|
အမည် |
ဦးကျော်တင် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၈/ဆမန(နိုင်)၀၁၃၉၁၆ |
|
မွေးသက္ကရာဇ်/အသက် |
၁၆-၆-၁၉၄၈/(၆၇)နှစ် |
|
မွေးဖွားရာဇာတိ |
တေးကျေးရွာ၊ ဆောမြို့နယ် |
|
ပညာအရည်အချင်း |
ဝိဇ္ဇာဘွဲ့(ပထဝီ) |
|
လက်ရှိအလုပ်အကိုင် |
စိုက်ပျိုးရေးလုပ်ငန်း၊ သီးနှံဝယ်/ရောင်းလုပ်ငန်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးအောင်ကျော်၊ SAW-005524၊ ကုန်သည်၊ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်စန်းတင်၊ SAW-005525၊ ကုန်သည် |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကြူကြူမာ၊ ၉/မရတ(နိုင်)၀၆၃၈၁၄၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မဇာဇာအိကျော်၊ ၉/မရတ(နိုင်)၁၁၅၄၁၅ (၂) မောင်ဖြိုးလင်းကျော်၊ ၉/မရတ(နိုင်)၁၁၅၄၁၆ |
|
အမြဲတမ်းနေရပ်လိပ်စာ |
တ/ဆင့် ဒေါ်လှမြင့်သန်း၊ ကုန်သည်၊ မြို့မ ရပ်ကွက်၊ ကျောက်ထုမြို့၊ ဆောမြို့နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဥက္ကဋ္ဌ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဆောမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို အ.မ.က တေးရွာ၊ အ.လ.က ကျောက်ထုနှင့် အ.ထ.က မင်းတပ်မြို့တွင် သင်ယူခဲ့သည်။ မကွေးဒီဂရီကောလိပ်တွင် တက်ရောက်ခဲ့ပြီး ဝိဇ္ဇာဘွဲ့(ပထဝီ) ရရှိခဲ့သည်။ ဆောမြို့နယ် စာရင်းစစ်ရုံးတွင် စာရင်းစစ်အဆင့် (၂)လုပ်ကိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ဝန်ထမ်းအဖြစ်မှ မိမိဆန္ဒအရ နုတ်ထွက်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဝင်အဖြစ်လည်းကောင်း၊ သက်တမ်း (၂)ကြိမ် မကွေးတိုင်းကိုယ်စားလှယ် (အချိန်ပိုင်း) အဖြစ်လည်းကောင်း၊ ၁၉၇၁ ခုနှစ်မှ ၁၉၇၃ ခုနှစ်ထိ နွေရာသီ ‘အ’သုံးလုံး လုပ်အားပေးဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ဆောမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်တည်ထောင်ပြီး ၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက်တွင် ရွေးကောက်ပွဲကို ဆောမြို့နယ်မှ အရွေးချယ်ခံခဲ့ရာ အနိုင်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ ဟောပြောပွဲခွေပြသမှုကြောင့် ၁၉၈၄ ခုနှစ်၊ ရုပ်သံအက်ဥပဒေပုဒ်မ၄၀ဖြင့် ၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ အလုပ်ကြမ်း နှင့် ထောင်ဒဏ်(၃)နှစ်၊ ဒဏ်ငွေ(၃၀၀၀၀ိ/-)ကျပ်နှင့် ချမှတ်ခံရသည်။ ၁၉၉၀ ခုနှစ် တွင် ပါတီစုံရွေးကောက်ပွဲမှ ဆောမြို့နယ် မဲဆန္ဒနယ်မြေမှအရွေးခံပြီး အနိုင်ရရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ယနေ့ထိ ဥက္ကဋ္ဌတာဝန်ဆက်လက် ထမ်းဆောင်လျက်ရှိပြီး ဗဟိုညီလာခံကိုယ်စားလှယ်ဖြစ်သည်။ |
