(ဃ) - ရွှေကျင်မြို့နယ်ရှိ အမှတ်(၂) သတ္တုတူးဖော်ရေးလုပ်ငန်းက သိမ်းဆည်းခဲ့သည့် မြေ ၄၁၈ ဧကအနက် သိမ်းဆည်းခံခဲ့ရသည့် ပုဂ္ဂိုလ်များနှင့် သိမ်းဆည်းခံရသည့် တစ်ဦးချင်း၏ မြေဧရိယာများကို ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရွှေကျင်မြို့နယ်အတွင်းတွင် အကြောင်းအမျိုးမျိုးနှင့် မြေသိမ်းဆည်းခံခဲ့ရခြင်းများစွာရှိပါကြောင်း၊ သိမ်းဆည်းခဲ့သည့်အဖွဲ့အစည်းများက ပြန်လည်စွန့်လွတ်ထားသော်လည်း မူလပိုင်ရှင်ကို စွန့်လွှတ် ခြင်းမရှိဘဲ ၎င်းတို့သီးစားချထားသည့်သူများကိုပြန်လည်လွှဲပြောင်းပေးသည့် အမှုလည်းများစွာ ရှိပါ ကြောင်း၊ မြေသိမ်းဆည်းသည့်အမှုပေါင်းသည် ၆၀ ကျော်ရှိပါကြောင်း၊ ထိုအမှုထဲတွင်မှ စိစစ်ရ မည့်အချက်များ၊ ပြန်လည်စွန့်လွှတ်သင့်သည့်အချက်များနှင့် ညီသည့်အချက်များရှိသော်လည်း ဆောင်ရွက်မှုပိုင်းတွင်အားနည်းနေကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များပါသည့် မြို့နယ်မြေစစ် အဖွဲ့များကလည်း စစ်ဆေးသဘောထားမှတ်ချက်ပေးပြီး ခရိုင်ကိုတင်ပြခဲ့ပါကြောင်း၊ သို့သော် တစ်မှုမှ အပြီးသတ်ဖြေရှင်းနိုင်ခြင်းမရှိပါကြောင်း၊ မြေသိမ်းသည့်အမှုများထဲတွင် ရွှေကျင်မြို့နယ်၊ တောင်ဘက်ကျေးရွာတွင်ရှိသည့် အမှတ်(၂)သတ္တုတူးဖော်ရေးလုပ်ငန်းကသိမ်းဆည်းခဲ့သည့် မြေ ၄၁၈ ဧက လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် အမှတ်(၂) သတ္တုတူးဖော်ရေး လုပ်ငန်းက သိမ်းဆည်းခဲ့ပြီး ရွှေသတ္တုတူးဖော်ခဲ့ပါကြောင်း၊ ၁၀ နှစ်အကြာလုပ်ငန်းများ လုပ်ကိုင် ပြီးသည့် ၂၀၁၄ ခုနှစ်တွင် ပြန်လည်စွန့်လွှတ်သည်ဟုပါကြောင်း၊သို့သော်မြေကိုယခင်ပြည်ထဲရေး ဝန်ကြီးဌာနယခုပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်တွင်ရှိသည့်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနကထိန်းသိမ်းထားသည်ဟုသိရပါကြောင်း၊ ၂၀၁၄ ခုနှစ်ကစွန့်လွှတ်လျှင် ယနေ့အထိ တွက်ကြည့်လျှင် ခြောက်နှစ်ရှိနေပါကြောင်း၊ ခြောက်နှစ်အတွင်းတွင် သတ္တုတွင်းကစွန့်လွှတ်ထား သော်လည်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေသိမ်းအမှုများနှင့်ပတ်သက်၍ ဆောင်ရွက်မှုမရှိ သေးပါကြောင်း၊ ရွှေကျင်မြို့တွင်ရွှေကျင်တံတားကြီး တည်ဆောက်ပြီးသွားပြီ ဖြစ်သည့်အတွက် ကြောင့် တစ်ဖက်ကမ်းတွင်ရှိသည့် တောင်ဘက်ကမ်းမြို့ပြစီမံကိန်းတည်ဆောက်ရန် ရည်ရွယ် ချက်များလည်းရှိသည်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီမှ သိရပါကြောင်း၊သို့သော် ယခု၎င်း ၄၁၈ ဧကထဲတွင် ခွင့်ပြုချက်မရှိဘဲ ဝန်းခြံခတ်ခြင်းများ၊ အဆောက်အအုံဆောက်ခြင်းများ၊ စည်းကမ်း လက်လွတ်လုပ်ခြင်းများလည်းရှိလာပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းကလည်း ပြတ်သားသည့် စီမံခန့်ခွဲမှု များလုပ်ဆောင်နိုင်သည်ကို မတွေ့ပါကြောင်း၊ မူလပိုင်ရှင်ဖြစ်ကြောင်း မှန်ကန်စွာ သုံးသပ်နိုင်လျှင် ထိုက်သင့်သလိုစီမံပေး၍ တိုင်းဒေသကြီးအစိုးရအစီအစဉ်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြို့ပြင် တိုးချဲ့ရေးလုပ်ငန်းများ လုပ်ကိုင်ရမည်ဖြစ်ပါကြောင်း၊ မြေသိမ်းမှုကို မဖြေရှင်းပေးလျှင် ကျန်သည့် ဖွံ့ဖြိုးရေးစီမံကိန်းကိုလုပ်ဆောင်ရန်အခက်အခဲရှိနေမည် ဖြစ်ပါကြောင်း၊ ထိုသို့ စီမံခန့်ခွဲရန် မည်သူ့ ထံမှဧကမည်မျှ သိမ်းထားသည်ကိုအတိအကျသိရလျှင် အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို မေးသည့်အခါတွင်လည်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တိကျသည့်ပြုစုထားသည့်စာရင်းဇယားမရှိပါကြောင်း၊ တစ်ဖက်တွင် သတ္တုတွင်း မှတာဝန်ရှိသည့် ပုဂ္ဂိုလ်များကို မေးမြန်းသည့်အခါတွင် သူတို့မြို့နယ်တွင်မရှိပါကြောင်း၊ ဌာနချုပ်တွင်ရှိသည် ဟုပြောကြောင်း၊ ထိုကြောင့် မြေယာစီမံခန့်ခွဲမှုကို မှန်မှန်ကန်ကန်မျှမျှတတ၊ တစ်ဖက်တွင်လည်း အစိုးရ၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို မြန်မြန်ဆန်ဆန်လုပ်နိုင်အောင်ရန်၊ မြေကိုလောလောဆယ်တွင် မည်သူ့ကိုမှပိုင်ဆိုင်မှုချထားပေးတာမရှိသော်လည်း စီမံခန့်ခွဲသူ များ၏ပြတ်သားစွာ ဆောင်ရွက်မှု မရှိသည့်အပေါ်တွင် စည်းလွတ်ကမ်းလွတ် ဝင်ရောက်ကျူးကျော်ကြောင်း၊ အချိန်မီတားဆီးခြင်းများ လည်းမလုပ်နိုင်ပါကြောင်း၊ အားလုံးကိုဖြေရှင်းနိုင်ရန်အတွက် မည်သူ့ထံမှဧကမည်မျှကို သိမ်းဆည်း ခဲ့သလဲဆိုသည့် စာရင်းဇယားရလျှင် ဖြေရှင်းနိုင်မည်ဖြစ်သည့်အတွက် ရွှေကျင်မြို့နယ်၊ တောင်ဘက် ကျေးရွာအုပ်စုရှိ အမှတ်(၂)သတ္တုတူးဖော်ရေးလုပ်ငန်းက သိမ်းဆည်းခဲ့သည့် မြေ ၄၁၈ ဧကအနက် သိမ်းဆည်းခံခဲ့ရသည့်ပုဂ္ဂိုလ်များနှင့် သိမ်းဆည်းခံရသည့်တစ်ဦးချင်း၏ မြေဧရိယာများကို ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိမေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ တောင်ဘက်ကျေးရွာ အုပ်စုရှိ မြေဧရိယာ ၄၁၈.၉၈ ဧကကို ၁၉၈၉ ခုနှစ်တွင် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းကရွှေသတ္တုတွင်း စီမံကိန်းအကောင်အထည်ဖော်ရန် ခြံပိုင်ရှင်တစ်ဦးချင်းစီမှပိုင်ဆိုင်မှုဧရိယာများကို လွှဲပြောင်းရယူခြင်းမဟုတ်ဘဲ ၄၁၈ ဧကရှိသော စီမံကိန်းမြေဧရိယာအနေဖြင့်သာလက်ခံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ခြံပိုင်ရှင်တစ်ဦးချင်းစီ အတွက်လည်း မည့်သည့်လျော်ကြေးမျှပေးအပ်၍ သိမ်းဆည်းခဲ့ခြင်းလည်းမရှိပါကြောင်း၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းသည် ရွှေသတ္တုတွင်းစီမံကိန်း ဆက်လက်ဆောင်ရွက်ခြင်းမရှိတော့သဖြင့် နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ရာ နိုင်ငံတော်ကစီမံခန့်ခွဲ ပိုင်မြေအဖြစ် ပြည်ထဲရေး ဝန်ကြီး ဌာန၏ ၁၂-၉-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၆၁/၂၀၁၄)နှင့် ထုတ်ပြန် သတ်မှတ်ခဲ့ ပြီးလည်းဖြစ်ပါကြောင်း၊မိမိတို့ယခုမြေကို ၂၀၁၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် အမှတ်(၂) သတ္တုတွင်း လုပ်ငန်းမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးမြင့်ရွှေ ခေါင်းဆောင်သည့်အဖွဲ့မှအဆိုပါမြေ ၄၁၈ ဧကကို သတ္တုတွင်း ပိုင်မြေမှစွန့်လွှတ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေကျင်မြို့သို့ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းခြင်းနှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းက စွန့်လွှတ်အပ်နှံပြီးဖြစ်သည့်မြေ ၄၁၈.၉၈ ဧကအတွက် သိမ်းဆည်းခံရသည့် ပုဂ္ဂိုလ်များနှင့် သိမ်းဆည်းခံရသည့် ပုဂ္ဂိုလ်များ၏တစ်ဦးချင်းမြေဧရိယာများကို စာရင်းဇယားနှင့်တကွ ထုတ်ပြန် ကြေညာပေးနိုင်ခြင်းမရှိပါကြောင်းနှင့် နိုင်ငံတော်သို့ပြန်လည်အပ်နှံခဲ့ပြီးဖြစ်သော အဆိုပါ မြေ ၄၁၈ ဧကနှင့်စပ်လျဉ်းပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့မှသာ စိစစ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးစောသလေးစော(ရွှေကျင်မဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ယခုပြဿနာများကိုဖြေရှင်းရန်အတွက် သိမ်းဆည်းထားသည့်ပုဂ္ဂိုလ်များ၊ တစ်ဦးချင်းသိမ်းဆည်းထား သည့်ဧကများကို ဝန်ကြီးဌာနအနေဖြင့် စုပေါင်းလက်ခံသလို ပြန်စွန့်လွှတ်သည့်အခါတွင်လည်း ဧရိယာစုပေါင်းကို ပြန်စွန့်လွှတ်လိုက်ကြောင်း၊ မေးခွန်းမေးရမည်ဆိုလျှင် ဝန်ကြီးပြောသကဲ့သို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် တာဝန်ရှိ ကြောင်း၊ ၎င်းတို့ထံတွင်စာရင်းရှိပါက ၎င်းတို့ထံမှစာရင်းဇယားများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ၍ တစ်ဦးချင်းဧကများ၏ စာရင်းကိုရခဲ့လျှင် မိမိထံသို့ စာဖြင့်သော်လည်းကောင်း၊ Mail ဖြင့်သော်လည်းကောင်း ပြန်လည်ပေးပို့ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် ဆက်စပ် မေးခွန်းမေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၄၁၈.၉၈ ဧကအမည်ဖြင့်သာ စီမံကိန်းမြေအဖြစ် လက်ခံရယူ ခဲ့ခြင်းဖြစ်ပြီးနောက်ပိုင်းတွင်လည်း မြေစာရင်း ပုံစံ ၁၀၅ နှင့်တကွ နိုင်ငံတော်စီမံခန့်ခွဲ ပိုင်ခွင့်ရှိ သည့်မြေအဖြစ် ၂၀၁၄ ခုနှစ်တည်းက အတိအလင်း ပြန်လည်အပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် သိမ်းဆည်းခံထားရသည့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှု ဧရိယာ စာရင်းမရှိပါကြောင်း၊ အဆိုပါကိစ္စသည် သက်ဆိုင်ရာမြို့နယ် မြေယာစီမံခန့်ခွဲရေးကော်မတီက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးရမည့်ကိစ္စဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့က အဓိကစိစစ်ရမည့်ကိစ္စ ဖြစ်ပါကြောင်းနှင့် အမှတ်(၂)သတ္တုတွင်း လုပ်ငန်း မှလည်း မြေပြင်တွင်ပေါင်းစပ်ဖြေရှင်းပေးနိုင်မည့်ကိစ္စများကို ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအားပြန်လည်ဖြေကြားခဲ့ပါသည်။
