(င) - ဆောမြို့နယ်၊ ကျောက်ထုမြို့ ဒေသတွင်း ရှိယောမြောင်းကြီးသည် ၂၀၁၅ ခုနှစ်တွင်မိုးရွာ သွန်းပြီး ချည်ချောင်း ရေတိုက်စားမှုကြောင့်ပျက်စီး သွား သည့်မြောင်းပေါင်များရေရှည်ခိုင်ခံ့စေရန်နိုင် ငံတော်မှ အမြန်ဆုံးပြန်လည် တည်ဆောက်ပေး ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၉.၉.၂၀၁၆)

မကွေးတိုင်း ဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ဒေသအတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာ၊ လယ်ဧကပေါင်း ၁၂၀၀ ဧကခန့်အတွက်ဦးကျော်တင် (ဆော) မိုးရာသီတွင် စပါးနှင့် ဆောင်းရာသီ တွင် မြေပဲ၊ ကြက်သွန်၊ နေကြာတို့ကို စိုက်ပျိုးရန် အားထားရသည့် ယောမြောင်းကြီးသည့် ၂၀၁၅ ခုနှစ်တွင် မိုးကြီး သည်းထန် စွာရွာသွန်းပြီး ချီချောင်းရေတိုက်စား မှုကြောင့် တောင့်ထက်ကျေးရွာ ဘုန်းကြီးကျောင်း တောင်ဘက် မြောင်းပေါင် ပေ ၄၀၀နှင့် ရေလွှဲတံခါး ၁၅ ပေ ပျက်စီးခဲ့ပါကြောင်း၊ ထို့အပြင် ပြင် လယ် ကျေး ရွာ တောင် ဘက် မြောင်းပေါင် ပေ ၅၀၊ အလျား ၂၅၅ ပေ၊ အမြင့် ၂၀ ပေ ပျက်စီးခဲ့မှုလည်း ဖြစ်ပေါ်ခဲ့ ပါကြောင်း၊ ထိုသို့ ပျက်စီး သွား သည့်မြောင်းပေါင်များကို သစ်တုံး၊ လင်းတုံး၊ မိုးကာ များဖြင့် ခက်ခဲစွာ ရေသွယ် စိုက်ပျိုးနေရခြင်း၊ မြောင်းပေါင်များ ရေရှည်ခိုင်ခန့်စေရန် လယ်သမားများ၏ ငွေကြေး အင်အားဖြင့် ဆောင်ရွက်နိုင်မှု မရှိခြင်း တို့ကြောင့် နိုင်ငံတော်မှ အမြန်ဆုံး ပြန်လည်တည်ဆောက် ပေးပါရန်ကိုလည်းကောင်း၊ ပြန်လည် တည်ဆောက်ခြင်း ရှိ/မရှိနှင့် ပြန်လည်တည် ဆောက်မည် ဆိုပါက မည်သည့် အချိန်တွင် ဆောင် ရွက်ပေးနိုင် မည် တို့ကို လည်းကောင်း သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒု-ဝန်ကြီးဦးထွန်းဝင်း
အဖြေ

ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းမကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ထုမြို့၊ တောင့်ထက် ကျေးရွာအနီးရှိ ယောမြောင်းကြီးသည် အလျား ၉ မိုင်ခန့်ရှည်လျားပါကြောင်း၊ အဆိုပါ ယောမြောင်းသည် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင်မရှိဘဲ ဒေသမှ တည်ဆောက်ထိန်းသိမ်းထားသည့် ရေပေးမြောင်းတစ်ခုဖြစ်ကာ ကျေးရွာ ၁၇ ရွာမှ လယ်ယာမြေ ၈၉၀ ဧကခန့်အား မိုးစပါးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးရေပေးဝေခြင်းဖြင့် အကျိုးပြုလျက်ရှိပါကြောင်း၊

တောင့်ထက်ကျေးရွာအနီး ချီချောင်းပေါ်တွင် ယာယီကျောက်ဖြင့် ရေလွှဲဆည်တစ်ခု တည် ဆောက်ပြီး ချီချောင်းမှ ရေကို လွှဲယူကာ ချီချောင်းနှင်‌့ အပြင်ယောမြောင်းကြီးကို တည်ဆောက်ထားရှိ ကာ ယောမြောင်းကြီးထိပ်တွင် (၇ ပေ x ၅ ပေ)အရွယ်အစားရှိ မြောင်းထပ်ရေတံခါးနှစ်ပေါက် တည်ဆောက်တပ်ဆင်၍ ရေကိုလိုအပ်သလို ထိန်းညှိပေးဝေ လျက်ရှိပါကြောင်း၊

၂၀၁၅ ခုနှစ်၊ မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းပြီး ချီချောင်းရေတိုက်စားမှုကြောင့် မြောင်းထိပ်ရေတံခါးနှစ်ပေါက် ထိခိုက်ပျက်စီးခြင်း၊ ယောမြောင်းကြီး ၏ မြောင်းပေါင်နှစ် ဘက် ၆၅၀ ပေခန့် ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် မြောင်းထိန်းရေတံခါးနှစ်ပေါက် အား ဒေသနေ တောင်သူ လယ်သမားများ မှ ပြန်လည်ပြုပြင် ခဲ့ပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိသော ထိခိုက်ပျက်စီးနေ သည့်မြောင်းပေါင်များ ကို ပြန်လည်ပြုပြင်ပေးနိုင်ရန် လိုအပ်လျက် ရှိပါကြောင်း၊ ယောမြောင်းကြီး ၏ မြောင်းပေါင် များ ရေရှည်ကြံ့ ခိုင်တည် တံ့စေရေး အတွက် မြေသား တာပေါင်များ မြေဖို့ပြုပြင်ခြင်း ၊ မြေပေါင် တစ်လျှောက် ရေတိုက်စားပျက်စီးမှုမှ ကာကွယ်ရန် ကွန်ကရစ်မြေကာနံရံများ တည်ဆောက်ခြင်းများ ကို ဆောင်ရွက်ရန် လိုပါကြောင်း၊၊ အဆိုပါလုပ်ငန်းများဆောင်ရွက်ရန် အတွက် ဆည်မြောင်း နှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် ဒေသနေတောင်သူများ ပါဝင်သော မြောင်းကော်မတီ အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းခြင်း၊ ကွင်းဆင်း တိုင်းတာတွက်ချက်ခြင်းတို့ဆောင်ရွက်ကာ လိုအပ်ရန်ပုံငွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်အခြေခံ၍  လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားပါသည်။