(က)-အခြေခံပညာ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာရပ်ဆိုင်ရာ မေးခွန်းများ၌ အင်္ဂလိပ်ဘာသာ ရပ် မေးခွန်းပုံစံကို သဒ္ဒါဦးစားပေးသော အင်္ဂလိပ် စာ မေးခွန်းပုံစံအဖြစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တွင် ပုံစံသစ် ပြောင်းလဲမေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၅.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

min thaingနိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းချိန်မှစပြီး ပိုမိုကောင်းမွန်သည့် ပညာရေးစနစ်ကို ဖော်ဆောင်ရန် လက်တွေ့ကျသည့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေပြီဖြစ်ပါကြောင်း၊ ထိုပြောင်းလဲမှုများမှာ ၂၀၁၆-၁၇ ပညာသင်နှစ်မှစပြီး KG+12 ဆိုသည့် ပုံစံကိုစတင် ပြောင်းလဲနေပြီဖြစ်ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၁ ရေးဆွဲပြီး ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ သို့သော် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၏ အသီးအပွင့်ကို ယခုပညာသင်နှစ် ၂၀၁၇-၁၈ တွင် ရှိသည့် Grade-10၊ Grade-11 နှင့် တက္ကသိုလ်ဝင် ကျောင်းသား/သူများ မမီသေးပါကြောင်း၊ အဆင့်အလိုက်၊ နှစ်အလိုက် ပြောင်းလဲလာမည် ဖြစ်သည့်အတွက်ကြောင့် ကျောင်းသား/သူများသည် စနစ်ဟောင်း၊ ခေတ်ဟောင်းတွင် သာကျန်ခဲ့မည်ဖြစ်ပြီး အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းများကို အပြည့်အဝ မခံစားရသေးသော်လည်း ခေတ်နှင့်အညီ ကျောင်းသား/သူများပါ လိုက်ပါပြောင်းလဲသွားစေရန်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။

အခြေခံပညာ၏ ရည်မှန်းချက်ထဲတွင် အခြေခံပညာအဆင့်အလိုက် တွေးခေါ်ကြံဆဝေဖန်ပိုင်းခြား နိုင်သော အသိဉာဏ်ရှိသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံသားများဖြစ်စေရန် လိုအပ်ပါရှိပါကြောင်း၊ သို့သော်လည်း ယနေ့ အင်္ဂလိပ်စာမေးခွန်းသည် ထိုးထွင်းကြံဆတီထွင်ဖန်တီးမှု ကျိုးကြောင်းဆက်စပ်တွေးခေါ် မှုမျေား လွတ်ကင်းပြီး အလွတ်ကျက်မှတ်၍ ဖြေဆိုရသည့် မေးခွန်းဖြစ်နေသည်ကို တွေ့ရပါကြောင်း၊

၂၀၁၇ ခုနှစ်က အင်္ဂလိပ်စာမေးခွန်းဖြစ်သည့် နိုင်ငံခြားစာစစ်ဌာနများတွင် မေးမြန်းသည့် မေးခွန်းဖြစ်ပါကြောင်း၊ မေးခွန်း နံပါတ်(၁) Read the Passage မေးခွန်းသည် Text Book ထဲမှထုတ်နုတ်ထားခြင်း၊ မေးခွန်းနံပါတ်(၂) Fill in the blank မေးခွန်းသည် Recall Question ဖြစ်ခြင်း၊ မေးခွန်းနံပါတ်(၃) တွင် မေးခွန်းနံပါတ်(၁) မှ မေးခွန်းနံပါတ် (၅) အထိသည် Test Book ထဲမှဖြစ်ပြီး မေးခွန်းနံပါတ် (၆)မှ နံပါတ်(၁၀)အထိ သည် ကဗျာခုနှစ်ပုဒ်ထဲကဖြစ်ပါကြောင်း၊ ၎င်းတို့ကို အလွတ်ကျက်ပြီး ဖြေသောကျောင်းသား/သူများသည် (၁၀)မှတ် အပြည့်ရနိုင်ပါကြောင်း၊ မေးခွန်းနံပါတ်(၄) Question and Answer (Say Something) လိုခေါ်ပါကြောင်း ထိုမေးခွန်းသည်လည်း Test Book ထဲမှဖြစ်ပြီး Recall Question ဖြစ်ခြင်း၊ မေးခွန်းနံပါတ်(၅) Read the Passage သည်လည်း Test Book ထဲမှ Recall Question ဖြစ်ခြင်း၊ မေးခွန်းနံပါတ် (၆) Punctuation အပိုင်းဖြစ်ပြီး Punctuation တွင်နှစ်ပိုင်းရှိပြီး Capitalization အပိုင်းနှင့် Punctuate အပိုင်းတို့ရှိပါကြောင်း၊ ကျောင်းသားများသည် Punctuate အပိုင်းကို လေ့လာခြင်းမရှိဘဲ Capitalization အပိုင်းလေးကို လေ့လာမည်ဆိုပါက ငါးပုဒ်ပေးသည့် အတွက်ကြောင့် အလွယ်တကူရသွားပါကြောင်း၊ ယနေ့ ကျောင်းသား/သူများ အခက်အခဲတွေ့နေသည်မှာ မေးခွန်း No.(7) (a) Grammar အပိုင်းဖြစ်ပါကြောင်း၊ No.(7) (b) ဆိုလျှင် Paragraph Writing သည်လည်း အလွတ်ကျက်ဖြေလျှင် ရရှိနိုင်ပါကြောင်း၊ မေးခွန်းနံပါတ် (၈) Letter Writing ကို ဆရာ/မများက ခန့်မှန်းမေးခွန်းပေးသည်ကို အလွတ်ကျက်ပြီး မသက်ဆိုင်သည့် In relevant  ရွေးဖြေကြပါကြောင်းနှင့် မေးခွန်းနံပါတ်(၉) Essay ဆိုလျှင်လည်း ခေါင်းစဉ်ကတစ်မျိုး၊ အလွတ်ကျက်ထားသည့် စာပိုဒ်ကတစ်မျိုးဖြစ်သည့်အတွက် အလွတ်ကျက်ထားသော စာများကိုသာဖြေဆိုကြပါကြောင်း၊ ထို့ကြောင့် မေးခွန်းနံပါတ် (၁) မှစပြီး ပြန်ကြည့်မည်ဆိုပါက (၇)ထိသည် Test Book ကို Recall ဖြစ်နေသည့် အတွက်ကြောင့် Test Book ကိုအလွတ်ကျက်ရင် ကျောင်းသားတွေကအောင်မြင်မည်၊ Letter Writing နှင့် Essay လည်း ရေးစရာမလို ကျက်စရာမလိုပါကြောင်း၊ သို့အတွက်ကြောင့် မေးခွန်းကိုပြောင်းလဲပြီးမေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။



 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win maw htunပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေးဥပဒေ (၂၀၁၄ ခုနှစ်) နှင့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅ ခုနှစ်) အရ ပညာရေးဖွဲ့စည်းပုံ စနစ်အသစ် (KG+12) ကို ၂၀၁၆-၁၇ ပညာသင်နှစ်မှစပြီး သူငယ်တန်း (KG) သင်ရိုးသစ်နှင့် စတင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ပါကြောင်း၊ သင်ရိုးသစ်ရေးဆွဲ ဆောင်ရွက်မှုများအနေဖြင့် မူလတန်းအဆင့် ပထမတန်းမှ ပဉ္စမတန်းအထိ သင်ရိုးသစ်များကို ၂၀၁၇-၁၈ ပညာသင်နှစ်မှစတင်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အထိလည်းကောင်း၊ အလယ်တန်းအဆင့် ဆဋ္ဌမတန်းမှ နဝမတန်းအထိ သင်ရိုးသစ်များကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်များအထိလည်းကောင်း၊ အထက်တန်းအဆင့် ဒသမတန်းမှ ဒွါဒသမတန်းအထိ သင်ရိုးသစ်များကို ၂၀၂၀-၂၀၂၀ ပညာသင်နှစ်မှစတင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်များအထိ အသီးသီးရေးဆွဲပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုလို သင်ရိုးသစ် ရေးဆွဲမှုများအရ  ထွက်ရှိလာမည့် သင်ရိုးညွှန်းတမ်းသစ်များ၊ သင်ရိုးညွှန်းတမ်းမူဘောင်၊ သင်ကြားနည်း၊ စစ်ဆေးအကဲဖြတ်တဲ့ပုံစံနှင့် မေးမြန်းမည့် မေးခွန်းပုံစံများကိုလည်း သင်ရိုးအသစ်များနှင့် ကိုက်ညီမှုရှိအောင် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ဘာသာရပ်တစ်ခုကိုသင်ကြားရာတွင်လည်း ၎င်းဘာသာရပ်ကို သင်ကြားရမည့် ဦးတည်ချက် (Learning of Comes) များကို ထင်ဟပ်စေမည့် ပြဋ္ဌာန်းစာအုပ်များ ရေးသားပြုစုခြင်း၊ သင်ကြားမည့်သင်ခန်းစာများ ရွေးချယ်ပြဋ္ဌာန်းခြင်း၊ သင်ကြားနည်းစနစ်အား ဆရာဆရာမများက လေ့ကျင့်သင်ကြားပေးခြင်း၊ ရက်လများကို စာမေးပွဲစစ်ဆေးတိုင်းတာမှု ပုံစံတို့ကို ရှေးဦးစွာဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီးတင်ပြသည့် အင်္ဂလိပ်စာမေးခွန်းအတွက် ရှင်းလင်းချက်များကိုလည်း မိမိတို့လုပ်ငန်းလမ်းညွှန်အဖြစ် နာရီမှတ်သားပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဘာသာရပ်တစ်ခု၏ Learning of Comes ကို အပြောင်းအလဲပြုရာတွင် လိုအပ်သည်များကို စနစ်တကျ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန်လိုအပ်ပါသောကြောင့် သဒ္ဒါအပိုင်းတွင် ဘာသာစကား စွမ်းရည်မြင့်မားရေးအတွက် ယခုအသုံးပြုနေသည့် အင်္ဂလိပ်စာမေးခွန်းပုံစံကို အင်္ဂလိပ်စာပညာရှင် ပါမောက္ခများနှင့် ပြန်လည်သုံးသပ်ပြီး ယခု ၂၀၁၇ ခုနှစ်အတွင်း ဖြစ်သင်‌့ဖြစ်ထိုက်သော  မေးခွန်းပုံစံတစ်ခု ဖြစ်လာရေးအတွက်  ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။