိကိစ္စသည့် လုံခြုံမှု မရှိသေးသည့်အတွက် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
