ဦးစောသလေးစော (ရွှေကျင်မဲဆန္ဒနယ်)

အမည်

ဦးစောသလေးစော

အခြားအမည်

ကိုရေခဲ

လူမျိုး/ဘာသာ

ကရင်/ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/လရန(နိုင်)၁၀၄၈၆၉

မွေးသက္ကရာဇ်/အသက်

၂၅-၁-၁၉၈၄/(၃၁)နှစ်

မွေးဖွားရာဇာတိ

လားရှိုး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)

ပညာအရည်အချင်း

LL.B

လက်ရှိအလုပ်အကိုင်

အထက်တန်းရှေ့နေ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစောထီလို၊ ၁၃/လရန(နိုင်) ၀၄၉၀၄၉

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နော်မေးမေဖော၊ ၁၃/လရန(နိုင်) ၀၄၉၀၉၈

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

လ.ဝ.ကရုံးအနီး၊ ရှမ်းကြေးနန်းတန်း ရပ်ကွက်၊ရွှေကျင်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ရှမ်းပြည်နယ်ပြန်ကြားရေး ကော်မတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရွှေကျင်မြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

မူလတန်းမှ အလယ်တန်းထိကိုလားရှိုးမြို့ အမှတ်(၆) အခြေခံပညာ အလယ်တန်းကျောင်း၌ သင်ကြားခဲ့ပါသည်။ ဥပဒေဘာသာရပ်ကို မန္တလေးရတနာပုံတက္ကသိုလ်တွင် ပထမ နှစ်မှ တတိယနှစ်အထိသင်ကြားခဲ့ပြီး ဥပဒေပညာ နောက်ဆုံးနှစ်ကို ဘားအံတက္ကသိုလ်တွင် ဖြေဆို အောင်မြင် ခဲ့ပါသည်။

၂၀၀၂ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ကုန်သွယ်လယ်ယာဌာနတွင် နေ့စားဝန်ထမ်းအဖြစ် လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ စီမံချက် တစ်ခုဖြစ်သော Lashio Outreach Project တွင် Health Educator အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။ ထို့အပြင် ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း လှိုင်းဘွဲမြို့နယ်၊ ကြိမ်ကုန်းကျေးရွာ၌ စေတနာ့ဝန်ထမ်း ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ၂၀၁၁ မှ ၂၀၁၂ အထိ အလုပ်သင်ရှေ့နေနှင့် ၂၀၁၃ ခုနှစ်မှ ယနေ့ထိ အထက်တန်းရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပါသည်။

၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် မဲရုံကိုယ်စားလှယ် အဖြစ် လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဖြစ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်မှ ယနေ့အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်ပြန်ကြားရေးကော်မတီ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ လားရှိုးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေရေးရာကော်မတီအဖွဲ့ဝင် အဖြစ် လည်းကောင်း လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် Pyithu Hluttaw Rule of Law Co-ordinating Body နှင့် UNDP တို့ပူးပေါင်းဆောင်ရွက်သည့် Rule of Law Centre Pilot Project တွင် လားရှိုး Centre အတွက် ရှေ့နေ အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။