(က)-ယခုနှစ်မိုးရာသီတွင် ရေနစ်မြုပ်ဒေသများရှိ ပျက်စီးခဲ့သော လယ်ယာများအတွက် မျိုးစပါးများ ကူညီခဲ့သော်လည်းစိုက်ပျိုးချိန်မမီတော့သည့် ဆောင်း သီးနှံနှင့် နွေစပါးတို့အတွက်မျိုး(စပါး)ကူညီပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ (၃၀.၁.၂၀၁၇)

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်စဉ်နှစ်တိုင်း ဇွန်၊ဇူလိုင်လခန့်၌ အများဆုံးဖြစ်တတ်ပြီး မြန်မာနိုင်ငံ၏ အထက်ပိုင်းဒေသများတွင် မိုးကြီးရေလျှံဖြစ်ပေါ်မှုများသည် တဖြည်းဖြည်းနှင့် နောက်ဆုံးတွင် ဧရာဝတီတိုင်းဒေသကြီးကို ရောက်ရှိ လာခဲ့ပါကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင်‌့ မြန်မာပြည် အထက်ပိုင်းနှင့် အောက်ပိုင်း  ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် စာဝတ်နေရေား ထိခိုက်ခဲ့ရသကဲ့သို့ အဓိကစိုက်ပျိုးရေးကို အခြေခံနေသော နိုင်ငံ၏ ၂၀ ရာခိုင်နှုန်းကျော် တောင်သူလယ်သမားများလည်း ဆိုးကျိုးကို ခံစားရပါကြောင်း၊ လယ်ယာမြေနှင့် ကောက်ပဲသီးနှံဆုံးရှုံးမှုများသည် အိုးအိမ်၊ လမ်းတံတား၊ ဆေးရုံဆုံးရှုံးခဲ့သကဲ့သို့ ချက်ခြင်း ပြန်လည်တည်ဆောင်၍ မရပါကြောင်း၊

အိမ်မဲမြို့နယ်တွင် သြဂုတ်လအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာပေါင်း ၃၄ ရွာ၊အိမ်ထောင် စုပေါင်း ၇၈၈ စု ရေဘေးသင်‌့ခဲ့ပါကြောင်း၊ဆန်၊စပါးအဓိကထားပြီး စိုက်ပျိုးသည့်ဒေသ ဖြစ်သည့် အတွက် စပါးစိုက်ဧက ၂၄၅၈ ဧကနစ်မြုပ်ခဲ့ပြီး တချို့က ပျိုးစပါးထောင် ထားချိန်၊တချို့က  စိုက်ပျိုးပြီး ချိန်များတွင် ဖြစ်ပါကြောင်း၊ တွေမှာ ဖြစ်ပါကြောင်း၊၄၄၄၇ ဧက ထိခိုက်ပျက်စီးပြီး အောင်ရေအချိန်မီ၍ ၁၈၈ ဧကသာ ပြန်စိုက်နိုင်ခဲ့ပါကြောင်း၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် အိမ်မဲမြို့နယ် ရေကြီးနစ်မြုပ်မှု တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အချိန်မီစိုက်နိုင်ခဲ့သော ၁၈၈ ဧကအတွက် မျိုးစပါး တင်း ၂၀၀ ကို ကူညီခဲ့ပါကြောင်း၊

သို့သော် အောင်ရေမမီ၍ကြောင့်ဖြစ်စေ၊ အကြောင်းကြောင့်ကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့ရသော တောင်သူလယ်သမားများအတွက် တစ်ရာသီစာ သီးနှံလည်းဆုံးရှုံးသကဲ့သို့ စိုက်ပျိုးစရိတ်ချေးငွေ၊ မြစိမ်းရောင်ချေးငွေအစရှိသည့် အခြားချေးငွေများ ကိုလည်း ပြန်ဆပ်ရမည် ဖြစ်သည့်အတွက် အလွန်ပင် ဝန်ပိပါကြောင်း၊မိုးဘဏ်ထုတ်ပြီး၊ ဆောင်းဘဏ်အတွက် ပြန်ဆပ်ချိန်တွင် အိမ်မဲမြို့နယ်က လယ်သမားများသည် ၁၀ ရာခိုင်နှုန်းသာ ဆပ်နိုင်ခဲ့ပါကြောင်း၊ထို့ကြောင့် ယခုနှစ်မှ မဟုတ်ဘဲ နှစ်စဉ်နှစ်တိုင်း ရေကြီး နစ်မြုပ်ချိန်များတွင် ပြန်လည် စိုက်ပျိုးချိန်မမီတော့သော တောင်သူလယ်သမားများအတွက် နောက်တစ်ရာသီစိုက်ပျိုးချိန်မှာ မျိုးစပါး၊ မျိုးစေ့ ကူညီပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

ဒုတိယဝန်ကြီးယခုနှစ် ၂၀၁၆-၂၀၁၇ မိုးရာသီကာလ ဇူလိုင်လကစပြီး မြန်မာနိုင်ငံအထက်ပိုင်းမှစ၍ ဖြစ်ပွားခဲ့သော ရေကြီးနစ်မြုပ်မှုသည် ဧရာဝတီတိုင်းဒေသကြီးတွင် နောက်ဆုံးအနေဖြင့် ခံစားခဲ့ရပါကြောင်း၊ ပြည်နယ်တိုင်းဒေသကြီး ၉ ခုနှင့် နေပြည်တော်ကောင်စီအပါအဝင် မိုးစပါး၊ နွေစပါး၊ သီးနှံ ၁၂ မျိုး ဧက ၄၀၀၀၀၀ ခွဲကျော် ရေကြီးနစ်မြုပ်သည့်ဒဏ်ကို ခံခဲ့ရပါကြောင်း၊ ထိုအချိန်က မိမိတို့အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၌ တာဝန်ထမ်းဆောင်နေသော ကာလအလျောက် လက်တွေ့အခြေအနေအရ တောင်သူလယ်သမားများ၏ ဘဝကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည့်အခြေအနေ ရှိခဲ့ပါကြောင်း၊ စပါး အဓိက စိုက်ပျိုးသည့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၀ တွင် မိုးစပါးဧက ၂၂၇၀၀၀ ကျော် ပျက်စီးခဲ့ပါကြောင်း၊

ထို့ကြောင့် ပျက်စီးခဲ့သည့် မိုးစပါးများတွင် ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် အသင်‌့စုစောင်းထားသော မျိုးစပါးတင်း သန်း ၂၀၀၀၀ ကိုလည်း မိမိတို့ ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း၊ အိမ်မဲမြို့နယ်တွင် ကိုယ်စားလှယ်တော်ကြီး တင်ပြခဲ့သကဲ့သို့ မိုးစပါးဧက ၁၈၈ ဧကသာ ပြန်လည် စိုက်နိုင်ပြီး ဆောင်းသီးနှံအတွက် ဧက ၄၅၀၀ ကျော် ပြန်စိုက်ရန် မတ်ပဲစိုက်ရန်အတွက်ကိုလည်း မျိုး စီစဉ်ဖန်တီးပေးခဲ့ပါကြောင်း၊ ယခုနှစ် မိုးသီးထန်စွာရွာသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပျက်စီးခဲ့သည့် မိုးစပါးအပါအဝင် တစ်နိုင်ငံလုံး သီးနှံပျက်စီးဧက ၄၃၈၉၂၄ ဧကအတွက် မျိုးစေ့ဖိုး‌များ ထောက်ပံ့ပေးနိုင်ရေးအတွက် ရန်ပုံငွေကျပ်သန်းပေါင်း ၄၆၇၁.၁၅၅ သန်းကို ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြခွင့်ပြုမိန့်ရရှိပြီး သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း၊ ရေကြီးနစ်မြုပ်ပျက်စီးလ၍ စပါးပြန်မစိုက်နိုင်သော ဧရိယာများတွင် ဆောင်းသီးနှံပဲမျိုးစုံနှင့် ဆီထွက်သီးနှံစိုက်မည့် တောင်သူများအတွက် မျိုးဝယ်ယူရန်ကိစ္စ၊ စိုက်ချိန် မှန်ကန်ရေးနှင့် မြေယာပြုပြင် ထွန်ယက်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ကိုယ်စားလှယ်ကြီးတင်ပြသကဲ့သို့ ရေကြီးမှုသည် သဘာဝဘေးကြောင်‌့ဖြစ်ပေါ်လာခဲ့သည့် အခြေအနေသည် နှစ်အလိုက် စိတ်လာခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အထူးတလည် အလေးထား စဉ်းစားရမည့်ကိစ္စဖြစ်ပါကြောင်း၊ လက်တလောဖြစ်ပေါ်သည့် အခြေအနေအပေါ်တွင် ကုစားထားသည့် ရေရှည်အစီအမံများချမှတ်ပြီး ဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ တာ၊ တမံများ ကြံံ့ခိုင်တောက်တင်းရေးကိစ္စကိုလည်းပဲ ရန်ပုံငွေအတွက် စီမံဆောင်ရွက်ပြီး အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။