|
အမည် |
ဦးအောင်သိုက် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/တမန(နိုင်)၀၅၉၁၇၂ |
|
မွေးသက္ကရာဇ်/အသက် |
၂၈-၇-၁၉၄၄/(၇၂)နှစ် |
|
မွေးဖွားရာဇာတိ |
တောင်ရွာမရွာ၊ ဆိပ်ဖြူ မြို့နယ်၊ မကွေးတိုင်းဒေသကြီး |
|
ပညာအရည်အချင်း |
E.T.E.C & A.G.T.I(Civil) |
|
လက်ရှိအလုပ်အကိုင် |
ဆောက်လုပ်ရေးအင်ဂျင်နီယာ(ငြိမ်း)၊ HIACE ရေသန့်စက်ရုံ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဘစိန်၊ ၁၂/သဃက(နိုင်)၁၁၅၃၅၀၊ အသက်(၉၃)နှစ်၊ မှီခို |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သောင်းတင်၊ ၁၂/သဃက(နိုင်)၁၁၅၇၃၃၊မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှလှ၊ ၁၂/တမန(နိုင်)၀၃၃၈၅၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဦးစီးအရာရှိ(ငြိမ်း)၊ HIACE ရေသန့်စက်ရုံ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မောင်နိုင်လင်းသိုက်၊ ၁၂/တမန(နိုင်)၀၇၉၅၀၇၊ HIACE ရေသန့်စက်ရုံ၊ Cars Auto Service Work Shop |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၈၁)၊ စက်မှု(၂)လမ်း၊ မေတ္တာညွန့် ရပ်ကွက်၊ တာမွေ၊ ရန်ကုန်တိုင်းဒေသကြီး |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဆိပ်ဖြူမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
၁၉၅၆ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်း မြို့နယ်၊ မြောက်ရှားတောရပ်၊ အခြေခံပညာမူလတန်းကျောင်းတွင် အခြေခံပညာ မူလတန်းအဆင့်ကို တက်ရောက်သင်ကြားခဲ့ရာ တစ်နှစ်တည်းဖြင့် မူလတန်းအဆင့် ကို သင်ယူအောင်မြင်ခဲ့ပါသည်။ ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ဆင်ဖြူကျွန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် (နဝမတန်း)H.S.F အထိ ပညာသင်ကြားခဲ့သည်။ ၁၉၆၃-၁၉၆၄ ခုနှစ် ပညာသင်နှစ်တွင် ချောက်မြို့၊ “ဆရာဘကြီး” အလွတ်ပညာသင်ကျောင်းမှ အစိုးရစစ် (နဝမတန်း) H.S.F ကို ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီး၊ (နတ်မောက်) အစိုးရသက်မွေးမှုသင်တန်းကျောင်းမှ E.T.E.C(Civil) (ဒီပလိုမာ) ရရှိခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၆ ခုနှစ်တွင် အင်းစိန်၊G.T.Iမှ (Civil) (ဒီပလိုမာ)ဘွဲ့ရရှိခဲ့သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ၁၉၆၆ ခုနှစ်မှစ၍ ၂၀၀၇ခုနှစ်အထိ တစ်ဆက်တည်းတာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ မြို့နယ်အင်ဂျင်နီယာဖြင့် အငြိမ်းစားယူခဲ့သည်။ ဗဟိုနိုင်ငံရေးသိပ္ပံမှ ဖွင့်လှစ်သော အလုပ်သမားရေးရာသင်တန်းအပတ်စဉ် (၂၂)တွင် တက်ရောက်ခဲ့သည်။ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၂) လမ်းအား ကွန်ကရစ်လမ်းဖြစ်မြောက်ရေးတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စက်မှု (၄)လမ်း၊ တြိရတနပရိယတ္တိစာသင်တိုက်အတွက် (၆၀ x ၃၀)ပေ၊ (၃)ထပ် (RC) အဆောက်အဦ ဆောက်လုပ်ရာတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဆိပ်ဖြူမြို့နယ်အသင်း (ရန်ကုန်) တွင်လည်း ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ သုဝဏ္ဏမြို့၊ (၂၅) ရပ်ကွက်တွင် ဗုဒ္ဓဟူးပတ်ဆွမ်းလောင်းအသင်းအား စတင်တည်ထောင် ဖွဲ့စည်းခဲ့ပြီး၊ စက်မှု(၄)လမ်းရှိ သောကြာပတ် ဆွမ်းလောင်းအသင်းတွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဆိပ်ဖြူမြို့နယ်၊ ကျေးရွာ (၉)ရွာရှိ ဝတ်အသင်းများအား ဝတ်ရွတ်စဉ် စာအုပ်၊ လုံချည်၊ တဘက်စသည်တို့ကို ပေးအပ်ခဲ့ခြင်း၊ ဆိပ်ဖြူမြို့နယ်၊ တောင်ရွာမ ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းမှ သူငယ်တန်းကျောင်းသား/သူများအား အပတ်စဉ် အာဟာရကျွေးခြင်း၊ ရေဘေးသင့်ပြည်သူများအား ဆန်၊ အထည်မျိုးစုံနှင့် ငွေကြေးများ ထောက်ပံ့ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်နှင့် ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ်တို့ကို ချီးမြှင့်ခံရသည်။ |
