ဦးမင်းသိုင်း(ဘိုကလေးမဲဆန္ဒနယ်)

အမည်

ဦးမင်းသိုင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/ဘကလ(နိုင်)၁၄၄၇၈၁

မွေးသက္ကရာဇ်/အသက်

၂၉-၉-၁၉၄၉/(၆၆)နှစ်

မွေးဖွားရာဇာတိ

ပုသိမ်မြို့

ပညာအရည်အချင်း

ပညာရေးဘွဲ့(B.Ed)

လက်ရှိအလုပ်အကိုင်

အလွတ်ပညာသင်ဆရာ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးညွန့်မောင်(နိုင်ငံ့ဂုဏ်ရည်ဒုတိယအဆင့်၊ မော်ကွန်းဝင်၊ ဒုတိယအဆင့်၊ AF-029171၊ )(ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြစီ၊ AF-029172၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သက်သက်စိုး၊ ၁၄/တတန(နိုင်)၁၀၇၇၇၀၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) အောင်ကိုကိုသိုင်း၊ ၁၄/ဘကလ(နိုင်) ၀၀၁၃၉၄၊ Bar Tendar carnival cruise line USA)၊

(၂) ကျော်ညီညီသိုင်း၊ ၁၄/ဘကလ(နိုင်) ၀၀၄၃၁၄၊ House Keeping Carnival cruise)၊

(၃) တေဇာသိုင်း၊ ၁၄/ဘကလ(နိုင်)၁၄၆၄၉၅၊ မန်နေဂျာ မက်စ်မြန်မာကုမ္ပဏီ၊ ချောင်းသာ

(၄) သက်စုသိုင်း(ကိုယ်ပိုင်အလုပ်စတိုးဆိုင်)၊ သာကေတ၊ ၁၄/ဘကလ(နိုင်)၁၄၆၄၉၆

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၀၇)၊ နှင်းဆီ(၇)လမ်း၊ (၄)ရပ်ကွက်၊ ဘိုကလေးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဘိုကလေးမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

မူလတန်းပညာရေးအဆင့်ကို အ.ထ.က(၃)ပုသိမ်မြို့၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ကို အ.ထ.က(၂)ပုသိမ်မြို့တို့တွင် သင်ယူခဲ့သည်။ ပညာရေး တက္ကသိုလ်(ရန်ကုန်မြို့)တွင် ပညာဆက်လက်သင်ယူခဲ့ပြီး ပညာရေးဘွဲ့(B.Ed)ကို ရရှိခဲ့ပါသည်။ အ.ထ.က(ဟုမ္မလင်းမြို့)နှင့် အ.ထ.က(ဘိုကလေး)တို့တွင် အထက်တန်းပြ ဆရာအဖြစ်လည်းကောင်း၊ ဟုမ္မလင်းမြို့နှင့် မော်ကျွန်းမြို့တို့တွင် လ/ထမြို့နယ် ပညာရေးမှူးတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၈ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ မြို့နယ်လူမှုရေးကူညီမှုအဖွဲ့၊ ပညာဒါနလုပ်ငန်းများ၊ ဘုန်းတော်ကြီးပညာဒါနနှင့် NLD ပညာဒါနတို့တွင် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် နဝတ အစိုးရ၏ပုံနှိပ်အက်ဥပဒေ ၂၀ ဖြင့် နိုင်ငံရေးပြစ်ဒဏ် ထောင်(၂)နှစ်ကျခံခဲ့ရသည်။