|
အမည် |
ဒေါ်သန္တာ |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၄/အစန(နိုင်)၁၅၇၀၈၂ |
|
မွေးသက္ကရာဇ်/အသက် |
၂၄-၆-၁၉၆၆/(၄၉)နှစ် |
|
မွေးဖွားရာဇာတိ |
အိမ်မဲမြို့ |
|
ပညာအရည်အချင်း |
M.A (Myanmar) |
|
လက်ရှိအလုပ်အကိုင် |
ကဗျာ၊ ဆောင်းပါးရေးသားခြင်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးခင်ညို (ကွယ်လွန်)၊ EME- ၁၂၀၃၃၈ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်မေ (ကွယ်လွန်)၊ EME- ၀၀၉၂၃၆ |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ကိုအောင်ကျော်နိုင် (ကွယ်လွန်)၊ ၁၂/လမတ(နိုင်)၀၁၃၄၉၈ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မစုပြည့်နိုင်၊ ၁၂/အလန(နိုင်) ၀၄၅၉၁၆ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၅၆၉/၆၆)၊ (၁၁)လမ်း၊ ရုံးပေါင်းစုံရှေ့၊ အထက်ပိုင်းရပ်ကွက်၊ အိမ်မဲမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အိမ်မဲမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို အ.မ.က(အိမ်မဲကြီး)၊ အ.ထ.က(အိမ်မဲ)တို့တွင် သင်ယူခဲ့ပြီး ပုသိမ် ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာဆက်လက်သင်ကြားခဲ့ရာ M.A(Myanmar)ဘွဲ့ရရှိခဲ့သည်။ M.C.G.C ကုမ္ပဏီလီမိတက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှ စတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အိမ်မဲမြို့နယ်အလုပ်အမှုဆောင်၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်၊ ဧပြီလတွင် ပုဒ်မ ၁၂၄ ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်(၅)လ ကျခံခဲ့ပြီး နိုဝင်ဘာလတွင် လွတ်မြောက်ခဲ့သည်။ |
